ထိုင်းမင်းသမီးချော Tangmo Pattaratira သေဆုံးမှုအတွက် လှေပေါ်ပါသူအားလုံးကို အမှုဖွင့်ထား
ထိုင်းနိုင်ငံ နွန်ထပူရီမြို့နယ် မယ်နန်ကျောက်ဖရားမြစ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းသရုပ်ဆောင်ရုပ်ရှင်မင်းသမီး Tangmo Pattaratira စပိဘုတ်စီးရင်း ရေထဲပြုတ်ကျ သေ ဆုံးသွားတာနဲ့ပတ်သက်လို့ လှေအတူစီးလာတဲ့ အပေါင်းပါ ၅ ဦးကို ရဲတပ်ဖွဲ့က ပေါ့ဆမှုနဲ့ ကနဦး အမှုဖွင့်ထားခဲ့ပါတယ်။
သူမရဲ့အလောင်းကို မှုခင်းဆေးသိပ္ပံဌာနက ခွဲစိတ်စစ်ဆေးရာမှာ အဆုတ်ထဲမှာ သဲတွေဝင်ပြီး သေဆုံးသွားတာဖြစ်ကြောင်း၊ မျက်နှာပေါ်က သွေးစနဲ့ ဘယ်ဘက်ခြေတောက်က ထိခိုက်ဒဏ်ရာတွေကိုတော့
ဘာကြောင့်ရသလဲဆိုတာ ဆက်လက်စစ်ဆေးနေပြီး လောလောဆယ် လှေပေါ်က အဖော် ၅ ဦးကို လူသေစေအောင် နမော်နမဲ့ ပေါ့ဆမှုနဲ့ ကနဦးအမှုဖွင့်ထားတယ်လို့ နွန်ထပူရီခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဖိုင်းဆန် ဝုန်ဝပ်ချရမုံးခုံးက သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် သူတို့စီးလာတဲ့ စပိဘုတ်လှေဟာ လိုင်စင်သက်တမ်းကုန်နေပြီး လှေမောင်း သမားကလည်း လိုင်စင်မရှိဘူးလို့ ဆိုပါတယ်။ လှေပေါ်အတူပါလာတဲ့ အမျိုးသား ၃ ဦးဟာ နွန်ထပူရီနယ်မြေရဲစခန်းမှာ လာရောက်သတင်းပို့ထားပြီး သူတို့ဆီမှာ ဆေးဝါးအသုံးပြုထားတာရှိမရှိကိုလည်း စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
မင်းသမီးချော Tangmo Pattaratira ရဲ့ မိခင်ဖြစ်သူကလည်း လှေပေါ်ပါသွားတဲ့ သမီးရဲ့ အဖော် ၅ ဦးထဲမှာ သူ့ကိုယ်ရေးအရာရှိ ကသစ်ကလွဲလို့ ကျန်တဲ့သူတွေကိုမသိကြောင်း၊ သမီးရေထဲကျတဲ့အကြောင်းကို မိသားစုဝင်ထံ ချက်ချင်းအကြောင်းမကြားတာ တောင်းပန်စကားမပြောတဲ့အပေါ်လည်း စိတ်ခုမိတယ်လို့လည်း ပြောပြပါတယ်။
ဒါ့အပြင် လှေပေါ်ပါသူတွေက Tangmo Pattaratira ဟာ အပေါ့အပါးသွားဖို့ လှေအမြီးပိုင်းကို သွားခဲ့ တာလို့ ပြောပေမယ့် လှေကိုကြည့်ပြီးပြီ အပေါ့ပါးသွားစရာနေရာမရှိသလို သမီးရဲ့ဝတ်စုံကလည်း အလွယ်တကူချွတ်လို့မရကြောင်း၊
