စစ္ကိုင္းတိုင္း မွတ္ပုံတင္ကိုင္သူေတြ တင္းတင္းက်ပ္က်ပ္ စိစစ္ကန္႔သတ္ခံေနရ
■ ငါးမ်ဥ္းေစာင္း(၅/) နဲ႔ စတဲ့ ႏိုင္ငံသားစိစစ္ေရးကတ္ကို ကိုင္ေဆာင္ရတဲ့ စစ္ကိုင္းတိုင္းဟာ စစ္အာဏာသိမ္းမႈကို ရရာလက္နက္ဆြဲကိုင္ပုန္ကန္တဲ့ အျပင္းထန္ဆုံးေဒသ ျဖစ္ပါတယ္။
အခုေနာက္ပိုင္း စစ္ကိုင္းတိုင္းမွတ္ပုံတင္ ကိုင္ထားသူေတြဟာ ျမန္မာႏိုင္ငံအတြင္း သြားလာေနထိုင္မႈနဲ႔ လုပ္ကိုင္စားေသာက္ခြင့္ ကန႔္သတ္ခ်ဳပ္ခ်ယ္ခံရတာေတြနဲ႔ ခြဲျခားဆက္ဆံတာေတြ သိသိသာသာ ႀကဳံေတြ႕လာရတယ္လို႔ ကိုယ္တိုင္ႀကဳံေတြ႕သူေတြက ေျပာပါတယ္။၂၀၂၂ ခုႏွစ္၊ မတ္လကုန္က စစ္ေကာင္စီဟာ ျပည္သူေတြ ခရီးသြားတာ၊ တည္းခိုတာေတြမွာ မွတ္ပုံတင္ (ႏိုင္ငံသား စိစစ္ေရးကတ္) အစစ္ခံရမယ္ဆိုၿပီး ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။
အဲဒီလိုေၾကညာခ်က္ထုတ္ၿပီးေနာက္ပိုင္း စစ္ကိုင္းတိုင္းမွတ္ပုံတင္ ကိုင္ေဆာင္သူေတြဟာ အျခားတိုင္းနဲ႔ ျပည္နယ္က မွတ္ပုံတင္ကိုင္ေဆာင္သူေတြထက္ တင္းတင္းက်ပ္က်ပ္ စစ္ေဆးခံလာရတယ္လို႔ ေျမာင္ၿမိဳ႕နယ္မွာ ေနထိုင္သူတစ္ဦးက ေျပာပါတယ္။
“သြားလာေရးကေတာ့ တစ္ခုခုဆို ဘာမွလုပ္မရဘူး၊ ဆက္သြယ္လို႔လည္းမရဘူး၊ မွတ္ပုံတင္ျပဆိုေတာ့ ျပလိုက္တယ္။ အသြားအလာေတြ၊ အလုပ္အကိုင္ေတြ အဆင္မေျပဘူး၊ လိမ္လို႔လည္း မရဘူးေလ၊ မွတ္ပုံတင္အတိုင္းပဲဆိုေတာ့၊ ၅/ ဆိုေတာ့ ဘယ္သူမွ လက္မခံခ်င္ၾကဘူး၊ တကယ္တမ္းေတာ့ ၅/ ျဖစ္တာ ဂုဏ္ယူရပါတယ္။ ဒါေပမဲ့ ကိုယ္တိုင္အလုပ္ဝင္ရတဲ့အခါနဲ႔ သြားလာေရးေတြမွာ ခက္ခက္ခဲခဲလုပ္ရတယ္”
စစ္ကိုင္းတိုင္းက လာေရာက္အလုပ္လုပ္ကိုင္သူေတြအေပၚ လုပ္ငန္းရွင္ေတြက ခြဲျခားဆက္ဆံၾကတာကိုလည္း စိတ္မေကာင္းျဖစ္ရတယ္လို႔ သူက ေျပာပါတယ္။လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ကုမၸဏီဝန္ထမ္းတစ္ဦးကလည္း သူ႔တို႔အေနနဲ႔ ခရီးသြားလာတဲ့အခါမွာ တျခားသူေတြထက္ ပိုၿပီးစစ္ေဆးခံရတယ္လို႔ ေျပာပါတယ္။
“ခရီးကေတာ့ ပုံမွန္သြားေနတာပဲ၊ မွတ္ပုံတင္စစ္တဲ့ ဂိတ္ေတြရွိတယ္၊ မစစ္တဲ့ ဂိတ္ေတြရွိတယ္။ စစ္တဲ့ဂိတ္ေတြရွိလို႔ ၅/ ဆိုရင္ ကိုယ့္အမူအရာ၊ အေျပာအဆိုေတြကို ၾကည့္တာလည္းရွိမယ္၊ သူမ်ားထက္ေတာ့ ပိုေမးခံရတာေပါ့၊ ကိုယ္ကေတာ့ ႐ိုး႐ိုးသားသားနဲ႔ ကိုယ့္အလုပ္ကိုသြားတာပဲ၊ အၿမဲတမ္း ကိုယ္ကိုင္ထားရတဲ့ မွတ္ပုံတင္က ၅/ ျဖစ္ေနတာေရာ၊ ကိုယ့္ၿမိဳ႕နယ္ကလည္း အေျခအေနေတြရွိေနေတာ့ စိုးရိမ္ရတယ္။ စိုးရိမ္ရတယ္ဆိုတာက ေျဖရွင္းခ်က္ေပးလို႔ရတဲ့ေနရာမ်ိဳး ဒါမွမဟုတ္ ကိုယ့္ဘက္ကပါလာတဲ့ အခ်က္လက္ေတြကို ခ်ျပလို႔ရၿပီး ေအးေအးေဆးေဆး ၿပီးသြားရင္ၿပီးတာေပါ့၊ မၿပီးမွာကို စိတ္ပူတာပါ”
