ၾကားသိရသမွ်

မိဘပိုက္ဆံနဲ႔ ဂိမ္းေဆာ့ Fb သုံးၿပီးအခ်ိန္ျဖဳန္းေနၾကတဲ့ ေခတ္ႀကီးမွာ ငယ္ငယ္ရြယ္ရြယ္နဲ႔မိဘကိုလုပ္ေႂကြးေနတဲ့ ၁၀ ႏွစ္သားေလး

မိဘပိုက္ဆံနဲ႔ ဂိမ္းေဆာ့ Fb သုံးၿပီးအခ်ိန္ျဖဳန္းေနၾကတဲ့ ေခတ္ႀကီးမွာ ငယ္ငယ္ရြယ္ရြယ္နဲ႔မိဘကိုလုပ္ေႂကြးေနတဲ့ ၁၀ ႏွစ္သားေလး

ဒီေန႔ ေန႔လည္တုန္းက ဆိုင္ကယ္နဲ႔ မိန္းနားသြားရင္း ဘီးေပါက္ပါေလေရာ။ အဲ့ဒီေတာ့ တြန္းေပါ့ေလ။ ပထမဆုံးေတြ႕တဲ့ဆိုင္က အဖိုးႀကီးတစ္ေယာက္ သူကၾကည့္ၿပီး ကၽြတ္လဲရမွာတဲ့။

ကလစ္ဆိုင္ကယ္မို႔ သူမျဖဳတ္ ေပးနိုင္ဘူးတဲ့။ ခက္တယ္တဲ့။ ဟုတ္တယ္။ Click ဆိုင္ကယ္ေတြက ေနာက္ဘီးျဖဳတ္ ရတာခက္တယ္ ။ ေရွ႕နားမွာ ဘီးဖာတဲ့ဆိုင္ရွိတယ္ တစ္ျပပဲ ဆိုတာနဲ႔ ဆက္တြန္းသြားလိုက္တာ ၆၉ လမ္းနဲ႔ ၃၉ လမ္းဆုံမွာ ဒီဆိုင္ေလး ေတြ႕ပါေလ ေရာဗ်ာ။

ဘီးဖာေပးတဲ့ ဆရာက အသက္ ၁၀ ႏွစ္ဆိုေတာ့ ဟျဖစ္ပါ့မလားေပါ့။ နာမည္က မင္းခန႔္ေက်ာ္တဲ့။ ေက်ာင္းက ၄ တန္းေျဖထားတယ္ဆိုပဲ … Click ဆိုင္ကယ္ကို မၿပီး ဘီးကို တစ္ေယာက္ထဲ အလြယ္တကူျဖဳတ္လို႔ ကၽြတ္အသစ္ လဲေပးတာမ်ား အေတာ္ကၽြမ္းက်င္တာဗ်။

သူ႔အေဖရဲ့ဆိုင္မွာ ေက်ာင္းပိတ္ရက္ေတြ ကူလုပ္ေပးေနတာတဲ့။ အသက္ ၈ ႏွစ္ကထဲက လာကူတာ အခုေတာ့ ေတာ္ေတာ္ေလးကို ကၽြမ္းက်င္ေနၿပီ။ သူ႔ဝမ္းသူ ေက်ာင္းနိုင္တဲ့ အသက္ေမြး ပညာတတ္သြားၿပီ။

ဒီေနရာမွာေျပာခ်င္တာက မိဘတိုင္း သားသမီးကို ခိုင္းပါ။ ေငြေၾကးခ်မ္းသာတဲ့သူေရာ ဆင္းရဲတဲ့သူပါ သားသမီးကို အလုပ္လုပ္ ခိုင္းၾကပါ။အလုပ္လုပ္ျခင္းက လူကို ရင့္က်က္ေစပါတယ္။

ကိုယ္တိုင္အလုပ္လုပ္ၿပီးရွာရတဲ့ ေငြရဲ့ တန္ဘိုးကိုသိသြားတဲ့အတြက္ ဘယ္ေတာ့မွ လမ္းမွားမေရာက္ေတာ့ဘူး။ မပ်င္းေတာ့ဘူး။ အခုေခတ္မိဘေတြ သားသမီးကိုမခိုင္းၾကဘူး။ အိမ္ကအေႂကြးတင္ေနေပမယ့္ သားသမီးၾက ဖိနပ္

