ၾကားသိရသမွ်

႔ ျမန္မာက စတင္လိုက္ၾကရေအာင္ပါ…

ျမန္မာက စရေအာင္

ျမန္မာႏိုင္ငံဟာ ဥပေဒ မေကာင္းခဲ့လို႔ အနိမ့္ဆံုးအဆင့္ေရာက္ခဲ့ရတယ္….ဒါကို အခု ျပင္ဖို႔ႀကိဳးစားေနၾကတယ္….

ဥပေဒ မေကာင္းခဲ့လို အာဏာရွင္ေတြ ဝိသမ ေလာဘသမားေတြ လာဘ္ေပးသူ လာဘ္ယူသူေတြ ႀကီးစိုးၿပီး ခ်မ္းသာတဲ့သူေတြက ခ်မ္းသာသထက္ ခ်မ္းသာၿပီး ျပည္သူေတြက ဆင္းရဲသထက္ ဆင္းရဲလာတယ္…

တကယ္ေတာ့….ဥပေဒျပင္ယံုနဲ ့ နည္းနည္းပဲေျပာင္းလဲလာပါလိမ့္မယ္ ဥပေဒျပင္ၿပီးတာေတာင္ အာဏာရွင္ေတြ အာဏာ႐ူးေတြ ဝိသမ ေလာဘ ေတြ နဲ ့ လာဘ္ေပးလာဘ္ယူမႈ႕ေတြ ဟာ ဘယ္ေတာ့မွ အၿပီးေပ်ာက္မသြားပါဘူး….

ဘာ့ေၾကာင့္လည္း ဆိုေတာ့ တိုးတက္တဲ့ ဒီမိုကေရစီ ႏိုင္ငံႀကီးေတြ မွာလည္း အာဏာအတြက္မသမာမူ႕ေတြ လာဘ္ေပးလာဘ္ယူ မႈ႕ေတြဟာ အခုထက္ထိ ရွိေနေသးသလို ေနာင္လည္း ရွိေနဦးမွာပါပဲ….

တကယ္ေတာ့ ဥပေဒေကာင္းရင္ ႏိုင္ငံတိုးတက္တယ္ဆိုတာ မွန္ေပမဲ့လူသားအခ်င္းခ်င္း ေငြေၾကးဥစၥာေတြနဲ ့ ကိုယ္က်င့္တရားေတြေဖ်ာက္ဖ်က္ခိုင္းတဲ့သူေတြကေတာ့ အၿမဲတမ္းရွိေနဦးမွာပါပဲ….

ဒါ့ေၾကာင့္ ဥပေဒ ဘယ္ေလာက္ေကာင္းေကာင္း လူသားေတြအတြက္ အုပီးအပိုင္ မျပည့္စံုႏိုင္ပါဘူး….ဒါျဖင့္ အၿပီးအပိုင္ ျပည့္စံုႏိုင္ေစတာရွိသလားလို႔ ေမးစရာရွိပါတယ္….

ရွိတာေပါ့….ဗုဒၶရဲ႕ဓမၼေတြကိုသာ လူသားေတြ က်င့္သံုးၾကပါေစ…..

အာဏာအတြက္ ႐ူးမဲ့လူမရွိဘူး…

ဘယ္သူေသေသ ငေတမာၿပီးေရာဆိုတဲ့ စီးပြားေရးသမားေတြ ေပၚမလာေစရဘူး….

လာဘ္ထိုးမဲ့သူေတြလည္း မထိုးႏိုင္သလို ယူမဲ့သူဆတြလည္း သီလပ်က္မွာစိုးလို ့ မယူရဲေတာ့ဘူး….

လူသားတိုင္းဟာ ၿငိမ္းခ်မ္းမႈ႕ျပည့္စံုတဲ့ လူ႔ေလာကႀကီးကို ပိုင္ဆိုင္ႏိုင္ၾကပါလိမ့္မယ္…

အဲဒီေတာ့ ဥပေဒေကာင္းေအာင္ ျပင္ၾကရမွာျဖစ္သလို ဥပေဒနဲ ့ကာကြယ္စရာေတာင္မလိုတဲ့ ဓမၼေတြကို လူသားေတြ ရင္ထဲ ေရာက္ရွိဖို႔လည္းႀကိဳးပမ္းသင့္လွပါတယ္….

တဦးနဲ႔တဦး ၿငိမ္းခ်မ္းေစတဲ့ေမတၱာ….

တဦးဒုကၡေရာက္ရင္ တဦးက ကူညီေဖးမႏိုင္တဲ့ ကရဳဏာ….