ေဒသတြင္းခရီးသြားလို႔ ဧည့္စာရင္းတိုင္တဲ့အခါ စစ္ကိုင္းတိုင္းကဆိုရင္ ဧည့္စာရင္း လက္မခံဘူးဆိုတာမ်ိဳးအထိ ေျပာဆိုခံရတယ္လို႔လည္း ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရသူေတြက RFA ကို ေျပာပါတယ္။
မႏၲေလးၿမိဳ႕က အမည္မေဖာ္လိုသူ ဟိုတယ္ပိုင္ရွင္တစ္ဦးကေတာ့ သူတို႔ဆီကို စစ္ကိုင္းတိုင္းမွတ္ပုံတင္နဲ႔ ပတ္သက္ၿပီး တင္းတင္းက်ပ္က်ပ္ စစ္ေဆးဖို႔ ၫႊန္ၾကားထားတာမရွိေပမယ့္ လာေရာက္တည္းခိုသူေတြရဲ႕ ဧည့္စာရင္းနဲ႔ ဖုန္းနံပါတ္ေတြကိုေတာ့ တိတိက်က်ယူထားဖို႔ ၫြန္ၾကားထားတယ္လို႔ ေျပာပါတယ္။
“ဘယ္ၿမိဳ႕နယ္၊ ဘယ္တိုင္းေဒသႀကီးကလာရင္ ဘယ္လိုဆိုတာေတာ့ မရွိပါဘူး၊ ဟိုတယ္ေတြကေနၿပီးေတာ့ သူတို႔လုံၿခဳံေရးအတြက္ သူတို႔လုပ္တာလည္း ျဖစ္မွာေပါ့၊ ၿမိဳ႕နယ္အလိုက္၊ တိုင္းအလိုက္ခြဲတာေတာ့ မရွိပါဘူး၊ သူတို႔လိုခ်င္တဲ့သူရွိရင္ ရွာလို႔ရေအာင္ မွတ္ပုံတင္တို႔၊ ဖုန္းနံပါတ္တို႔ကိုေတာ့ ျပည့္စုံမွ လက္ခံဖို႔ေတာ့ ၫႊန္ၾကားခ်က္ ရွိတာေပါ့၊ ေခတ္စနစ္အရ မွတ္ပုံတင္ပါမွ လက္ခံဖို႔နဲ႔ ဧည့္စာရင္းပုံမွန္ပို႔ဖို႔ေတာ့ ေျပာထားတယ္။ ဧည့္စာရင္း ျပည့္ျပည့္၀၀ မပို႔လို႔ စစ္ေဆးေတြ႕ရွိရင္ေတာ့ အေရးယူမွာေပါ့”
အရင္က လာေရာက္တည္းခိုသူေတြ မွတ္ပုံတင္မပါလည္း တျခား အသိအမွတ္ျပဳကတ္ျပားတစ္ခုခုပါရင္ လက္ခံတည္းခိုခြင့္ျပဳလို႔ရေပမယ့္ အခုေတာ့ မွတ္ပုံတင္မပါရင္ လက္မခံရဲဘူးလို႔ ဆိုပါတယ္။
ဒီအျပင္ ျပည္ပထြက္ၿပီး အလုပ္လုပ္ကိုင္ဖို႔ ႀကိဳးစားရာမွာလည္း စစ္ကိုင္းတိုင္းမွတ္ပုံတင္ ကိုင္ေဆာင္သူေတြဟာ တင္းက်ပ္တဲ့စိစစ္မႈအျပင္ ႏိုင္ငံကူးလက္မွတ္ ထုတ္မေပးတာမ်ိဳးေတြအထိ ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
စစ္ကိုင္းတိုင္းမွတ္ပုံတင္ ကိုင္ေဆာင္ထားသူေတြ အခုလို ခရီးသြားလာခြင့္၊ တည္းခိုေနထိုင္ခြင့္နဲ႔ အလုပ္လုပ္ကိုင္ခြင့္ေတြ တင္းတင္းက်ပ္က်ပ္ စိစစ္ခံေနရတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ ပိုၿပီးသိႏိုင္ဖို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကို ဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းရာမွာ သီးျခားကန႔္သတ္ထားတာ မရွိဘူးလို႔ သူက ေျဖဆိုပါတယ္။
