ကုလသမ္မဂဆိုင်ရာ အမေရိကန် သံတမန်ဟောင်းနဲ့ နယူးမက္ကဆီကိုပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson ဘီရစ်ချတ်ဆန်ဟာ
ကိုဗစ်ကပ်ရောဂါဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးဖို့အတွက် မြန်မာနိုင်ငံကို လာမှာဖြစ်တယ်လို့ AP သတင်းဌာနက ရေးသားပါတယ်
ဘေလ်ရစ်ချက်ခ်ဆန် ဟာ အမေရိကန်အောက်လွှတ်တော်အမတ်တာဝန်နဲ့ စွမ်းအင်ဝန်ကြီးအဖြစ်လည်း ဝန်ထမ်းဆောင်ခဲ့သလို
မြောက်ကိုရီးယား၊ ကျုးဘား၊ အီရတ် နဲ့ ဆူဒန်နိုင်ငံတွေမှာလည်း ပဋိပက္ခပြဿနာများကို အောင်မြင်စွာဖြေရှင်းပေးနိုင်ခဲ့သူဖြစ်ပါတယ်
သူဟာ ရစ်ချက်ခ်ဆန် စင်တာကို တည်ထောင်ထားသူဖြစ်ကာ အဆိုပါစင်တာကနေတစ်ဆင့် တစ်ကမ္ဘာ့လုံးနဲ့ထိတွေ့ပြီး ပဋိပက္ခများဖြေရှင်းရေးနဲ့
အကျဉ်းသားများလွတ်မြောက်ရေးလှုပ်ရှားမှုတွေ ကိုလည်း ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်
မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ၎င်းဟာ NLD အစိုးရရဲ့ ရိုဟင်ဂျာအကျပ်အတည်းဆိုင်ရာ အကြံပေးဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး
ရိုက်တာသတင်းထောက်နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကို လွှတ်ပေးဖို့ ၂၀၁၈ခုနှစ်တုန်းအတွင်းက ဘုတ်အဖွဲ့အစည်းအဝေးတွင်း
တင်ပြခဲ့ရာမှာ “အကြံပေးဘုတ်အဖွဲ့ရဲ့ လုပ်ငန်းမဟုတ်ဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောခဲ့တဲ့ ဘုတ်အဖွဲ့ကနေ နှုတ်ထွက်ခဲ့သူဖြစ်ပါတယ်
ရစ်ချက်ခ်က သူ့စင်ဟာဟာ မြန်မာပြည်သူတွေကို အစဉ်တစ်စိုက်ကူညီပေးနေခဲ့ကြောင်း ပြောဆိုခဲ့ပြီး သူရဲ့ မြန်မာနိုင်ငံခရီးစဉ်အကြောင်းထုတ်ပြန်ချက်မှာ
စစ်အာဏာသိမ်းမှုနဲ့ မြန်မာနိုင်ငံမှ ဘယ်သူတွေနဲ့ တွေ့မယ်ဆိုတဲ့အကြောင်းတွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး
“ကိုဗစ်ရောဂါနဲ့သက်ဆိုင်တဲ့ လူသားချင်းစာနာထောင်ထားမှုအကူအညီတွေ၊ ဆေးဝါးနဲ့ အခြားသောအထောက်အပံ့ပစ္စည်းတွေကို မြန်မာနိုင်ငံအတွင်းက
အဆက်အသွယ်များ ပူးပေါင်းပြီး ကူညီပေးသွားမှာဖြစ်ပါတယ်” လို့ သူ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်
အကျဉ်းသားများလွတ်မြောက်ရေးနဲ့ ပတ်သက်ပြီးကူညီပေးနေတဲ့ ရစ်ချက်ခ်အနေနဲ့ မြန်မာနိုင်ငံကိုရောက်လာရင် စစ်ကောင်စီရဲ့ ထိန်းသိမ်းခြင်းကိုခံထားရတဲ့
အမေရိကန်ဂျာနယ်လစ် ဒန်နီဖန်စတာ လွတ်မြောက်ရေးအတွက် ဆောင်ရွက်ဖို့ရှိမရှိကိုလည်း ပြောဆိုထားခြင်းမရှိပါဘူး။
