ၾကားသိရသမွ်
မဂ်လာပါပရိတ်သတ်ကြီးရေ
ဖတ်မိသူတိုင်း မျက်ရည်ကျစေတဲ့ ဖခင်ဖြစ်သူ ဇင်ဝိုင်း စိတ်ချလက်ချ အနားယူနိုင်ဖို့ အတွက် မင်းသား မင်းမော်ကွန်း ရေးလိုက်တဲ့ စာ
မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ မင်းမော်ကွန်းဟာ ဖမ်းဝရမ်း ထုတ်ခံထားရ သော်လဲ တိုင်ပွဲဝင်အားကို မလျော့ပဲ ဆက်လက်တိုက်ပဲ ဝင်နေဆဲ ဖြစ်ပါတယ် ဒီလို တိုက်ပွဲဝင်နေတဲ့ကြားက ဖခင်ကြီး အတွက်လဲ စိတ်မအေး ဖြစ်နေရ ရှာပါတယ် မင်းမော်ကွန်း စိတ်ပူမယ်ဆိုလဲ ပူစရာပါပဲ။
သရုပ်ဆောင်ကြီး ဇင်ဝိုင်းဟာ အသက်ကြီးလာသော်တိုင်းပြည်ရဲ့ တာဝန်ကို ပြည်သူနဲ့အတူ တက်တက်ကြွကြွ ပါဝင်နေဆဲပါ။မင်းမော်ကွန်းဟာ သူ့အဖေကို စိတ်ပူလို့ နေသလို သူ့ညီ Kyi Thar Htay Lwin ဟာလဲ ဖခင်အတွက် အခုလို အဝေတနေရာကနေ စားလေးရေးလိုက်ပါတယ်။
သို့ အဖေသားလေအဖေ့သားဖြစ်ရတာ သိပ်ဂုဏ်ယူတာပဲ ကိုယ်မှန်တယ်ထင်ရင် ဘာမဆိုလုပ်ရဲတဲ့စိတ်ဓါတ် ဘာကိုမှဂရုမစိုက်ဘဲ အမှန်တရားအတွက်ဆိုရှေ့တန်းထွက်ရဲတဲ့ သတ္တိ ပြီးခဲ့တဲ့ တစ်ပ တ်လုံးလုံး သားစိတ်တွေ အရမ်းပူနေခဲ့ပါတယ်မရယ်နိုင် မပြုံးနိုင်လောက်အောင်ပါပဲ အဖေနဲ့ ကိုကို တခုခုဖြစ်မှာသိပ်ကိုစိုးရိမ်တယ် ဒါပေမဲ့ အဖေနဲ့ဖုန်းပြောပြီးတဲ့ အချိန်ကစပြီး သားမှာ စိုး ရိမ်စိတ်တွေ မရှိတော့ဘူး။
အဖေ အဲဒီနေ့က အဖေ့မျက်လုံးထဲမှာ သိပ်ကိုပြတ် သားတဲ့အရိပ် အယောင်တွေကို မြင်လိုက်ရတယ် အမှန်တရားကလွဲရင် ဘယ်ဟာမှ အရေးမကြီးဘူးဆိုတာ သိလိုက်ရတယ်အဖေ အမှန်တရားအတွက်လုပ်နေတယ်ဆိုတာကိုလည်း ပိုပြီး သိလိုက်ရ ပါတယ်။
အဖေပင်ပန်းနေပြီ နောက်နေ့တစ်ရက်တော့ နားလိုက်ပါဦးဆိုတာကို အေးပါ အေးပါဆိုပြီး ညနေပိုင်းကို ရအောင် ထွက်သေးတယ် နော် အဖေအသက်ကြီးပြီ အဖေ ၈၈ တုန်းကလည်း အဖေ ဒုက္ခ မျိုးစုံနဲ့ပေးဆပ်ခဲ့ပြီးပါပြီအခုအချိန်မှာ အဖေဝင်မပါလည်း ဘာမှမဖြစ်ပါဘူး။
လူငယ်တွေ လုပ်ကြမှာပေါ့ သားတို့လုပ်ရမှာပေါ့ …ခေါင်းမာလိုက်တာ အဖေရေ အခုအချိန်မှာသား အဖေတို့နဲ့ အတူမရှိနိုင်တာကို ခွင့်လွှတ်ပါ အဖေ သားလည်း အဖေ့ စိတ်ဓါတ်မျိုးတွေရှိချင်လိုက်တာ အဖေရယ် သားသာ အဖေ့နေရာမှာဆိုရင် ဒီလိုသတ္တိ မျိုးမရှိနိုင်ပါဘူး။ အဖေကျန်းမာအောင်နေပေးပါ အဖေ အားလုံး အဆင်ပြေသွားတဲ့ တစ်နေ့ ဒီပြဿနာကြီး ပြီးသွားတဲ့တစ်နေ့ …အဖေပြုံးနေတာလေး မြင်ချင်သေးတယ်။
အဖေ ချစ်တဲ့ လွမ်းတဲ့သား ” ဆိုပြီးတင်ထားတာကိုမင်းမော်ကွန်း က ” အဖေနားပါအဖေ သားတို့တောင် လူရော စိတ်ရော ပင်ပန်းနေတာအဖေဆို ပိုပင်ပန်းမှာ မပြောပေမယ့် သိနေလို့ပါအဖေရယ် အဖေ့ကိုအရင်လိုထပ်ပြီးနည်း … ပေါင်းစုံနဲ့နှိပ်စက်တာ မခံစေချင်ပါဘူး သားတာဝန်ထားပါအဖေ အမေ့ကိုပဲစောင့်လျှောက်ပေးပါ အိမ်မှာ အဖေနဲ့သား တစ်ယောက် ယောက်တော့ရှိနေမှဖြစ်မှာပါ ”
ဆိုတဲ့ စာလေးရေးကာ ထပ်ဆင့်ရှယ်ထားတာ တွေ့ရပါတယ်။ဒီစာသားလေးတွေရဲ့နောက်မှာ ဖခင်ဖြစ်သူ ဇင်ဝိုင်းရဲ့တိုင်းပြည်ချစ်စိတ်ကို အထင်းသား မြင်နေရသလို သားဖြစ်သူ မင်းမော်ကွန်းရဲ့ ” သား ဆိုတာ အား ” ဆိုသလို ဖခင်လို တိုင်းပြည်ချစ်စိတ် အပြ ည့် ရှိနေတာ ဝမ်းသာဖွယ် တွေ့မြင်ရပါတယ်။crd