“လူတခ်ိဳ႕ရဲ႕ ႏွလုံးသားထဲကို ကိုယ္ခ်င္းစာတရားေလး နည္နည္းေလာက္ ထည့္ေပးခ်င္တယ္”
အမ်ားႀကီးမဟုတ္ပါဘူး ငါသာ သူ႔ေနရာမွာဆိုၿပီး ေတြးတတ္ေစခ်င္႐ုံေလာက္ပါ
လုပ္ၿပီးသြားမွ ငါမွားေလျခင္းဆိုတဲ့ ေနာင္တရေနတာထက္စာရင္ မလုပ္ခင္ မေျပာခင္ကတည္း သူ႔ဘက္ကိုယ့္ေတြးတတ္ရင္ တစ္ဖက္လူလဲ နာက်င္စရာ မလိုေတာ့ဘူးေလ
လူတခ်ိဳ႕ရဲ႕ မ်က္လုံးေလးကို နည္းနည္းေလးျဖစ္ျဖစ္ အေကာင္းျမင္တတ္ေစခ်င္တယ္
အမ်ားႀကီး မဟုတ္ပါဘူး ေနရာတကာ အေကာင္းပဲ ျမင္ေနတတ္တဲ့ မ်က္လုံးေလး နည္းနည္းေလ အမွန္ျမင္တတ္ေစ႐ုံေလာက္ပါ
အတိတ္မွာ မေကာင္းခဲ့ေပမယ့္ လက္ရွိမွာ ေကာင္းဖို႔ ႀကိဳးစားေနတဲ့လူေတြ ပတ္ဝန္းက်င္မွာ အမ်ားႀကီးရွိတယ္
ၿပီးေတာ့ ေကာင္းသည္ထက္ ေကာင္းေအာင္ ႀကိဳးစားေနတဲ့လူေတြရွိတယ္ အေကာင္းမျမင္တတ္ခ်င္ေနပါ မေကာင္းပဲ ျမင္ေနတတ္ရင္ မ်က္လုံးေလး မွိတ္ထားတာ ပိုေကာင္းတယ္
တခ်ိဳ႕လူေတြရဲ႕ ပါးစပ္ေပါက္ေတြကို ခဏေလာက္ျဖစ္ျဖစ္ ပိတ္ထားေစခ်င္တယ္ အေကာင္းမေျပာတတ္မယ့္အတူတူ မေျပာပဲေနတာက ပိုေကာင္းတယ္
အက်ိဳးသင့္ အေၾကာင္းသင့္လဲမရွိ ဘယ္သူ႔အတြက္မွလဲ အက်ိဳးမရွိတဲ့ စကားလုံးေတြထက္စာရင္ ပါးစပ္ေလးပိတ္ထားၿပီး ၿငိမ္ၿငိမ္ေလးရပ္ေနတာက ပိုၿပီး အကုသိုလ္ ကင္းပါတယ္ ။
အမ်ားႀကီးမဟုတ္ပါဘူး နည္းနည္းေလာက္ပဲ ျဖစ္ျဖစ္ပါ ေကာင္းေအာင္ ႀကိဳးစားေနတဲ့ လူေတြအတြက္ အားေပးစကားေတြ မဟုတ္ေတာင္ ေဝဖန္ရႈပ္ခ်တာေတြခ်ည္းပဲ
မေျပာတတ္ဖို႔နဲ႔ ကိုယ့္ထက္ နိမ့္က်ေနတဲ့ ဘဝေတြအေပၚ ကိုယ္ခ်င္းစာတရားေလးေတြ ရွိေစခ်င္လို႔ အမ်ားႀကီး မဟုတ္ဘူး တကယ့္ကို နဲနဲေလးပါ
ကိုယ့္ဖက္ သူ႔ဖက္ေလး မွ်မွ်တတေလး ၾကည့္တတ္ရင္ကို အဆင္ေျပပါတယ္ ။
မိန္းမသားတို႔အတြက္
သွ်င္ယြန္း
Credit
Unicode

“လူတချို့ရဲ့ နှလုံးသားထဲကို ကိုယ်ချင်းစာတရားလေး နည်နည်းလောက် ထည့်ပေးချင်တယ်”
အများကြီးမဟုတ်ပါဘူး ငါသာ သူ့နေရာမှာဆိုပြီး တွေးတတ်စေချင်ရုံလောက်ပါ
လုပ်ပြီးသွားမှ ငါမှားလေခြင်းဆိုတဲ့ နောင်တရနေတာထက်စာရင် မလုပ်ခင် မပြောခင်ကတည်း သူ့ဘက်ကိုယ့်တွေးတတ်ရင် တစ်ဖက်လူလဲ နာကျင်စရာ မလိုတော့ဘူးလေ
လူတချို့ရဲ့ မျက်လုံးလေးကို နည်းနည်းလေးဖြစ်ဖြစ် အကောင်းမြင်တတ်စေချင်တယ်
အများကြီး မဟုတ်ပါဘူး နေရာတကာ အကောင်းပဲ မြင်နေတတ်တဲ့ မျက်လုံးလေး နည်းနည်းလေ အမှန်မြင်တတ်စေရုံလောက်ပါ
အတိတ်မှာ မကောင်းခဲ့ပေမယ့် လက်ရှိမှာ ကောင်းဖို့ ကြိုးစားနေတဲ့လူတွေ ပတ်ဝန်းကျင်မှာ အများကြီးရှိတယ်
ပြီးတော့ ကောင်းသည်ထက် ကောင်းအောင် ကြိုးစားနေတဲ့လူတွေရှိတယ် အကောင်းမမြင်တတ်ချင်နေပါ မကောင်းပဲ မြင်နေတတ်ရင် မျက်လုံးလေး မှိတ်ထားတာ ပိုကောင်းတယ်
တချို့လူတွေရဲ့ ပါးစပ်ပေါက်တွေကို ခဏလောက်ဖြစ်ဖြစ် ပိတ်ထားစေချင်တယ် အကောင်းမပြောတတ်မယ့်အတူတူ မပြောပဲနေတာက ပိုကောင်းတယ်
အကျိုးသင့် အကြောင်းသင့်လဲမရှိ ဘယ်သူ့အတွက်မှလဲ အကျိုးမရှိတဲ့ စကားလုံးတွေထက်စာရင် ပါးစပ်လေးပိတ်ထားပြီး ငြိမ်ငြိမ်လေးရပ်နေတာက ပိုပြီး အကုသိုလ် ကင်းပါတယ် ။
အများကြီးမဟုတ်ပါဘူး နည်းနည်းလောက်ပဲ ဖြစ်ဖြစ်ပါ ကောင်းအောင် ကြိုးစားနေတဲ့ လူတွေအတွက် အားပေးစကားတွေ မဟုတ်တောင် ဝေဖန်ရှုပ်ချတာတွေချည်းပဲ
မပြောတတ်ဖို့နဲ့ ကိုယ့်ထက် နိမ့်ကျနေတဲ့ ဘဝတွေအပေါ် ကိုယ်ချင်းစာတရားလေးတွေ ရှိစေချင်လို့ အများကြီး မဟုတ်ဘူး တကယ့်ကို နဲနဲလေးပါ
ကိုယ့်ဖက် သူ့ဖက်လေး မျှမျှတတလေး ကြည့်တတ်ရင်ကို အဆင်ပြေပါတယ် ။
မိန်းမသားတို့အတွက်
သျှင်ယွန်း
Credit



