ျပည္သူမ်ား သက္သာေသာေဈးႏႈန္းျဖင့္ ဝယ္ယူရရွိႏိုင္ရန္ရည္႐ြယ္၍ ဒီဇယ္ဆီမ်ားကို အထူးေဈးႏႈန္းျဖင့္ ေရာင္းခ်ေပးမည့္ စက္သုံးဆီအေရာင္းဆိုင္ (၁၃၈) ဆိုင္စာရင္းထုတ္ျပန္

ျပည္သူမ်ား သက္သာေသာေဈးႏႈန္းျဖင့္ ဝယ္ယူရရွိႏိုင္ရန္ရည္႐ြယ္၍ ဒီဇယ္ဆီဂါလံ ၁၂ ဒသမ ၅၄ သန္းခန႔္တင္သြင္းခဲ့ၿပီး အထူးေဈးႏႈန္းျဖင့္ မတ္လ ၅ ရက္ (ယေန႔) မွစ၍ ကုမၸဏီ ၁၀ ခုကတိုင္းေဒသႀကီး/ျပည္နယ္မ်ားရွိ စက္သုံးဆီအေရာင္းဆိုင္ ၁၃၈ ဆိုင္တြင္ျဖန႔္ျဖဴးေရာင္းခ်ေပးသြားမွာျဖစ္ေၾကာင္း
သိရပါတယ္။ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနႏွင့္ ျမန္မာႏိုင္ငံစက္သုံးဆီတင္သြင္းျဖန႔္ျဖဴးေရာင္းခ်ေရးအသင္းတို႔ ပူးေပါင္းစီစဥ္မႈျဖင့္ ဗဟိုဘဏ္မွရည္ၫႊန္းေငြလဲႏႈန္းျဖင့္တိုက္႐ိုက္ေရာင္းခ်ေပးသည့္ႏိုင္ငံျခားေငြအေမရိကန္ေဒၚလာ ၃၄ သန္းျဖင့္ ကုမၸဏီ ၂၆ ခုက
စက္သုံးဆီမွာယူတင္သြင္းခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ ဒီကေန႔ မတ္လ ၅ ရက္ ရန္ကုန္ၿမိဳ႕ရဲ႕ စက္သုံးဆီေပါက္ေဈးေတြကေတာ့ ၉၂ ေအာက္တိန္း တစ္လီတာကို ၁၉၃၀ က်ပ္၊ ၉၅ ေအာက္တိန္း တစ္လီတာကို ၁၉၉၅ က်ပ္၊ ႐ိုး႐ိုးဒီဇယ္ တစ္လီတာကို ၂၀၂၅ က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီတာကို ၂၀၃၅ က်ပ္ ဝန္းက်င္အသီးသီးရွိေနပါတယ္။ ျပည္သူမ်ားအေနျဖင့္အထူးေဈးႏႈန္းျဖင့္ေရာင္းခ်ေပးမည့္

စက္သုံးဆီအေရာင္းဆိုင္မ်ားတြင္ ဒီဇယ္ဆီမ်ားကိုျမန္မာေရနံႏွင့္ေရနံထြက္ပစၥည္း ႀကီးၾကပ္စစ္ေဆးေရးဦးစီးဌာနမွထုတ္ျပန္ထားေသာရည္ၫႊန္းေဈးႏႈန္းအတိုင္းဝယ္ယူရရွိႏိုင္မွာျဖစ္တယ္လို႔ ဆိုပါတယ္။
crd-
ယူနီကုတ္
ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဒီဇယ်ဆီများကို အထူးဈေးနှုန်းဖြင့် ရောင်းချပေးမည့် စက်သုံးဆီအရောင်းဆိုင် (၁၃၈) ဆိုင်စာရင်းထုတ်ပြန်
ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဒီဇယ်ဆီဂါလံ ၁၂ ဒသမ ၅၄ သန်းခန့်တင်သွင်းခဲ့ပြီး အထူးဈေးနှုန်းဖြင့် မတ်လ ၅ ရက် (ယနေ့) မှစ၍ ကုမ္ပဏီ ၁၀ ခုကတိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် ၁၃၈ ဆိုင်တွင်ဖြန့်ဖြူးရောင်းချပေးသွားမှာဖြစ်ကြောင်း
သိရပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့်တိုက်ရိုက်ရောင်းချပေးသည့်နိုင်ငံခြားငွေအမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် ကုမ္ပဏီ ၂၆ ခုက
စက်သုံးဆီမှာယူတင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဒီကနေ့ မတ်လ ၅ ရက် ရန်ကုန်မြို့ရဲ့ စက်သုံးဆီပေါက်ဈေးတွေကတော့ ၉၂ အောက်တိန်း တစ်လီတာကို ၁၉၃၀ ကျပ်၊ ၉၅ အောက်တိန်း တစ်လီတာကို ၁၉၉၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာကို ၂၀၂၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကို ၂၀၃၅ ကျပ် ဝန်းကျင်အသီးသီးရှိနေပါတယ်။ ပြည်သူများအနေဖြင့်အထူးဈေးနှုန်းဖြင့်ရောင်းချပေးမည့်
စက်သုံးဆီအရောင်းဆိုင်များတွင် ဒီဇယ်ဆီများကိုမြန်မာရေနံနှင့်ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှထုတ်ပြန်ထားသောရည်ညွှန်းဈေးနှုန်းအတိုင်းဝယ်ယူရရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
crd-