“မရွိပါဘူး။ ေနျပည္ေတာ္လို ေနရာမ်ိဳးေတာင္မွပဲ စစ္ကိုင္းတိုင္းထဲကေနၿပီး PDF အၾကမ္းဖက္ေတြရန္ကေန ေရွာင္လာတဲ့လူေတြလည္း ရွိတယ္။ တခ်ိဳ႕ေသာ ေနရာေတြမွာေတာ့ လုံၿခဳံေရးအရ စစ္ေဆးမႈေတြေတာ့ ရွိေကာင္းရွိလိမ့္မယ္။ အဲဒီလိုေဆာင္႐ြက္ေနတာလည္း ဒီမွတ္ပုံတင္ကိုင္ေဆာင္တဲ့သူေတြမွ မဟုတ္ဘူး၊ သူတို႔အေနနဲ႔က လုံၿခဳံေရးအရ စစ္ေဆးသင့္တယ္လို႔ ယူဆတဲ့သူေတြကိုေတာ့ ျပည္သူလူထု လုံၿခဳံေရးအတြက္ပဲ စစ္ေဆးေပးလ်က္ရွိပါတယ္”
စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေနဇင္လတ္က အခုလို ခြဲျခားဆက္ဆံခံရတာဟာ စိတ္ဓာတ္စစ္ဆင္ေရးတစ္မ်ိဳး ျဖစ္တယ္လို႔ မွတ္ခ်က္ျပဳပါတယ္။
“ေတာ္လွန္ေရးအားေကာင္းတဲ့ေဒသမွာ ရွိတဲ့သူေတြကို လုံၿခဳံေရးအရေသာ္လည္းေကာင္း၊ အျခား အလုပ္အကိုင္၊ အခြင့္အလမ္း၊ ႏိုင္ငံျခားထြက္တာေတြမွာ ႏွိပ္ကြပ္လာတယ္ဆိုတာက လူ႔အခြင့္အေရးခ်ိဳးေဖာက္တာေပါ့၊ ဒါကလည္း တစ္ဖက္က ၾကည့္ရင္လည္း စိတ္ဓာတ္စစ္ဆင္ေရးကို စနစ္တက်လုပ္ေနတယ္လို႔ျမင္တာေပါ့။ ၅ / ေတြ အလုပ္မခန႔္တာ၊ တျခားၿမိဳ႕နယ္၊ တိုင္းေတြကို သြားၿပီဆိုရင္ ဟိုတယ္ေတြက လက္မခံတာ၊ ဖြံ႕ၿဖိဳးတဲ့ ရန္ကုန္၊ မႏၲေလးလိုၿမိဳ႕ႀကီးေတြမွာ သြားၿပီး အလုပ္အကိုင္ရွာေဖြရင္ အလုပ္အကိုင္ ခက္ခဲတာကလည္း လုပ္ငန္းရွင္ရဲ႕ ဆႏၵသေဘာထားနဲ႔လည္း သက္ဆိုင္တယ္”
ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္အတြင္းက လက္ဖက္ရည္ဆိုင္တစ္ခုအတြက္ အလုပ္သမားေခၚယူရာမွာ ၅/ ဆို အလုပ္ေလွ်ာက္လို႔မရဘူးလို႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ ေၾကညာခ်က္နဲ႔ ပတ္သက္ၿပီး အေသးစိတ္သိႏိုင္ဖို႔ အလုပ္ေခၚယူတဲ့သူကို RFA က ဖုန္းနဲ႔ ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံမေျဖဆိုပါဘူး။
၂၀၁၄ ခုႏွစ္ လူဦးေရနဲ႔ အိမ္အေၾကာင္းအရာ သန္ေခါင္စာရင္းကိုအေျခခံၿပီး ၂၀၂၀ ျပည့္ႏွစ္ ဧၿပီလ ၁ ရက္က ထုတ္ျပန္တဲ့ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ စစ္ကိုင္းတိုင္းအတြင္း လူဦးေရ ၅,၃၂၅,၃၄၇ ဦး ေနထိုင္ပါတယ္။ source-RFA