သိန္းေက်ာ္တန္ ဆိုင္ကယ္အေကာင္းစား ကားအေကာင္းစားနဲ႔ ထားၾကတယ္။ အဲ့ဒီေတာ့ သားသ မီးက မိဘကို ကိုယ္ျခင္းလဲ မစာ။ ေလာကနိယာမ တရားလဲမသိ။ အလုပ္လဲမလုပ္ခ်င္။

မိမိဘဝ အေျခအေနမွန္ကိုလဲ မသိ နဲ႔ ေဟးလားဝါးလား အသက္ႀကီးၿပီး မတိုးတက္ပဲ လူညႊန႔္တုန္းရပါတယ္။ အခုေခတ္ ကေလးေတြပိုဆိုးပါတယ္ ။ Game နဲ႔ Facebook ကို ဘဝထင္ၿပီး တစ္ခ်ိန္လုံး ႏွိပ္ေနတယ္။ ကိုယ္ရွာတဲ့ ပိုက္ဆံနဲ႔ ကိုယ္ႏွိပ္ရင္ မေျပာလိုပါဘူး။

မိဘပိုက္ဆံနဲ႔ ႏွိပ္တာေတာ့ လြန္ပါတယ္။ အဲ့ဒီေတာ့ မိဘမ်ား သား သမီးကို ခ်စ္တယ္ဆို မ်ားမ်ား ခိုင္းၾကပါ။ ဒါမွ သူတို႔ ဘဝေတြတိုးတက္မွာပါ။ ေငြပုံႀကီးေပးထားလဲ အခ်ိန္တန္ ကုန္သြားမွာပါ။ ေငြရွာနည္း သင္ေပးလိုက္ရင္ တစ္သက္ မကုန္ေတာ့ပါဘူး။

ငယ္ငယ္ရြယ္ရြယ္နဲ႔ အလုပ္ႀကိဳးစားေနတဲ့ လူေတာ္ေလး ေမာင္မင္းခန႔္ေက်ာ္ကို အားေပးခ်င္ရင္ေတာ့ ၆၉ လမ္းနဲ႔ ၃၉ လမ္းေဒါင့္မွာရွိတဲ့ သူ႔ဆိုင္မွာ တာယာလဲတာ ေလခ်ိန္တာ ဘီးဖာတာေတြ လုပ္ေပးေနပါတယ္လို႔ ။ Crd PyiSoeOo

unicode

မိဘပိုက်ဆံနဲ့ ဂိမ်းဆော့ Fb သုံးပြီးအချိန်ဖြုန်းနေကြတဲ့ ခေတ်ကြီးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့မိဘကိုလုပ်ကြွေးနေတဲ့ ၁၀ နှစ်သားလေး

ဒီနေ့ နေ့လည်တုန်းက ဆိုင်ကယ်နဲ့ မိန်းနားသွားရင်း ဘီးပေါက်ပါလေရော။ အဲ့ဒီတော့ တွန်းပေါ့လေ။ ပထမဆုံးတွေ့တဲ့ဆိုင်က အဖိုးကြီးတစ်ယောက် သူကကြည့်ပြီး ကျွတ်လဲရမှာတဲ့။

ကလစ်ဆိုင်ကယ်မို့ သူမဖြုတ် ပေးနိုင်ဘူးတဲ့။ ခက်တယ်တဲ့။ ဟုတ်တယ်။ Click ဆိုင်ကယ်တွေက နောက်ဘီးဖြုတ် ရတာခက်တယ် ။ ရှေ့နားမှာ ဘီးဖာတဲ့ဆိုင်ရှိတယ် တစ်ပြပဲ ဆိုတာနဲ့ ဆက်တွန်းသွားလိုက်တာ ၆၉ လမ်းနဲ့ ၃၉ လမ်းဆုံမှာ ဒီဆိုင်လေး တွေ့ပါလေ ရောဗျာ။

