Zawgyi
ယောကျာင်္းကသေ သားသမီးမရှိ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဘိုးဘွားရိပ်သာလိုက်ရှာတဲ့ အဘွားရဲ့ စိတ်မကောင်းဖွယ်ဖြစ်ရပ်
အသက်ကြီးလာတဲ့ အခါ ကျောထောက်နောက်ခံ ပြုစုစောင့်ရှောက်မဲ့လူမရှိရင် အရမ်းဒုက္ခရောက်ပါတယ်…
ခုလည်းပဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဘိုးဘွားရိပ်သာ လိုက်ရှာတဲ့ အသက် ၇၄ နှစ်အရွယ်အဘွားတစ်ယောက်ရဲ့ သနားစရာအဖြစ်အပျက်လေးပါ…
“ဖြစ်ချင်ရာဖြစ်ဆိုပြီး ထားဝယ်သရက်ချောင်းက နေထွက်လာပြီး မော်လမြိုင် ကားဂိတ်မှာ ဒုက္ခ ရောက်နေလို့
မြဆည်းဆာ ရိပ်သာမှ ခေါ်ယူစောင့်ရှောက်ထားခဲ့ရတဲ့ အသက်(၇၄)နှစ်အရွယ် (၂၅)ဦးမြောက်အ ဖွား နှလုံးအမောဖောက်၍ တမ်မတော် ကုတင် (၃၀၀)ဆေးရုံသို့တင်ထားရ။
အဖွားကို မော်လမြိုင်ဈေးကြိုကားဂိတ် ထားဝယ်လိုင်းကားပေါ်မှ သွားရောက်ခေါ်ယူ စောင့်ရှောက်ထားရတာ ဖြစ်ပါတယ်။
လင်သေ သားသမီးမရှိ အိမ်ရောင်း ဆွေးမျိုးနီး စပ်တော်သူနားမှာကပ်နေနေသော်လည်း ဒဏ်မခံနိုင်တော့၍ ဖြစ်ချင်ရာဖြစ် ဘိုးဘွား ရိပ်သာတခုခုမှာ လိုက်ရှာနေမယ်ဆိုပြီး
လိုင်းကားနဲ့ လိုက်လာခဲ့တာမော်လမြိုင်မှာ ဒုက္ခလာရောက်နေလို့ သွားရောက်ခေါ်ယူစောင့်ရှောက် ထားရတာပါ။
ထမင်းမစားရတာတောင် (၃)နပ်ရှိပြီးတဲ့။ ခုတော့ နှလုံးအမောဖောက်လို့ စစ်ဆေးရုံတင်ထားပေးရပါတယ်။ အဖွားအမြန် နေကောင်းပါစေ။”
Unicode
ယောကြာင်္းကသေ သားသမီးမရှိ ဖွဈခငျြရာဖွဈဆိုပွီး ဘိုးဘှားရိပျသာလိုကျရှာတဲ့ အဘှားရဲ့ စိတျမကောငျးဖှယျဖွဈရပျ
Crd



