ပရိသတ်ကြီးရေ သဇင်ထူးမြင့်ကတော့ ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော် ခင်လှိုင်ရဲ့ သမီးချော လေး ပဲ ဖြစ်ပါတယ်။ သဇင်ထူးမြင့်ကိုယ်တိုင်ကလည်း ဖခင်ကြီးရဲ့ အနုပညာအမွေကိုဆက်ခံနေတဲ့မျိုးဆက်သစ်အနုပညာရှင်တစ် ယောက်ဖြစ်ပြီး ပရိသတ်အားပေးချစ်ခင်မှုကို ရရှိနေတဲ့ ပရိသတ်အချစ်တော်တစ်ယောက်လည်းဖြစ်နေခဲ့ပါတယ်။
ဒီနေ့ ဒီဇင်ဘာလ (၃၁)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သဇင်ထူးမြင့်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ် ပါတယ်။ ဒီနေ့မွေးနေ့ရက်လေးမှာတော့ ပရိသတ်တွေရဲ့အချစ်တော် “သဲ” က အသက် (၂၁)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။
သဲရဲ့မွေးနေ့လေးအတွက်ကိုတော့ အမလိုချစ်ခင်ရတဲ့ နွေးနွေးချစ်ဖွယ်က သဲငယ်စဉ်ကပုံလေးနဲ့အတူ “Happy Birthday ချစ်ညီမလေး Thazin Htoo Myint မျက်စိရှေ့ ကနေ့ တဖြေးဖြေး ကြီးလာလိုက်တာ ထက်မြက်တဲ့ လိမ်မာတဲ့ မိဘအပေါ် သိတက်တဲ့ မိသားစုကို ဦးဆောင်နိုင်တဲ့ သမီးလိမ္မာလေး အဖြစ်မြင်လာခဲ့ရပြီ။
ဒီအဖေ ဒီအမေ ဒီအဒေါ် ဒီမောင်နှမတွေနဲ့ တသက်လုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာ ပြီးလိုတရ ဘဝလေးနဲ့ ပျော်ရွှင်အေးချမ်းစွာနေထိုင်သွား နိုင်ပါစေ” လို့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေလည်း သဲရဲ့မွေးနေ့လေးအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။