အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
ညီမဝမ္းကြဲ ဂ်ပန္လာဖို႔ လုပ္တယ္ဆိုေတာ့ ကိုယ္လည္း ေမးၾကည့္တာေပါ့ ဘာနဲ႔လည္းေပါ့.. သူက ခိုင္းေဂါ့ (သက္ႀကီး႐ြယ္အို ေစာင့္ေရွာက္ေရးအလုပ္) ဆိုေတာ့
ကိုယ္ကလည္း အင္း ေပါ့.. အဲ့အလုပ္အေၾကာင္းသိလားဆိုေတာ့ သိတယ္တဲ့.. ဂ်ပန္မွာ လစာအမ်ားဆုံးအလုပ္ဆိုၿပီး သူကေျပာေတာ့ ကိုယ္က အဲ့မွာစၿပီး ဟယ္ ၿပီ …
တျခား ဘာသိေသးလဲေမးေတာ့ အဘိုးႀကီး အဘြားႀကီးေတြရဲ႕ အေလးအေပါ့လည္း လုပ္စရာမလိုဘူးတဲ့..
အဲ့မွာ ဒဘလယ္ ဟယ္ ၿပီ.. ဘယ္သူေျပာလည္းဆိုေတာ့ ခုစာသင္ေပးေနတဲ့ သူ႔ဆရာမတဲ့..
ဒါနဲ႔ နင့္ဆရာမက ဂ်ပန္လာဘူးလားဆိုေတာ့.. လာဖူးတယ္တဲ့. .ဘာလို႔အဲ့လိုေမးရလဲဆိုေတာ့ တခ်ိဳ႕ဂ်ပန္မေရာက္ဖူးဘဲ ဂ်င္းၾကတာမ်ားလို႔ပါ..
အဲ့ေတာ့ နင့္ဆရာမ ခိုင္းေဂါ့ (သက္ႀကီး႐ြယ္အို ေစာင့္ေရွာက္ေရးအလုပ္) အလုပ္ လုပ္ဖူးလားဆိုေတာ့ မလုပ္ဖူးဘူးတဲ့.. စေကာ္လာနဲ႔ဘဲ ေက်ာင္းတက္သြားတာတဲ့..
အံ့ဩပါ့ ကေမာၻဇ အေမးဇင္းဟယ္ ပါေနာ္.. ခိုင္းေဂါ့မေျပာနဲ႔ ဘိုင္တိုေတာင္မလုပ္ဖူးဘဲနဲ႔ ဂ်င္းခ်က္ႀကီးက..
အဲ့ဆရာမကို ခိုင္းေဂါ့လုပ္ဖို႔ အရင္လာခိုင္းလိုက္လို႔ေျပာၿပီး အဲ့ေအဂ်င္စီကေန ထြက္ခိုင္းလိုက္တယ္..
အဲ့ေအဂ်င္စီက ႀကီးၿပီး လာတက္ေနတဲ့သူေတြလည္းအမ်ားႀကီးတဲ့.. ေခတ္ပ်က္ႀကီးကို အေၾကာင္းျပဳၿပီး ဂ်င္းထည့္ၾကပုံမ်ား..
ခိုင္းေဂါ့ဆိုတာ ေသြးသားမေတာ္စပ္တဲ့အသက္ႀကီး႐ြယ္အိုေတြကို စိတ္ေရာကိုယ္ပါႏွစ္ၿပီး ျပဳစုေစာင့္ေရွာက္ရတာ ..
မွားမွားမွန္မွန္ ေအာ္ေဟာက္ေသာင္းက်န္းတာေတြကို ၿပဳံးၿပီးစိတ္ရွည္ရွည္နဲ႔ သည္းခံရတာပါေနာ္.. အိမ္က အေမတစ္ခြန္းဆို ၁၀ ခြန္းေလာက္ ျပန္ခံပက္ေျပာေသာမမမ်ား မွတ္ၾကပါကုန္..
အေလးအေပါ့က အေလးမသြားႏိုင္ရင္ အထဲထိႏႈိက္ထုတ္ရပါတယ္ေနာ္.. တစ္ကိုယ္လုံးသန္႔ရွင္းေရးေတြ အလွည့္ၾကလုပ္ရပါတယ္..
Day shift နဲ႔ Night shift ရွိၿပီး Night shift ဝင္ရင္ပိုက္ဆံပိုရပါတယ္.. မလုပ္တတ္ေသးခင္ Night shift မေပးပါဘူးေနာ္..
ဒါေၾကာင့္ လစာအမ်ားဆုံးဆိုတာရဲ႕ ေျပာင္းျပန္ပါေနာ္.. ၿပီးေတာ့ မမတို႔ လစာနည္းနည္းေလးရမွာကို မမတို႔ကိုပို႔မယ့္ေအးဂ်င့္က ဘယ္ႏွစ္လထိ
ဟိုဟာဒီဟာနဲ႔ ဂ်ပန္ဘက္နဲ႔ေပါင္းၿပီး ျဖတ္အုံးမွာပါေနာ္.. အမွန္ကို အမွန္တိုင္းေျပာၾကပါ ဝန္ခံၾကပါ.. အနာဂတ္ေပ်ာက္ေနတဲ့ကေလးေတြကို ၂ ႀကိမ္ မ thet ၾကပါနဲ႔..
တခါ အိမ္သာေတာင္ မေဆးရတဲ့ ႐ုံးသန္႔ရွင္းေရး လုပ္တုန္းက ျမန္မာေကာင္မေလးတေယာက္နဲ႔ဆုံတယ္ ေခ်ာေခ်ာေလး မိဘကလည္း ခ်မ္းသာတယ္.. ေက်ာင္းလခပို႔ေပးႏိုင္တယ္အိမ္က..
သူ႔ဟာသူ အိမ္လခရယ္ သူသုံးဖို႔ဘဲရွာရတာသူက.. ျမန္မာျပည္မွာ မင္းသမီးလိုေနခဲ့တဲ့ ကေလးမေလး ဂ်ပန္ေရာက္ၿပီးမၾကာဘူး
ဖိအားမ်ားတဲ့ ဒဏ္မခံႏိုင္လို႔ သြက္သြက္ခါ႐ူးၿပီး အဝတ္စားအကုန္ခြၽတ္ ကားလမ္းမေပၚေျပးလို႔ မနည္းလိုက္ဖမ္းၿပီး ျမန္မာျပည္ျပန္ပို႔လိုက္ရတယ္..
ေျပာျပခ်င္တာက ဘယ္အလုပ္မဆို ဖိအားရွိပါတယ္.. မင္းသမီးလိုေနရတဲ့အလုပ္တခုမွ မရွိပါဘူး.. ရတဲ့ပိုက္ဆံထက္ပိုတဲ့ ဖိအားေတြအမ်ားႀကီးပါဘဲ..
ခိုင္းေဂါ့ ဘာလို႔နာမည္ႀကီးလည္းဆိုေတာ့ ဗီဇာရလြယ္လို႔ပါ.. အာမခံခ်က္လည္းရွိပါတယ္.. ဘာလို႔လည္းဆိုေတာ့ ဂ်ပန္မွာ လုပ္မယ့္သူ မရွိလို႔ပါ.. သူတို႔လူမ်ိဴးအခ်င္းခ်င္းေတာင္ သည္းမခံႏိုင္လို႔ အငွါးေခၚခိုင္းရတဲ့သေဘာပါ..
