ၾကားသိရသမွ်

ဘဝမှာ ကံ​ကောင်းဖို့အစပဲရှိ​သေးတယ်မနက်မိုးလင်း​တော့ အ​မေဖြစ်သူကို ဆုံး​ရှုံးလိုက်ရတယ်….

ဘဝမှာ ကံ​ကောင်းဖို့အစပဲရှိ​သေးတယ်မနက်မိုးလင်း​တော့ အ​မေဖြစ်သူကို ဆုံး​ရှုံးလိုက်ရတယ်

သူ့သမီး​လေး နာ​မည်ကြီးတာကိုမြင်လိုက်သလား ၊ ကြားလိုက်သလား ​သေချာမသိ​ပေမယ့်သေမယ့်ရက်ကို တစ်ပတ်​လောက် ​နောက်ဆုတ်​ပေးခဲ့ရင်သိပ်​ကောင်းမှာပဲလို့ ​တွေးမိ​နေတုန်းပဲ။

သရက်​ကင်​ရောင်းတာကိုစက်ဘီး​လေးနဲ့​ရောင်းပါလားဆို​တော့ ​မှောက်ကျမှာ​ပေါ့တဲ့တွန်းလှည်း​လေးနဲ့ကျပြန်​တော့လည်း လက်​ညောင်းမှာ​ပေါ့တဲ့ခေါင်း​ပေါ်ရွက်ပြီးပဲ ​ရောင်းမှာတဲ့​လေ

အဲဒီ interview ​လေးကြည့်ပြီးကိုယ်​တောင် ပြုံးစိစိနဲ့ ရယ်လိုက်မိ​သေးတယ်။

ဘယ်​လောက် ရိုးသားတဲ့ အပြုအမူ​လေးလဲ။ငယ်ငယ်တုန်းက သင်ခဲ့ဖူးတဲ့ မူလတန်းဖတ်စာအုပ်ထဲကသစ်ခုတ်သမားကို ​ရေနတ်သားက ​​ရွှေ​ပေါက်စိန်၊ ​ငွေ​ပေါက်စိန်​တွေနဲ့ ​စမ်းသပ်တဲ့ ဝတ္ထု​လေး​တောင်သတိရသွားတယ်။

လောဘမရှိ ​ဒေါသမရှိနဲ့ ရိုးသားစွာသရက်ကင် ထမ်း​ရောင်း​နေသူ။

မိသားစုအများကြီးအ​ပေါ် အစ်မကြီးအမိအရာဆိုတဲ့အတိုင်း ရိုးသားစွာ ရှာ​​​ကျွေး​နေသူ။

အရွယ်နဲ့မမျှ​အောင် လောကဓံတရားကို အံတုရင်းခက်ခဲစွာ အသက်ရှင်​နေရသူ။

မျှော်လင့်မိပါတယ်။ဒီသမီး​လေးကိုလည်း “​ဂွေးတို” တို့လိုSupporting လုပ်​ပေးမယ့် လူ​တွေနဲ့ အမြန်ဆုံး​တွေ့ပါ​စေလို့။

ဘယ်​လောက်ရုံးကန်ခဲ့ရပြီးပြီလည်းဆိုတာထက်နောက်ထပ်ဘယ်​လောက်ထိ ရုန်းကန်ရအုံးမလဲဆိုတာကိုတွေးရင်း ရင်​တွေလည်း ​လေးလှ​ပေါ့။

နောက်ထပ် ဘဝကို ခက်ခဲစွာရုန်းကန်​နေရတဲ့ အရွယ်မ​ရောက်​သေးတဲ့ ဘဝ​တွေ မြန်မာနိုင်ငံမှာ ​ထောင်​သောင်းမက ရှိအုံးမှာပါ။

အ​မေဆုံးတုန်းက ​မောင်​လေးကို တစ်ဖက်ကချီပြီးရေ​ဝေးလိုက်ပို့တဲ့မြင်ကွင်းဆို မျက်စိထဲက​တောင်မထွက်ဘူး။

မြေ​တောင်​မြှောက်​ပေးမယ့်သူ​တွေနဲ့အမြန်ဆုံး​တွေ့ပါ​စေလို့ဆု​တောင်းလိုက်ပါတယ် သမီး​လေး​ရေ။

(ပုံကတော့ သူ့အ​မေအသုဘတုန်းက ငို​နေတဲ့ပုံ​လေးကို digital artist တစ်​ယောက်က ဆွဲထားတာပါ)

Artist – စွန်းဝူခုန်းအား ​လေးစားစွာ credit ​ပေးပါသည်။

unicode














