တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်၍ သတ်မှတ်ရက် တိုးမြှင့်
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့မှ ဒီဇင်ဘာလ (၃၀) ရက်နေ့အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများ၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့က ဖော်ပြခဲ့ပြီး ဖြစ်သည်။
တိုင်းဒေသကြီး/ပြည်နယ်အားလုံး (ကျောင်းဖွင့်ရက်နောက်ကျသော တိုင်းဒေသကြီး/ပြည်နယ် (၉)ခုမှ မြို့နယ် (၄၆)မြို့နယ်နှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဝေးလံဒေသများ အပါအဝင်)မှ အခြေခံပညာအထက်တန်းကျောင်းများ၊ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများ၊ ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းများမှ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြင်ပဖြေဆိုမည့်သူများအဆင်ပြေချောမွေ့စေရန်အတွက် လျှောက်လွှာရောင်းချခြင်းနှင့် ပြန်လည်ပေးပို့ခြင်းတို့ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့အထိ သတ်မှတ်ရက် တိုးမြှင့်ခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာ ရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရှိ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်သည် ။ ဆက်သွယ်ရမည့် ဖုန်းအမှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
(က) မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်
၀၆၇-၃၄၃၀၅၈၃၊ ၀၆၇-၃၄၃၀၅၈၄၊ ၀၉-၂၀၂၄၂၉၇
Unicode