အဲ့အလုပ္က ဗီဇာကေတာ့ ရွယ္ခိုင္ပါတယ္ လုပ္မယ့္သူရွားလို႔.. ခိုင္းေဂါ့မွာေတာင္ အဆင့္အမ်ိဴးမ်ိဴးျပန္ခြဲထားၿပီး သက္ႀကီး႐ြယ္အိုေတြလည္း
လႈပ္ရွားႏိုင္တဲ့သူလား မလႈပ္ရွားႏိုင္တဲ့သူလား ေန႔ထိန္းလား ေန႔ေရာညေရာလား စတဲ့ level အမ်ိဴးမ်ိဴးရွိပါတယ္.. ေခတ္ပ်က္ႀကီးမွာ ဂ်င္းဒဏ္ကင္းေဝးၾကပါေစေနာ္.. (Calli Dora)
Credit
Unicode
ညီမဝမ်းကွဲ ဂျပန်လာဖို့ လုပ်တယ်ဆိုတော့ ကိုယ်လည်း မေးကြည့်တာပေါ့ ဘာနဲ့လည်းပေါ့.. သူက ခိုင်းဂေါ့ (သက်ကြီးရွယ်အို စောင့်ရှောက်ရေးအလုပ်) ဆိုတော့
ကိုယ်ကလည်း အင်း ပေါ့.. အဲ့အလုပ်အကြောင်းသိလားဆိုတော့ သိတယ်တဲ့.. ဂျပန်မှာ လစာအများဆုံးအလုပ်ဆိုပြီး သူကပြောတော့ ကိုယ်က အဲ့မှာစပြီး ဟယ် ပြီ …
တခြား ဘာသိသေးလဲမေးတော့ အဘိုးကြီး အဘွားကြီးတွေရဲ့ အလေးအပေါ့လည်း လုပ်စရာမလိုဘူးတဲ့..
အဲ့မှာ ဒဘလယ် ဟယ် ပြီ.. ဘယ်သူပြောလည်းဆိုတော့ ခုစာသင်ပေးနေတဲ့ သူ့ဆရာမတဲ့..
ဒါနဲ့ နင့်ဆရာမက ဂျပန်လာဘူးလားဆိုတော့.. လာဖူးတယ်တဲ့. .ဘာလို့အဲ့လိုမေးရလဲဆိုတော့ တချို့ဂျပန်မရောက်ဖူးဘဲ ဂျင်းကြတာများလို့ပါ..
အဲ့တော့ နင့်ဆရာမ ခိုင်းဂေါ့ (သက်ကြီးရွယ်အို စောင့်ရှောက်ရေးအလုပ်) အလုပ် လုပ်ဖူးလားဆိုတော့ မလုပ်ဖူးဘူးတဲ့.. စကော်လာနဲ့ဘဲ ကျောင်းတက်သွားတာတဲ့..
အံ့ဩပါ့ ကမ္ဘောဇ အမေးဇင်းဟယ် ပါနော်.. ခိုင်းဂေါ့မပြောနဲ့ ဘိုင်တိုတောင်မလုပ်ဖူးဘဲနဲ့ ဂျင်းချက်ကြီးက..
အဲ့ဆရာမကို ခိုင်းဂေါ့လုပ်ဖို့ အရင်လာခိုင်းလိုက်လို့ပြောပြီး အဲ့အေဂျင်စီကနေ ထွက်ခိုင်းလိုက်တယ်..
အဲ့အေဂျင်စီက ကြီးပြီး လာတက်နေတဲ့သူတွေလည်းအများကြီးတဲ့.. ခေတ်ပျက်ကြီးကို အကြောင်းပြုပြီး ဂျင်းထည့်ကြပုံများ..
ခိုင်းဂေါ့ဆိုတာ သွေးသားမတော်စပ်တဲ့အသက်ကြီးရွယ်အိုတွေကို စိတ်ရောကိုယ်ပါနှစ်ပြီး ပြုစုစောင့်ရှောက်ရတာ ..
မှားမှားမှန်မှန် အော်ဟောက်သောင်းကျန်းတာတွေကို ပြုံးပြီးစိတ်ရှည်ရှည်နဲ့ သည်းခံရတာပါနော်.. အိမ်က အမေတစ်ခွန်းဆို ၁၀ ခွန်းလောက် ပြန်ခံပက်ပြောသောမမများ မှတ်ကြပါကုန်..
