႐ုပ္သံကို ေအာက္ဆုံးတြင္ ေဖာ္ျပထားပါသည္
႐ုရွား တိုက္ခိုက္ေရး ရဟတ္ယာဥ္တစီးကို ပစ္ခ်နိုင္ခဲ့တာကို ေအာက္ပါ႐ုပ္သံမွာ ေတြ႕ရွိရမွာပဲ ျဖစ္ပါတယ္..ေနရာအႏွံ့ အျပားမွာလည္း
ယူကရိန္း ျပည္သူေတြက ျပင္းျပင္း ထန္ထန္ ခုခံတိုက္ခိုက္ ေနၾကပါတယ္
ယူကရိန္းရဲ့ ဒုတိယအႀကီးဆုံး ၿမိဳ႕ျဖစ္တဲ့ ၿမိဳ႕ေတာ္ေဟာင္း Kharkiv အနီးကို ဝင္ေရာက္လာတဲ့ ႐ုရွားစစ္ယာဥ္တန္းကိုလည္း ေဖေဖၚဝါရီ
၂၆ ရက္ေန႔က ယူကရိန္း ခုခံေျပာက္က်ား တပ္ဖြဲ႕က ၾကားျဖတ္ တိုက္ခိုက္ရာမွာ ႐ုရွားစစ္သား အနည္းဆုံး ၆၀ ေက်ာ္ ေသဆုံးခဲ့ၿပီး စစ္
ယာဥ္တန္း တတန္းလုံး ပ်က္စီးေၾကာင္း ယူကရိန္းကာကြယ္ေရး ဝန္ႀကီးဌာနနဲ႔ ေဒသခံ သတင္းသမားေတြက ေျပာပါတယ္။
ထြက္ေျပးသြားတဲ့ ႐ုရွားစစ္သား ၃၀ နီးပါးကို ဒဏ္ရာေတြနဲ႔ ထပ္မံဖမ္းဆီး ရထားတယ္လို႔လည္း ေျပာပါတယ္။မ်က္ျမင္
သတင္းေထာက္ေတြ အေျပာအရ လမ္းေဘးတဝိုက္မွာ အေလာင္းေတြ ျပန္႔က်ဲေနတယ္ လို႔လည္း ေျပာပါတယ္။
ပိုလန္က ကူညီေပးပို႔တဲ့ စစ္လက္နက္ ပစၥည္းေတြကို လက္ခံရရွိလို႔ ေက်းဇူးအထူးတင္ေၾကာင္း ယူကရိန္း ကာကြယ္ေရး ဦးစီးခ်ဳပ္က
ေျပာပါတယ္။ အခက္အခဲရင္ဆိုင္ရခ်ိန္မွာ လက္ေတြ႕က်တဲ့ ကူညီေပးမႈကို ယူကရိန္း အစိုးရနဲ႔ ျပည္သူေတြကိုယ္စား ေက်းဇူးစကား
ထပ္တလဲလဲ ေျပာခ်င္ပါတယ္လို႔လည္း သူကေျပာပါတယ္။
ပိုလန္အေနနဲ႔ စစ္ေဘးက တိမ္းေရွာင္ လာသူေတြကို ေကာင္းမြန္စြာ လက္ခံထားသလို ယူကရိန္းအတြက္ အလိုအပ္ဆုံး အကူအညီ
ေတြ ေပးခြင့္ရလို႔ ဝမ္းသာမိေၾကာင္း ပိုလန္ ကာကြယ္ေရးဝန္ႀကီး Mariusz Błaszczak က ေျပာပါတယ္။
ပိုလန္ကေပးပို႔တဲ့ စစ္လက္နက္ေတြဟာ နယ္စပ္က ေပးပို႔တာျဖစ္ၿပီး တန္ခ်ိန္ (၂) ရာနီးပါး ရွိတယ္ဆိုပါတယ္။ ဒါေပမယ့္ ဘယ္လို
လက္နက္ ေတြလည္းဆိုတာေတာ့ ထုတ္ေဖၚ ေျပာဆိုတာ မရွိပါဘူး။Credit;BurmaNewsNetwork
Video Player
Video Player
00:00
00:15
Credit Video
ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်
ရုရှား တိုက်ခိုက်ရေး ရဟတ်ယာဉ်တစီးကို ပစ်ချနိုင်ခဲ့တာကို အောက်ပါရုပ်သံမှာ တွေ့ရှိရမှာပဲ ဖြစ်ပါတယ်..နေရာအနှံ့ အပြားမှာလည်း
ယူကရိန်း ပြည်သူတွေက ပြင်းပြင်း ထန်ထန် ခုခံတိုက်ခိုက် နေကြပါတယ်
ယူကရိန်းရဲ့ ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ မြို့တော်ဟောင်း Kharkiv အနီးကို ဝင်ရောက်လာတဲ့ ရုရှားစစ်ယာဉ်တန်းကိုလည်း ဖေဖေါ်ဝါရီ
၂၆ ရက်နေ့က ယူကရိန်း ခုခံပြောက်ကျား တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ရာမှာ ရုရှားစစ်သား အနည်းဆုံး ၆၀ ကျော် သေဆုံးခဲ့ပြီး စစ်
ယာဉ်တန်း တတန်းလုံး ပျက်စီးကြောင်း ယူကရိန်းကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ဒေသခံ သတင်းသမားတွေက ပြောပါတယ်။
ထွက်ပြေးသွားတဲ့ ရုရှားစစ်သား ၃၀ နီးပါးကို ဒဏ်ရာတွေနဲ့ ထပ်မံဖမ်းဆီး ရထားတယ်လို့လည်း ပြောပါတယ်။မျက်မြင်
သတင်းထောက်တွေ အပြောအရ လမ်းဘေးတဝိုက်မှာ အလောင်းတွေ ပြန့်ကျဲနေတယ် လို့လည်း ပြောပါတယ်။
ပိုလန်က ကူညီပေးပို့တဲ့ စစ်လက်နက် ပစ္စည်းတွေကို လက်ခံရရှိလို့ ကျေးဇူးအထူးတင်ကြောင်း ယူကရိန်း ကာကွယ်ရေး ဦးစီးချုပ်က
ပြောပါတယ်။ အခက်အခဲရင်ဆိုင်ရချိန်မှာ လက်တွေ့ကျတဲ့ ကူညီပေးမှုကို ယူကရိန်း အစိုးရနဲ့ ပြည်သူတွေကိုယ်စား ကျေးဇူးစကား
ထပ်တလဲလဲ ပြောချင်ပါတယ်လို့လည်း သူကပြောပါတယ်။
ပိုလန်အနေနဲ့ စစ်ဘေးက တိမ်းရှောင် လာသူတွေကို ကောင်းမွန်စွာ လက်ခံထားသလို ယူကရိန်းအတွက် အလိုအပ်ဆုံး အကူအညီ
တွေ ပေးခွင့်ရလို့ ဝမ်းသာမိကြောင်း ပိုလန် ကာကွယ်ရေးဝန်ကြီး Mariusz Błaszczak က ပြောပါတယ်။
ပိုလန်ကပေးပို့တဲ့ စစ်လက်နက်တွေဟာ နယ်စပ်က ပေးပို့တာဖြစ်ပြီး တန်ချိန် (၂) ရာနီးပါး ရှိတယ်ဆိုပါတယ်။ ဒါပေမယ့် ဘယ်လို
လက်နက် တွေလည်းဆိုတာတော့ ထုတ်ဖေါ် ပြောဆိုတာ မရှိပါဘူး။Credit;BurmaNewsNetwork
Video Player
Video Player
00:00
00:15
Credit Video