သမီးဟာ ရေကူးမကျွမ်းကျင်ပေမယ့် ရေကူးတတ်တယ်၊ မျက်နှာနဲ့ ခြေတောက်က ဒဏ်ရာတွေဟာ ဖြစ်သူ ဘာကြောင့်ကျလဲဆိုတာ အဖြစ်မှန်သိချင်ပြီး Tangmo Pattaratira ရေထဲပြုတ်ကျတာ သွေးရိုးသားရိုး မဟုတ်ဘူးလို့ သံသယရှိတာကြောင့် ဖြစ်ရပ်မှန်ပေါ်အောင် စစ်ဆေးဖော်ထုတ်ပေးဖို့လည်း တောင်းဆိုထားခဲ့ပါတယ်။
မင်းသမီးချော Tangmo Pattaratira ရဲ့အလောင်းကို မှုခင်းဆေး သိပ္ပံဌာနက နောက်ထပ်ဆေးစစ်ဖို့ ၁၀ ရက်တာ ခွင့်တောင်းထားပြီး ဈာပနအခမ်းအနားကို ဘန်ကောက် ဆုခိုဝစ် ၃၆ လမ်း Church of Joy ခရိယာန်ဘုရားရှိခိုးကျောင်းမှာ မတ်လ ၁၁ မှ ၁၃ ထိ ကျင်းပပြီး ၁၄ ရက်နေ့ မီးသင်္ဂြိုဟ်မယ်လို့လည်း မိခင်ဖြစ်သူက ပြောပါတယ်။
ထိုင်းသရုပ်ဆောင်မင်းသမီး Tangmo Pattaratira ဟာ ကျောင်းသူဘဝကတည်းက အနုပ ညာလောကထဲဝင်ရောက်ခဲ့ပြီး ဗီလိန်ခန်း၊ စကားမပြောတတ်တဲ့ ဆွံ့အသူ၊ မိန်းမဆို၊
သနားစရာ မင်းသမီး စသဖြင့် အမျိုးမျိုးသရုပ်ဆောင်ရပေမယ့် ကျရာစရိုက်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူမို့ ထိုင်းရုပ်ရှင်လောကမှာ ထင်ရှားတဲ့ သရုပ်ဆောင်တဦးဖြစ်ပါတယ်။ ဖခင်ကွယ်လွန်ပြီးတဲ့နောက် မိခင်နဲ့ မောင်နှမတွေကို ရှာဖွကျွေးမွေးနေသူလည်း ဖြစ်တယ်လို့ သိရှိရပါတယ်။
Unicode
ထိုင်းမင်းသမီးချော Tangmo Pattaratira သေဆုံးမှုအတွက် လှေပေါ်ပါသူအားလုံးကို အမှုဖွင့်ထား
ထိုင်းနိုင်ငံ နွန်ထပူရီမြို့နယ် မယ်နန်ကျောက်ဖရားမြစ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းသရုပ်ဆောင်ရုပ်ရှင်မင်းသမီး Tangmo Pattaratira စပိဘုတ်စီးရင်း ရေထဲပြုတ်ကျ သေ ဆုံးသွားတာနဲ့ပတ်သက်လို့ လှေအတူစီးလာတဲ့ အပေါင်းပါ ၅ ဦးကို ရဲတပ်ဖွဲ့က ပေါ့ဆမှုနဲ့ ကနဦး အမှုဖွင့်ထားခဲ့ပါတယ်။
သူမရဲ့အလောင်းကို မှုခင်းဆေးသိပ္ပံဌာနက ခွဲစိတ်စစ်ဆေးရာမှာ အဆုတ်ထဲမှာ သဲတွေဝင်ပြီး သေဆုံးသွားတာဖြစ်ကြောင်း၊ မျက်နှာပေါ်က သွေးစနဲ့ ဘယ်ဘက်ခြေတောက်က ထိခိုက်ဒဏ်ရာတွေကိုတော့
ဘာကြောင့်ရသလဲဆိုတာ ဆက်လက်စစ်ဆေးနေပြီး လောလောဆယ် လှေပေါ်က အဖော် ၅ ဦးကို လူသေစေအောင် နမော်နမဲ့ ပေါ့ဆမှုနဲ့ ကနဦးအမှုဖွင့်ထားတယ်လို့ နွန်ထပူရီခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဖိုင်းဆန် ဝုန်ဝပ်ချရမုံးခုံးက သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် သူတို့စီးလာတဲ့ စပိဘုတ်လှေဟာ လိုင်စင်သက်တမ်းကုန်နေပြီး လှေမောင်း သမားကလည်း လိုင်စင်မရှိဘူးလို့ ဆိုပါတယ်။ လှေပေါ်အတူပါလာတဲ့ အမျိုးသား ၃ ဦးဟာ နွန်ထပူရီနယ်မြေရဲစခန်းမှာ လာရောက်သတင်းပို့ထားပြီး သူတို့ဆီမှာ ဆေးဝါးအသုံးပြုထားတာရှိမရှိကိုလည်း စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
မင်းသမီးချော Tangmo Pattaratira ရဲ့ မိခင်ဖြစ်သူကလည်း လှေပေါ်ပါသွားတဲ့ သမီးရဲ့ အဖော် ၅ ဦးထဲမှာ သူ့ကိုယ်ရေးအရာရှိ ကသစ်ကလွဲလို့ ကျန်တဲ့သူတွေကိုမသိကြောင်း၊ သမီးရေထဲကျတဲ့အကြောင်းကို မိသားစုဝင်ထံ ချက်ချင်းအကြောင်းမကြားတာ တောင်းပန်စကားမပြောတဲ့အပေါ်လည်း စိတ်ခုမိတယ်လို့လည်း ပြောပြပါတယ်။
ဒါ့အပြင် လှေပေါ်ပါသူတွေက Tangmo Pattaratira ဟာ အပေါ့အပါးသွားဖို့ လှေအမြီးပိုင်းကို သွားခဲ့ တာလို့ ပြောပေမယ့် လှေကိုကြည့်ပြီးပြီ အပေါ့ပါးသွားစရာနေရာမရှိသလို သမီးရဲ့ဝတ်စုံကလည်း အလွယ်တကူချွတ်လို့မရကြောင်း၊
သမီးဟာ ရေကူးမကျွမ်းကျင်ပေမယ့် ရေကူးတတ်တယ်၊ မျက်နှာနဲ့ ခြေတောက်က ဒဏ်ရာတွေဟာ ဖြစ်သူ ဘာကြောင့်ကျလဲဆိုတာ အဖြစ်မှန်သိချင်ပြီး Tangmo Pattaratira ရေထဲပြုတ်ကျတာ သွေးရိုးသားရိုး မဟုတ်ဘူးလို့ သံသယရှိတာကြောင့် ဖြစ်ရပ်မှန်ပေါ်အောင် စစ်ဆေးဖော်ထုတ်ပေးဖို့လည်း တောင်းဆိုထားခဲ့ပါတယ်။
မင်းသမီးချော Tangmo Pattaratira ရဲ့အလောင်းကို မှုခင်းဆေး သိပ္ပံဌာနက နောက်ထပ်ဆေးစစ်ဖို့ ၁၀ ရက်တာ ခွင့်တောင်းထားပြီး ဈာပနအခမ်းအနားကို ဘန်ကောက် ဆုခိုဝစ် ၃၆ လမ်း Church of Joy ခရိယာန်ဘုရားရှိခိုးကျောင်းမှာ မတ်လ ၁၁ မှ ၁၃ ထိ ကျင်းပပြီး ၁၄ ရက်နေ့ မီးသင်္ဂြိုဟ်မယ်လို့လည်း မိခင်ဖြစ်သူက ပြောပါတယ်။
ထိုင်းသရုပ်ဆောင်မင်းသမီး Tangmo Pattaratira ဟာ ကျောင်းသူဘဝကတည်းက အနုပ ညာလောကထဲဝင်ရောက်ခဲ့ပြီး ဗီလိန်ခန်း၊ စကားမပြောတတ်တဲ့ ဆွံ့အသူ၊ မိန်းမဆို၊
သနားစရာ မင်းသမီး စသဖြင့် အမျိုးမျိုးသရုပ်ဆောင်ရပေမယ့် ကျရာစရိုက်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူမို့ ထိုင်းရုပ်ရှင်လောကမှာ ထင်ရှားတဲ့ သရုပ်ဆောင်တဦးဖြစ်ပါတယ်။ ဖခင်ကွယ်လွန်ပြီးတဲ့နောက် မိခင်နဲ့ မောင်နှမတွေကို ရှာဖွကျွေးမွေးနေသူလည်း ဖြစ်တယ်လို့ သိရှိရပါတယ်။