စစ်ကိုင်းတိုင်း မှတ်ပုံတင်ကိုင်သူတွေ တင်းတင်းကျပ်ကျပ် စိစစ်ကန့်သတ်ခံနေရ
■ ငါးမျဉ်းစောင်း(၅/) နဲ့ စတဲ့ နိုင်ငံသားစိစစ်ရေးကတ်ကို ကိုင်ဆောင်ရတဲ့ စစ်ကိုင်းတိုင်းဟာ စစ်အာဏာသိမ်းမှုကို ရရာလက်နက်ဆွဲကိုင်ပုန်ကန်တဲ့ အပြင်းထန်ဆုံးဒေသ ဖြစ်ပါတယ်။
အခုနောက်ပိုင်း စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ထားသူတွေဟာ မြန်မာနိုင်ငံအတွင်း သွားလာနေထိုင်မှုနဲ့ လုပ်ကိုင်စားသောက်ခွင့် ကန့်သတ်ချုပ်ချယ်ခံရတာတွေနဲ့ ခွဲခြားဆက်ဆံတာတွေ သိသိသာသာ ကြုံတွေ့လာရတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောပါတယ်။၂၀၂၂ ခုနှစ်၊ မတ်လကုန်က စစ်ကောင်စီဟာ ပြည်သူတွေ ခရီးသွားတာ၊ တည်းခိုတာတွေမှာ မှတ်ပုံတင် (နိုင်ငံသား စိစစ်ရေးကတ်) အစစ်ခံရမယ်ဆိုပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလိုကြေညာချက်ထုတ်ပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ဆောင်သူတွေဟာ အခြားတိုင်းနဲ့ ပြည်နယ်က မှတ်ပုံတင်ကိုင်ဆောင်သူတွေထက် တင်းတင်းကျပ်ကျပ် စစ်ဆေးခံလာရတယ်လို့ မြောင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“သွားလာရေးကတော့ တစ်ခုခုဆို ဘာမှလုပ်မရဘူး၊ ဆက်သွယ်လို့လည်းမရဘူး၊ မှတ်ပုံတင်ပြဆိုတော့ ပြလိုက်တယ်။ အသွားအလာတွေ၊ အလုပ်အကိုင်တွေ အဆင်မပြေဘူး၊ လိမ်လို့လည်း မရဘူးလေ၊ မှတ်ပုံတင်အတိုင်းပဲဆိုတော့၊ ၅/ ဆိုတော့ ဘယ်သူမှ လက်မခံချင်ကြဘူး၊ တကယ်တမ်းတော့ ၅/ ဖြစ်တာ ဂုဏ်ယူရပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်အလုပ်ဝင်ရတဲ့အခါနဲ့ သွားလာရေးတွေမှာ ခက်ခက်ခဲခဲလုပ်ရတယ်”
စစ်ကိုင်းတိုင်းက လာရောက်အလုပ်လုပ်ကိုင်သူတွေအပေါ် လုပ်ငန်းရှင်တွေက ခွဲခြားဆက်ဆံကြတာကိုလည်း စိတ်မကောင်းဖြစ်ရတယ်လို့ သူက ပြောပါတယ်။လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကလည်း သူ့တို့အနေနဲ့ ခရီးသွားလာတဲ့အခါမှာ တခြားသူတွေထက် ပိုပြီးစစ်ဆေးခံရတယ်လို့ ပြောပါတယ်။