Crd#
———-
ကုလဆိုင်ရာ သံတမန်တစ်ဦး မြန်မာနိူင်ငံသို့ လာရောက်မည်
ကုလသမၼဂဆိုင္ရာ အေမရိကန္ သံတမန္ေဟာင္းနဲ႔ နယူးမကၠဆီကိုျပည္နယ္ရဲ႕ အုပ္ခ်ဳပ္ေရးမႉးေဟာင္း Bill Richardson ဘီရစ္ခ်တ္ဆန္ဟာ
ကိုဗစ္ကပ္ေရာဂါဆိုင္ရာ လူသားခ်င္းစာနာမႈ အကူအညီေပးဖို႔အတြက္ ျမန္မာႏိုင္ငံကို လာမွာျဖစ္တယ္လို႔ AP သတင္းဌာနက ေရးသားပါတယ္
ေဘလ္ရစ္ခ်က္ခ္ဆန္ ဟာ အေမရိကန္ေအာက္လႊတ္ေတာ္အမတ္တာဝန္နဲ႔ စြမ္းအင္ဝန္ႀကီးအျဖစ္လည္း ဝန္ထမ္းေဆာင္ခဲ့သလို ေျမာက္ကိုရီးယား၊
က်ဳးဘား၊ အီရတ္ နဲ႔ ဆူဒန္ႏိုင္ငံေတြမွာလည္း ပဋိပကၡျပႆနာမ်ားကို ေအာင္ျမင္စြာေျဖရွင္းေပးႏိုင္ခဲ့သူျဖစ္ပါတယ္
သူဟာ ရစ္ခ်က္ခ္ဆန္ စင္တာကို တည္ေထာင္ထားသူျဖစ္ကာ အဆိုပါစင္တာကေနတစ္ဆင့္ တစ္ကမာၻ႔လုံးနဲ႔ထိေတြ႕ၿပီး ပဋိပကၡမ်ားေျဖရွင္းေရးနဲ႔
အက်ဥ္းသားမ်ားလြတ္ေျမာက္ေရးလႈပ္ရွားမႈေတြ ကိုလည္း ေဆာင္႐ြက္ေပးေနသူျဖစ္ပါတယ္
ျမန္မာ့ႏိုင္ငံေရးနဲ႔ပတ္သက္ၿပီး ၎ဟာ NLD အစိုးရရဲ႕ ႐ိုဟင္ဂ်ာအက်ပ္အတည္းဆိုင္ရာ အႀကံေပးဘုတ္အဖြဲ႕ဝင္တစ္ဦးျဖစ္ခဲ့ၿပီး ႐ိုက္တာသတင္းေထာက္ႏွစ္ေယာ
က္ျဖစ္တဲ့ ကိုဝလုံးနဲ႔ ကိုေက်ာ္စိုးဦးကို လႊတ္ေပးဖို႔
၂၀၁၈ခုႏွစ္တုန္းအတြင္း က ဘုတ္အဖြဲ႕အစည္းအေဝးတြင္း တင္ျပခဲ့ရာမွာ “အႀကံေပးဘုတ္အဖြဲ႕ရဲ႕ လုပ္ငန္းမဟုတ္ဘူး” လို႔
ေဒၚေအာင္ဆန္းစုၾကည္က ျပန္ေျပာခဲ့တဲ့ ဘုတ္အဖြဲ႕ကေန ႏႈတ္ထြက္ခဲ့သူျဖစ္ပါတယ္
ရစ္ခ်က္ခ္က သူ႔စင္ဟာဟာ ျမန္မာျပည္သူေတြကို အစဥ္တစ္စိုက္ကူညီေပးေနခဲ့ေၾကာင္း ေျပာဆိုခဲ့ၿပီး သူရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္အေၾကာင္းထုတ္ျပန္ခ်က္မွာ
စစ္အာဏာသိမ္းမႈနဲ႔ ျမန္မာႏိုင္ငံမွ ဘယ္သူေတြနဲ႔ ေတြ႕မယ္ဆိုတဲ့အေၾကာင္းေတြကိုေတာ့ ေဖာ္ျပထားျခင္းမရွိပါဘူး
“ကိုဗစ္ေရာဂါနဲ႔သက္ဆိုင္တဲ့ လူသားခ်င္းစာနာေထာင္ထားမႈအကူအညီေတြ၊ ေဆးဝါးနဲ႔ အျခားေသာအေထာက္အပံ့ပစၥည္းေတြကို
ျမန္မာႏိုင္ငံအတြင္းက အဆက္အသြယ္မ်ား ပူးေပါင္းၿပီး ကူညီေပးသြားမွာျဖစ္ပါတယ္” လို႔ သူ႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္
အက်ဥ္းသားမ်ားလြတ္ေျမာက္ေရးနဲ႔ ပတ္သက္ၿပီးကူညီေပးေနတဲ့ ရစ္ခ်က္ခ္အေနနဲ႔ ျမန္မာႏိုင္ငံကိုေရာက္လာရင္ စစ္ေကာင္စီရဲ႕ ထိန္းသိမ္းျခင္းကို
ခံထားရတဲ့ အေမရိကန္ဂ်ာနယ္လစ္ ဒန္နီဖန္စတာ လြတ္ေျမာက္ေရးအတြက္ ေဆာင္႐ြက္ဖို႔ရွိမရွိကိုလည္း ေျပာဆိုထားျခင္းမရွိပါဘူး။
Crd#