ဘီးဖာပေးတဲ့ ဆရာက အသက် ၁၀ နှစ်ဆိုတော့ ဟဖြစ်ပါ့မလားပေါ့။ နာမည်က မင်းခန့်ကျော်တဲ့။ ကျောင်းက ၄ တန်းဖြေထားတယ်ဆိုပဲ … Click ဆိုင်ကယ်ကို မပြီး ဘီးကို တစ်ယောက်ထဲ အလွယ်တကူဖြုတ်လို့ ကျွတ်အသစ် လဲပေးတာများ အတော်ကျွမ်းကျင်တာဗျ။

သူ့အဖေရဲ့ဆိုင်မှာ ကျောင်းပိတ်ရက်တွေ ကူလုပ်ပေးနေတာတဲ့။ အသက် ၈ နှစ်ကထဲက လာကူတာ အခုတော့ တော်တော်လေးကို ကျွမ်းကျင်နေပြီ။ သူ့ဝမ်းသူ ကျောင်းနိုင်တဲ့ အသက်မွေး ပညာတတ်သွားပြီ။

ဒီနေရာမှာပြောချင်တာက မိဘတိုင်း သားသမီးကို ခိုင်းပါ။ ငွေကြေးချမ်းသာတဲ့သူရော ဆင်းရဲတဲ့သူပါ သားသမီးကို အလုပ်လုပ် ခိုင်းကြပါ။အလုပ်လုပ်ခြင်းက လူကို ရင့်ကျက်စေပါတယ်။

ကိုယ်တိုင်အလုပ်လုပ်ပြီးရှာရတဲ့ ငွေရဲ့ တန်ဘိုးကိုသိသွားတဲ့အတွက် ဘယ်တော့မှ လမ်းမှားမရောက်တော့ဘူး။ မပျင်းတော့ဘူး။ အခုခေတ်မိဘတွေ သားသမီးကိုမခိုင်းကြဘူး။ အိမ်ကအကြွေးတင်နေပေမယ့် သားသမီးကြ ဖိနပ်

သိန်းကျော်တန် ဆိုင်ကယ်အကောင်းစား ကားအကောင်းစားနဲ့ ထားကြတယ်။ အဲ့ဒီတော့ သားသ မီးက မိဘကို ကိုယ်ခြင်းလဲ မစာ။ လောကနိယာမ တရားလဲမသိ။ အလုပ်လဲမလုပ်ချင်။

မိမိဘဝ အခြေအနေမှန်ကိုလဲ မသိ နဲ့ ဟေးလားဝါးလား အသက်ကြီးပြီး မတိုးတက်ပဲ လူညွှန့်တုန်းရပါတယ်။ အခုခေတ် ကလေးတွေပိုဆိုးပါတယ် ။ Game နဲ့ Facebook ကို ဘဝထင်ပြီး တစ်ချိန်လုံး နှိပ်နေတယ်။ ကိုယ်ရှာတဲ့ ပိုက်ဆံနဲ့ ကိုယ်နှိပ်ရင် မပြောလိုပါဘူး။

မိဘပိုက်ဆံနဲ့ နှိပ်တာတော့ လွန်ပါတယ်။ အဲ့ဒီတော့ မိဘများ သား သမီးကို ချစ်တယ်ဆို များများ ခိုင်းကြပါ။ ဒါမှ သူတို့ ဘဝတွေတိုးတက်မှာပါ။ ငွေပုံကြီးပေးထားလဲ အချိန်တန် ကုန်သွားမှာပါ။ ငွေရှာနည်း သင်ပေးလိုက်ရင် တစ်သက် မကုန်တော့ပါဘူး။

ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြိုးစားနေတဲ့ လူတော်လေး မောင်မင်းခန့်ကျော်ကို အားပေးချင်ရင်တော့ ၆၉ လမ်းနဲ့ ၃၉ လမ်းဒေါင့်မှာရှိတဲ့ သူ့ဆိုင်မှာ တာယာလဲတာ လေချိန်တာ ဘီးဖာတာတွေ လုပ်ပေးနေပါတယ်လို့ ။ Crd PyiSoeOo