ၾကားသိရသမွ်

ရန်ကုန်မှာ ဒီလောက်တောင် ဖြစ်နေကြပြီလားဗျာ.. (ကားပေါ်က ဖိတ်ကျတဲ့ ဆန်တွေကို ဝိုင်းလုနေကြတာတဲ့)

ယနေ့အချိန်မှာ မြန်မာတပြည်လုံး ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စက်သုံးဆီဈေးနှုန်းကြီးမြင့်ခြင်း၊ အချိန်မရွေး အဖမ်းအဆီး ခံရနိုင်ခြင်း စတဲ့ ဒုက္ခတွေကို ခံစားနေရတာ ဖြစ်ပါတယ်။ ကုန်ဈေးနှုန်းတွေ အရမ်းတက်လာပေမယ့်လည်း ရရှိတဲ့ ဝင်ငွေ တက်မလာတာကြောင့် ပြည်သူအများစုဟာ ခက်ခဲ ကျပ်တည်းမှုတွေ အများအပြားနဲ့ ရင်ဆိုင်နေရပါတယ်။ ကျပ်တည်းလွန်းမက ကျပ်တည်းလာတော့ လူတွေဟာ တယောက်နဲ့ တယောက် စာနာထောက်ထားနိုင်မှု စိတ်တွေ လျော့ကျလာတာကို တွေ့ရပါတယ်။

တယောက်ကို တယောက် လိမ်လည်လှည့်ဖျားခြင်း၊ ခိုးဆိုးလုနှိုက်ခြင်း စတဲ့ ဖြစ်ရပ်တွေ အခုနောက်ပိုင်း ခပ်စိတ်စိတ် တွေ့လာရတာ ဖြစ်ပါတယ်။ နောက်တခုကတော့ အလကားရတယ်ဆိုရင် လိုချင်ရမ္မက်ကြီးစွာ အများကြီး ယူခြင်း၊ တန်းမစီတော့ခြင်း စတဲ့ လောကနီတိ အခြေခံ ကျင့်ဝတ်တွေကို ဖောက်ဖျက်လာတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း အင်းစိန်ပေါက်တောဝဖက်မှာ ရေနုတ်မြောင်းထဲ စီးဆင်းလာတဲ့ စားအုန်းဆီတွေကို လူတွေ ဝိုင်းခပ်ကြတဲ့ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပါသေးတယ်။ စားအုန်းဆီ တပိဿာ ၁၀၀၀၀ နီးပါး ဖြစ်နေတဲ့ အချိန်မှာ မြောင်းထဲ ရောက်နေတဲ့ ဆီတွေကို ဘာမှ မစဉ်းစားနိုင်ဘဲ ဝိုင်းခပ်ကြတဲ့ မြင်ကွင်းဟာ အလွန် ဝမ်းနည်းဖို့ ကောင်းလှပါတယ်။ မြင်ရသူတိုင်း မချိတင်ကဲ ဖြစ်ခဲ့ရပါတယ်။ အခုလည်း အဲဒီလို ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ရွှေလင်ပန်းစက်မှုဇုန်အဝိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်လို့ သိရပါတယ်။

မျက်မြင်တွေ့ရှိခဲ့သူ ရေးသားထားပုံ အပြည့်အစုံကို ဖော်ပြ ပေးလိုက်ပါတယ်။ ရွှေလင်ပန်းစက်မှုဇုန်အဝိုင်းမှာ ဆိပ်ကမ်းပို့မယ့် ကားပေါ်က ပြုတ်ကျတဲ့ဆန်တွေကို ယူနေကျတာ၊ တားလို့လဲမရဘူးတဲ့၊ အဲ့လောက်တောင်အခြေနေဆိုးနေကြပြီလားဗျာ။ (၁၉-၃-၂၀၂၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်) (Mwh Morethan Mitta) မြန်မာပြည်သူတွေရဲ့ အချောင်လိုချင်စိတ်တွေ ဒီလောက် များလာပြီလား၊ အာဏာရှင် လက်အောက်မှာ တနှစ်ပဲ ရောက်သွားခဲ့တဲ့ အချိန်မှာ လောကနီတိ ကျင့်ဝတ်တွေ ပျက်ယွင်းပြီး အတ္တကို ရှေ့တန်းတင်နေကြပြီလား။ ဘယ်သူ ဘာဖြစ်ဖြစ် ငါသာဖို့ ငါကောင်းဖို့သာ အရေးကြီးတယ်ဆိုတဲ့ စိတ်တွေ ဖြစ်ကုန်ကြပြီလား။ ဆန်တွေ ဝိုင်းလုနေကြတဲ့ မြင်ကွင်းကို ဝမ်းနည်းအံ့ဩစွာ ကြည့်ပြီး အပေါ်က မေးခွန်းတွေ မေးလိုက်ချင်ပါတော့တယ်ဗျာ။ Crd