“ခရီးကတော့ ပုံမှန်သွားနေတာပဲ၊ မှတ်ပုံတင်စစ်တဲ့ ဂိတ်တွေရှိတယ်၊ မစစ်တဲ့ ဂိတ်တွေရှိတယ်။ စစ်တဲ့ဂိတ်တွေရှိလို့ ၅/ ဆိုရင် ကိုယ့်အမူအရာ၊ အပြောအဆိုတွေကို ကြည့်တာလည်းရှိမယ်၊ သူများထက်တော့ ပိုမေးခံရတာပေါ့၊ ကိုယ်ကတော့ ရိုးရိုးသားသားနဲ့ ကိုယ့်အလုပ်ကိုသွားတာပဲ၊ အမြဲတမ်း ကိုယ်ကိုင်ထားရတဲ့ မှတ်ပုံတင်က ၅/ ဖြစ်နေတာရော၊ ကိုယ့်မြို့နယ်ကလည်း အခြေအနေတွေရှိနေတော့ စိုးရိမ်ရတယ်။ စိုးရိမ်ရတယ်ဆိုတာက ဖြေရှင်းချက်ပေးလို့ရတဲ့နေရာမျိုး ဒါမှမဟုတ် ကိုယ့်ဘက်ကပါလာတဲ့ အချက်လက်တွေကို ချပြလို့ရပြီး အေးအေးဆေးဆေး ပြီးသွားရင်ပြီးတာပေါ့၊ မပြီးမှာကို စိတ်ပူတာပါ”
ဒေသတွင်းခရီးသွားလို့ ဧည့်စာရင်းတိုင်တဲ့အခါ စစ်ကိုင်းတိုင်းကဆိုရင် ဧည့်စာရင်း လက်မခံဘူးဆိုတာမျိုးအထိ ပြောဆိုခံရတယ်လို့လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက RFA ကို ပြောပါတယ်။
မန္တလေးမြို့က အမည်မဖော်လိုသူ ဟိုတယ်ပိုင်ရှင်တစ်ဦးကတော့ သူတို့ဆီကို စစ်ကိုင်းတိုင်းမှတ်ပုံတင်နဲ့ ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးဖို့ ညွှန်ကြားထားတာမရှိပေမယ့် လာရောက်တည်းခိုသူတွေရဲ့ ဧည့်စာရင်းနဲ့ ဖုန်းနံပါတ်တွေကိုတော့ တိတိကျကျယူထားဖို့ ညွန်ကြားထားတယ်လို့ ပြောပါတယ်။
“ဘယ်မြို့နယ်၊ ဘယ်တိုင်းဒေသကြီးကလာရင် ဘယ်လိုဆိုတာတော့ မရှိပါဘူး၊ ဟိုတယ်တွေကနေပြီးတော့ သူတို့လုံခြုံရေးအတွက် သူတို့လုပ်တာလည်း ဖြစ်မှာပေါ့၊ မြို့နယ်အလိုက်၊ တိုင်းအလိုက်ခွဲတာတော့ မရှိပါဘူး၊ သူတို့လိုချင်တဲ့သူရှိရင် ရှာလို့ရအောင် မှတ်ပုံတင်တို့၊ ဖုန်းနံပါတ်တို့ကိုတော့ ပြည့်စုံမှ လက်ခံဖို့တော့ ညွှန်ကြားချက် ရှိတာပေါ့၊ ခေတ်စနစ်အရ မှတ်ပုံတင်ပါမှ လက်ခံဖို့နဲ့ ဧည့်စာရင်းပုံမှန်ပို့ဖို့တော့ ပြောထားတယ်။ ဧည့်စာရင်း ပြည့်ပြည့်၀၀ မပို့လို့ စစ်ဆေးတွေ့ရှိရင်တော့ အရေးယူမှာပေါ့”
အရင်က လာရောက်တည်းခိုသူတွေ မှတ်ပုံတင်မပါလည်း တခြား အသိအမှတ်ပြုကတ်ပြားတစ်ခုခုပါရင် လက်ခံတည်းခိုခွင့်ပြုလို့ရပေမယ့် အခုတော့ မှတ်ပုံတင်မပါရင် လက်မခံရဲဘူးလို့ ဆိုပါတယ်။
ဒီအပြင် ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်ဖို့ ကြိုးစားရာမှာလည်း စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ဆောင်သူတွေဟာ တင်းကျပ်တဲ့စိစစ်မှုအပြင် နိုင်ငံကူးလက်မှတ် ထုတ်မပေးတာမျိုးတွေအထိ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ အခုလို ခရီးသွားလာခွင့်၊ တည်းခိုနေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်တွေ တင်းတင်းကျပ်ကျပ် စိစစ်ခံနေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပိုပြီးသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ သီးခြားကန့်သတ်ထားတာ မရှိဘူးလို့ သူက ဖြေဆိုပါတယ်။
