ၾကားသိရသမွ်
တော်လှန်ရေးတကယ် အောင်မြင် ချင်ရင် လုပ်သင့်တဲ့ အရာတွေကို ပြောပြလာတဲ့ ဦးကျော်သက်လင်း
မဂ်လာပါ ပရိတ်သတ်ကြီးရေ
တော်လှန်ရေးတကယ် အောင်မြင် ချင်ရင် လုပ်သင့်တဲ့ အရာတွေကို ပြောပြလာတဲ့ ဦးကျော်သက်လင်း
“၂မိနစ်စာ————-တ ကယ် က ကျနော်စာတွေအများကြီးမရေးချင်တော့ပါ။ရေးသင့်တယ်လို့ယူဆမိတာမို့ရေးရတာပါ။အခုလိုကာလတွေမှာ အင်အားနည်းတဲ့ကျနော်တို့အားလုံးအတွက် အကူအညီတွေလိုပါတယ်။
မိမိအတွက်ဖြစ်စေ မိမိနဲ့alliance ဖြစ်တဲ့အဖွဲ့အစည်းအတွက်ဖြစ်စေ အကူအညီလိုအပ်နေတဲ့သူတွေအတွက် ကူညီပေးဖို့ မဖြစ်မနေလိုအပ်နေကြတာဖြစ်ပါတယ်။
ဒီလို ကာ လ ဒီလို အခြေ အနေ မှာ စီးပွားရေးလည်းလုပ်လို့မရ ငွေကြေးနဲ့ပိုင်ဆိုင်မှုတွေလည်းဘာမှမရှိတော့တဲ့အခါအန္တရာယ်များစွာထဲက ရအောင်ကူညီချင်တဲ့သူတွေအနေနဲ့ နည်းလမ်းမျိုးစုံသုံးပြီးကြိုးစားကြမှာဖြစ်ပါတယ်။
ဒါကိုအပြစ်ရှာထောက်ပြကာလမ်းလွဲနေကြတာမြင်တော့ စိတ်မကောင်းပါဘူး။ပြောချင်တာက ဆွဲမချပါနဲ့ ဖေးကူပေးပါ။တွန်းတင်ပေးပါ။တွဲကူပေးပါ။နာမည်လေးကြီးလာတာနဲ့ ရှေ့ကိုမတိုက်ပဲ အချင်းချင်းပြန်ချနေ ဆော်နေကြတဲ့postတွေ တွေ့နေရတာများလာလို့ပါ။
နာမည်ကြီးတဲ့သူတွေကလည်း နည်းနည်းလေးဝေဖန်ခံရတာနဲ့ ကက်ကက်လန်ပြန်ရန်တွေ့တဲ့ဉာဏ်နည်းတဲ့လုပ်ရပ်တွေရှောင်ပေးပါ။ရှေ့ဆက်ကြပါ။ပြည်သူတွေက လေးစားပြီးသား ချစ်ပြီးသားပါ။
အများအကျိုး ရွက်သယ်ပိုးကခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင်လော့ ဆိုတဲ့ဆရာတော်ကြီးဆိုမိန့်တဲ့အတိုင်း ခရီးဆက်ပါ။
အားနည်းနေ ဒေါသထွက်နေ မွန်းကြပ်နေ ဝမ်းနည်းနေ လွမ်းဆွတ်နေ ဒုက္ခရောက်နေသူအချင်းချင်းရှက်စရာကောင်းအောင် ရန်ဖြစ်မနေကြပဲ ပန်းတိုင်ဆီခရီးဆက်ကြပါ။
နိုင်လောက်သူအချင်းချင်းသတ္တိကောင်းပြနေကြတာထက် မတရားမှုတွေကိုအတူတွန်းလှန်ဖို့ မြင့်မားတဲ့စိတ် မြင့်မြတ်တဲ့နှလုံးသားတွေနဲ့ပူးပေါင်းကြပါ။NUG တို့ PDFတို့ဆိုတာ ဘာအတွေ့အကြုံမှ မရှိဘူး လိုအပ်ချက်တွေအများကြီးပဲ
ကွက်ပြည့်မနင်းနိုင်ဘူးဘာညာပြောတာတွေ ဝေဖန်တာတွေ ကျနော်အားလုံးလက်ခံပါတယ်။လက်မခံတာက အဲလို လိုအပ်ချက်တွေအများကြီးနဲ့အဖွဲ့အစည်း အန္တရာယ် တွေဒင်းကြမ်းပြည့်နေတဲ့သူတွေကို လွယ်လွယ်လေး စာတွေနဲ့ရေးပြီး ဝေဖန်နေတာကိုပါ။
လုပ်တတ်ရင် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ကြပေါ့ဗျာ။Platform တစ်ခုရနေတဲ့အဖွဲ့နဲ့ပူးပေါင်းပြီး တူနေတဲ့ပန်းတိုင်ကိုချီတက်ကြရင်မြန်မြန်ရောက်မှာသေချာရဲ့သားနဲ့ ငါနေရာရမှဆိုရင်လည်း ဆက်ကွဲကြပေါ့ဗျာ။
ကျနော်တို့လည်း သားတကွဲ မယားတကွဲ မိတကွဲ ဖတကွဲ တောထဲသေရုံပါပဲပေါ့။သိပ်တော့မထူးပါဘူး။အဆုံးထိလျှောက်မယ့်သူတွေကတော့ ဘယ်သူမှ လက်ခုပ်မတီးလည်း ဆက်လျှောက် နေ ကြမှာပါပဲ” ဆိုပြီး အားလုံး သိသင့်တဲ့ အရာလေးတွေကို ထောက်ပြ ပြောထားတာပဲ ဖြသ်ပါတယ်နော်။ဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ သူတိုင်း ကျန်းမာချမ်းသာသောနေ့ရက်များပိုင်ဆိုင်ကြပါစေ။crd