ၾကားသိရသမွ်

႐ိုင္ရယ္ဒီ၊ မင္းေမာ္ကြန္းနဲ႔ ရန္ေအာင္တို႔ၿပီးတဲ့ေနာက္ ေနာက္ထပ္ပြဲတစ္ပြဲ ထပ္လာျပန္ပါၿပီ…

႐ိုင္ရယ္ဒီ၊ မင္းေမာ္ကြန္းနဲ႔ ရန္ေအာင္တို႔ၿပီးတဲ့ေနာက္ ေနာက္ထပ္ပြဲတစ္ပြဲ ထပ္လာျပန္ပါၿပီ…

“အက်င့္ပ်က္ဝန္ထမ္းေတြရဲ႕ ဓာတ္ပုံကို အြန္လိုင္းေပၚတင္တဲ့ ဆိုင္ကိစၥ လူေျပာမ်ားလ်က္ရွိေန”

ယေန႔ အြန္လိုင္းမွာ လူေျပာမ်ားၾကတဲ့ အေၾကာင္းအရာေတြ အမ်ားအျပား ျဖစ္ေပၚလ်က္ရွိပါတယ္။

႐ိုင္ရယ္ဒီ အခ်ိဳရည္ကိစၥ ၿပီးတဲ့ေနာက္ မင္းေမာ္ကြန္းနဲ႔ ရန္ေအာင္တို႔ရဲ႕ အြန္လိုင္းေပၚက ပြဲကို လူအမ်ား စိတ္ဝင္စားခဲ့ၾကပါတယ္။

အဆိုပါပြဲဟာ ဆက္လက္ မရွည္ၾကာဘဲ ေစာေစာစီးစီး ဇာတ္သိမ္းသြားတယ္လို႔ သိရပါတယ္။

လက္ရွိ ည ၈ နာရီေက်ာ္မွာ လူေျပာမ်ားတဲ့အေၾကာင္းအရာကေတာ့ အက်င့္ပ်က္ ဝန္ထမ္း (၂) ဦးရဲ႕

နာမည္၊ မွတ္ပုံတင္သာမက ဓာတ္ပုံကိုပါ အြန္လိုင္းေပၚ တင္ခဲ့တဲ့ ဖုန္းအပိုပစၥည္းဆိုင္ အေၾကာင္းပဲ ျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕ရဲ႕ အထင္ကရ ေရွာ့ပင္းစင္တာႀကီးေတြမွာ ဆိုင္ခြဲဖြင့္ထားတဲ့ အဆိုပါ ဖုန္းအပိုပစၥည္းဆိုင္ဟာ ဝန္ထမ္းေတြရဲ႕ ခိုးယူမႈကို အမ်ားအျပား ခံခဲ့ရတယ္လို႔ ပို႔စ္မွာ ေရးထားပါတယ္။

အဲဒါေၾကာင့္ အက်င့္ပ်က္ ဝန္ထမ္း (၂) ဦးရဲ႕ ဓာတ္ပုံကို အမ်ားသိေအာင္ တင္ေပးရျခင္းျဖစ္ၿပီး တျခားသူေတြပါ တင္လို႔ရေအာင္ ဂ႐ုေထာင္လိုက္တယ္လို႔ သိရပါတယ္။

အဆိုပါလုပ္ရပ္ကို လူအမ်ားအျပားက ေဝဖန္ခဲ့ၾကၿပီး ကြန္းမန႔္ေတြမွာ အျပန္အလွန္ ေျပာဆိုမႈေတြ ရွိေနတာ ျဖစ္ပါတယ္။

ဆိုင္ရွင္ရဲ႕ လုပ္ရပ္ မွန္ကန္တယ္လို႔ ေျပာတဲ့သူေတြ ရွိသလို ဝန္ထမ္းအမ်ိဳးသမီး (၂) ဦးရဲ႕ ဘဝကို ပ်က္ေအာင္ လုပ္သလို ျဖစ္ေနတာေၾကာင့္ က်င့္ဝတ္နဲ႔ မညီဘူးလို႔ ေဝဖန္ေနတဲ့သူေတြလည္း ရွိပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဝန္ထမ္းအမ်ိဳးသမီး (၂) ဦးရဲ႕ ဓာတ္ပုံမ်ားကို ျပန္လည္ျဖဳတ္ခ်ထားၿပီး