“မရှိပါဘူး။ နေပြည်တော်လို နေရာမျိုးတောင်မှပဲ စစ်ကိုင်းတိုင်းထဲကနေပြီး PDF အကြမ်းဖက်တွေရန်ကနေ ရှောင်လာတဲ့လူတွေလည်း ရှိတယ်။ တချို့သော နေရာတွေမှာတော့ လုံခြုံရေးအရ စစ်ဆေးမှုတွေတော့ ရှိကောင်းရှိလိမ့်မယ်။ အဲဒီလိုဆောင်ရွက်နေတာလည်း ဒီမှတ်ပုံတင်ကိုင်ဆောင်တဲ့သူတွေမှ မဟုတ်ဘူး၊ သူတို့အနေနဲ့က လုံခြုံရေးအရ စစ်ဆေးသင့်တယ်လို့ ယူဆတဲ့သူတွေကိုတော့ ပြည်သူလူထု လုံခြုံရေးအတွက်ပဲ စစ်ဆေးပေးလျက်ရှိပါတယ်”
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေဇင်လတ်က အခုလို ခွဲခြားဆက်ဆံခံရတာဟာ စိတ်ဓာတ်စစ်ဆင်ရေးတစ်မျိုး ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။
“တော်လှန်ရေးအားကောင်းတဲ့ဒေသမှာ ရှိတဲ့သူတွေကို လုံခြုံရေးအရသော်လည်းကောင်း၊ အခြား အလုပ်အကိုင်၊ အခွင့်အလမ်း၊ နိုင်ငံခြားထွက်တာတွေမှာ နှိပ်ကွပ်လာတယ်ဆိုတာက လူ့အခွင့်အရေးချိုးဖောက်တာပေါ့၊ ဒါကလည်း တစ်ဖက်က ကြည့်ရင်လည်း စိတ်ဓာတ်စစ်ဆင်ရေးကို စနစ်တကျလုပ်နေတယ်လို့မြင်တာပေါ့။ ၅ / တွေ အလုပ်မခန့်တာ၊ တခြားမြို့နယ်၊ တိုင်းတွေကို သွားပြီဆိုရင် ဟိုတယ်တွေက လက်မခံတာ၊ ဖွံ့ဖြိုးတဲ့ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ သွားပြီး အလုပ်အကိုင်ရှာဖွေရင် အလုပ်အကိုင် ခက်ခဲတာကလည်း လုပ်ငန်းရှင်ရဲ့ ဆန္ဒသဘောထားနဲ့လည်း သက်ဆိုင်တယ်”
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်းက လက်ဖက်ရည်ဆိုင်တစ်ခုအတွက် အလုပ်သမားခေါ်ယူရာမှာ ၅/ ဆို အလုပ်လျှောက်လို့မရဘူးလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်နဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ အလုပ်ခေါ်ယူတဲ့သူကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။
၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်ခေါင်စာရင်းကိုအခြေခံပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်က ထုတ်ပြန်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်း လူဦးရေ ၅,၃၂၅,၃၄၇ ဦး နေထိုင်ပါတယ်။ source-RFA