သရုပ်ဆောင် ဘေဘီမောင်ကတော့ သူမသိပ်ချစ်ရတဲ့ချစ်သူလေး သားဂန်းနဲ့ လက်ထပ်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။ သားဂန်းနဲ့ ဘေဘီမောင်က တစ်ယောက်နဲ့တစ်ယောက် အသက်အရွယ်ကွာခြားမှုရှိပေမယ့် နားလည်မှုအပြည့်နဲ့ မေတ္တာတရားတွေလွှမ်းခြုံပြီး ရှေ့ဆက်နေကြတာပဲဖြစ်ပါတယ်။ စိတ်တူကိုယ်တူရှိသလို အလှူရေစက် လက်နဲ့မကွာလှူဒါန်းတဲ့ ဘေဘီမောင်တို့ဇနီးမောင်နှံက
ဒီတစ်ခေါက်မှာလည်း မွေးရပ်မြေက ရှင်အပါင်း (၁၀၀၀) အတွက် ထမင်းရည်ချောင်းစီးမောင်းတီးပြီး အလှူပြုလုပ်ပေးခဲ့ကြောင်း အခုလိုပဲပြောလာပါတယ်။ “နွားဦးတိုက် ဆရာတော်ဘုရားကြီးရဲ့ မုတ်ဆိတ်ကွင်းကျေးရွာ၊ မွေးရပ်မြေမြတ် ကျေးဇူးဆပ် ရှင်အပါး ၁၀၀၀ အလှူတော် မဂ်လာကြီးရဲ့ ထမင်းရည်ချောင်းစီးမောင်းတီး ၉ ပေအမြင့် မောင်းကြီးတီးလှူတဲ့ အလှူကြီးနှင့်
ဘုရား စိန်ဖူးတော်တင် …ပီတိဖြစ် ဝမ်းမြှောက်ရပါတယ် ဘုန်းဘုန်းဘုရား🙏 မုတ်ဆိတ်ကွင်းကျေးရွာ ကိုသားဂန်းမွေးနေ့အမှတ်တရအဖြစ်နဲ့ စိန်လက်စွပ်တစ်ကွင်းဌာပနာထည့်သွင်းခွင့်ရတဲ့အတွက်ဝမ်းသာပီတိဖြစ်ရပါတယ်ဘုရား🙏🏻🙏🏻🙏🏻🌹ဆရာတော်ဘုရားလည်းကျန်းမာသက်ရှည်ပါစေဘုရား🙏🏻🙏🏻🙏🏻🌹” ဆိုပြီး ဘေဘီမောင်က သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
ဘေဘီမောင်နဲ့ သားဂန်းကတော့ မုတ်ဆိတ်ကွင်းကျေးရွာက မွေးရပ်မြေက ရှင်အပါင်း (၁၀၀၀) အတွက် ထမင်းရည်ချောင်းစီးမောင်းတီးပြီး အလှူပြုလုပ်ပေးခဲ့သလို သားဂန်းရဲ့ မွေးနေ့အမှတ်တရအဖြစ်လည်း စိန်လက်စွပ်တစ်ကွင်းဌာပနာထည့်သွင်းခွင့်ရခဲ့ကြောင်း ပီတိဖြစ်စွာပြောလာတာပဲဖြစ်ပါတယ်။
Zawgyi version

Credit to original