အမည္နဲ႔ မွတ္ပုံတင္ နံပါတ္မ်ားကိုေတာ့ ပို႔စ္အသစ္ျပန္လည္တင္ထားတာကို ေတြ႕ရပါတယ္။

စာဖတ္သူေတြအေနနဲ႔ေရာ ယခုကိစၥကို ဘယ္လိုျမင္ပါသလဲ၊ မွတ္ခ်က္ေလးေတြ ေပးသြားၾကပါဦးခင္ဗ်ာ။

Source – Blacker

unicode

ရိုင်ရယ်ဒီ၊ မင်းမော်ကွန်းနဲ့ ရန်အောင်တို့ပြီးတဲ့နောက် နောက်ထပ်ပွဲတစ်ပွဲ ထပ်လာပြန်ပါပြီ…

“အကျင့်ပျက်ဝန်ထမ်းတွေရဲ့ ဓာတ်ပုံကို အွန်လိုင်းပေါ်တင်တဲ့ ဆိုင်ကိစ္စ လူပြောများလျက်ရှိနေ”

ယနေ့ အွန်လိုင်းမှာ လူပြောများကြတဲ့ အကြောင်းအရာတွေ အများအပြား ဖြစ်ပေါ်လျက်ရှိပါတယ်။

ရိုင်ရယ်ဒီ အချိုရည်ကိစ္စ ပြီးတဲ့နောက် မင်းမော်ကွန်းနဲ့ ရန်အောင်တို့ရဲ့ အွန်လိုင်းပေါ်က ပွဲကို လူအများ စိတ်ဝင်စားခဲ့ကြပါတယ်။

အဆိုပါပွဲဟာ ဆက်လက် မရှည်ကြာဘဲ စောစောစီးစီး ဇာတ်သိမ်းသွားတယ်လို့ သိရပါတယ်။

လက်ရှိ ည ၈ နာရီကျော်မှာ လူပြောများတဲ့အကြောင်းအရာကတော့ အကျင့်ပျက် ဝန်ထမ်း (၂) ဦးရဲ့

နာမည်၊ မှတ်ပုံတင်သာမက ဓာတ်ပုံကိုပါ အွန်လိုင်းပေါ် တင်ခဲ့တဲ့ ဖုန်းအပိုပစ္စည်းဆိုင် အကြောင်းပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ အထင်ကရ ရှော့ပင်းစင်တာကြီးတွေမှာ ဆိုင်ခွဲဖွင့်ထားတဲ့ အဆိုပါ ဖုန်းအပိုပစ္စည်းဆိုင်ဟာ ဝန်ထမ်းတွေရဲ့ ခိုးယူမှုကို အများအပြား ခံခဲ့ရတယ်လို့ ပို့စ်မှာ ရေးထားပါတယ်။

အဲဒါကြောင့် အကျင့်ပျက် ဝန်ထမ်း (၂) ဦးရဲ့ ဓာတ်ပုံကို အများသိအောင် တင်ပေးရခြင်းဖြစ်ပြီး တခြားသူတွေပါ တင်လို့ရအောင် ဂရုထောင်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါလုပ်ရပ်ကို လူအများအပြားက ဝေဖန်ခဲ့ကြပြီး ကွန်းမန့်တွေမှာ အပြန်အလှန် ပြောဆိုမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဆိုင်ရှင်ရဲ့ လုပ်ရပ် မှန်ကန်တယ်လို့ ပြောတဲ့သူတွေ ရှိသလို ဝန်ထမ်းအမျိုးသမီး (၂) ဦးရဲ့ ဘဝကို ပျက်အောင် လုပ်သလို ဖြစ်နေတာကြောင့် ကျင့်ဝတ်နဲ့ မညီဘူးလို့ ဝေဖန်နေတဲ့သူတွေလည်း ရှိပါတယ်။

လက်ရှိအချိန်မှာတော့ ဝန်ထမ်းအမျိုးသမီး (၂) ဦးရဲ့ ဓာတ်ပုံများကို ပြန်လည်ဖြုတ်ချထားပြီး

အမည်နဲ့ မှတ်ပုံတင် နံပါတ်များကိုတော့ ပို့စ်အသစ်ပြန်လည်တင်ထားတာကို တွေ့ရပါတယ်။

စာဖတ်သူတွေအနေနဲ့ရော ယခုကိစ္စကို ဘယ်လိုမြင်ပါသလဲ၊ မှတ်ချက်လေးတွေ ပေးသွားကြပါဦးခင်ဗျာ။

Source – Blacker