အလေးအပေါ့က အလေးမသွားနိုင်ရင် အထဲထိနှိုက်ထုတ်ရပါတယ်နော်.. တစ်ကိုယ်လုံးသန့်ရှင်းရေးတွေ အလှည့်ကြလုပ်ရပါတယ်..
Day shift နဲ့ Night shift ရှိပြီး Night shift ဝင်ရင်ပိုက်ဆံပိုရပါတယ်.. မလုပ်တတ်သေးခင် Night shift မပေးပါဘူးနော်..
ဒါကြောင့် လစာအများဆုံးဆိုတာရဲ့ ပြောင်းပြန်ပါနော်.. ပြီးတော့ မမတို့ လစာနည်းနည်းလေးရမှာကို မမတို့ကိုပို့မယ့်အေးဂျင့်က ဘယ်နှစ်လထိ
ဟိုဟာဒီဟာနဲ့ ဂျပန်ဘက်နဲ့ပေါင်းပြီး ဖြတ်အုံးမှာပါနော်.. အမှန်ကို အမှန်တိုင်းပြောကြပါ ဝန်ခံကြပါ.. အနာဂတ်ပျောက်နေတဲ့ကလေးတွေကို ၂ ကြိမ် မ thet ကြပါနဲ့..
တခါ အိမ်သာတောင် မဆေးရတဲ့ ရုံးသန့်ရှင်းရေး လုပ်တုန်းက မြန်မာကောင်မလေးတယောက်နဲ့ဆုံတယ် ချောချောလေး မိဘကလည်း ချမ်းသာတယ်.. ကျောင်းလခပို့ပေးနိုင်တယ်အိမ်က..
သူ့ဟာသူ အိမ်လခရယ် သူသုံးဖို့ဘဲရှာရတာသူက.. မြန်မာပြည်မှာ မင်းသမီးလိုနေခဲ့တဲ့ ကလေးမလေး ဂျပန်ရောက်ပြီးမကြာဘူး
ဖိအားများတဲ့ ဒဏ်မခံနိုင်လို့ သွက်သွက်ခါရူးပြီး အဝတ်စားအကုန်ချွတ် ကားလမ်းမပေါ်ပြေးလို့ မနည်းလိုက်ဖမ်းပြီး မြန်မာပြည်ပြန်ပို့လိုက်ရတယ်..
ပြောပြချင်တာက ဘယ်အလုပ်မဆို ဖိအားရှိပါတယ်.. မင်းသမီးလိုနေရတဲ့အလုပ်တခုမှ မရှိပါဘူး.. ရတဲ့ပိုက်ဆံထက်ပိုတဲ့ ဖိအားတွေအများကြီးပါဘဲ..
ခိုင်းဂေါ့ ဘာလို့နာမည်ကြီးလည်းဆိုတော့ ဗီဇာရလွယ်လို့ပါ.. အာမခံချက်လည်းရှိပါတယ်.. ဘာလို့လည်းဆိုတော့ ဂျပန်မှာ လုပ်မယ့်သူ မရှိလို့ပါ.. သူတို့လူမျိူးအချင်းချင်းတောင် သည်းမခံနိုင်လို့ အငှါးခေါ်ခိုင်းရတဲ့သဘောပါ..
အဲ့အလုပ်က ဗီဇာကတော့ ရှယ်ခိုင်ပါတယ် လုပ်မယ့်သူရှားလို့.. ခိုင်းဂေါ့မှာတောင် အဆင့်အမျိူးမျိူးပြန်ခွဲထားပြီး သက်ကြီးရွယ်အိုတွေလည်း
လှုပ်ရှားနိုင်တဲ့သူလား မလှုပ်ရှားနိုင်တဲ့သူလား နေ့ထိန်းလား နေ့ရောညရောလား စတဲ့ level အမျိူးမျိူးရှိပါတယ်.. ခေတ်ပျက်ကြီးမှာ ဂျင်းဒဏ်ကင်းဝေးကြပါစေနော်.. (Calli Dora)
Credit