တဦးေကာင္းစားရင္ တဦးက ဝမ္းေျမာက္တဲ့ မုဒိတာ….

ဘယ္လိုမွ မကူညီႏိုင္တာေတာင္ ရင္ထဲမွာ ဘာမွ မပူေလာင္ေအာင္ႏွလံုးသြင္းႏိုင္တဲ့ ဥေပကၡာ….

ကဲ…ေလာကႀကီးသာယာေစတဲ့ ျဗဟၼစိုရ္တရား ေလးပါးဟာ ဥပေဒထက္ သာလြန္တဲ့ ဓမၼေတြ မဟုတ္ပါလား….

ျမန္မာျပည္ဟာ ဗုဒၶဘာသာဝင္ႏိုင္ငံလို႔သာ ေခါင္းစဥ္တပ္ခဲ့ေပမဲ့ ဗုဒၶတရားေတာ္ေတြကို မက်င့္သံုးခဲ့ၾကလို႔ အာဏာရွင္ေတြ အာဏာ႐ူးေတြ ဝိသမေလာဘသားေတြ ႀကီးစိုးခဲ့ၿပီး ျဖစ္ခ်င္တိုင္း ျဖစ္သြားခဲ့တာပါ..

ဒါ့ေၾကာင္ ေနာင္လာမဲ့ အနာဂါတ္မ်ိဳးဆက္သစ္ေတြရဲ႕ရင္ထဲကို ျမဟၼစိုရ္တရားေလးပါးသာ ကိန္းေအာင္ ျပဳစုပ်ိဳးေထာင္ေပးၾကပါ….

ေနာင္တခ်ိန္ျမန္မာႏိုင္ငံမွာ အာဏာ႐ူးေတြ အာဏာရွင္ေတြ ဝိသမေလာဘသားေတြ ဘယ္ေတာ့မွ ေပၚလာစရာ အေၾကာင္းမရွိပါဘူး….

ဒါကိုလက္ခံမယ္ဆိုရင္ စာသင္ေက်ာင္း ေတြမွာ ဗုဒၶတရားေတာ္ေတြ ထည့္သင္ၿပီး အနာဂါတ္အတြက္ ပံုေဖၚထားသင့္ပါတယ္….

အဲဒီအတိုင္း ပံုေဖၚေပးရင္ ေနာင္တခ်ိန္မွာ ျမန္မာႏိုင္ငံရဲ႕ဒီမိုကေရစီဟာ ကမ႓ာကေတာင္ ျပန္ၿပီး အတုယူရပါလိမ့္မယ္….

တကယ္ေတာ့ ဗုဒၶဓမၼေတြဟာလည္း ဥပေဒ ေလာက ဥပေဒေတြ အမ်ားႀကီးပါပါတယ္…

လူသားေတြ သတ္မွတ္ထားတဲ့ဥပေဒကမွ ေခတ္အေျခအေနအရ အေျပာင္းအလဲ လုပ္သင့္ရင္ လုပ္ရပါေသးတယ္ ….

ဗုဒၶရဲ႕ ဓမၼေတြက ထာဝရ အမွန္တရားေတြပါ…..ဥပမာ တိုင္းျပည္ကို သက္ဦးဆံပိုင္ဘုရစ္စနစ္နဲ ့အုပ္ခ်ဳပ္မယ္ဆိုရင္ ဘုရင္ဟာ မင္းက်င့္တရားဆယ္ပါးနဲ ့အုပ္ခ်ဳပ္ရမယ္ ….

သက္ဦးဆံပိုင္ဘုရင္စနစ္နဲ ့မဟုတ္ပဲ တျခားေသာစနစ္နဲ ့အုပ္ခ်ဳပ္မယ္ဆိုရင္ ေခါင္းေဆာင္ေတြဟာ အပရိနိဟာရ ဆိုတဲ့ ေခါင္းေဆာင္တို႔က်င့္အပ္ေသာတရား ခုနစ္ပါးဆိုတဲ့ ေခါင္းေဆာင္ေတြ က်င့္ေဆာင္ရမဲ့ တရားေတြနဲ ့တိုင္းျပည္ကို အုပ္ခ်ဳပ္ရမယ္တဲ့

ကဲ ….ဘယ္စနစ္နဲ ့ပဲ အုပ္ခ်ဳပ္ အုပ္ခ်ဳပ္ဟာကြက္မရွိေအာင္ ေဟာထားၿပီးသားပါ …..ဒါ့ေၾကာင့္ ဗုဒၶတရားေတာ္ေတြဟာ ဒီမိုကေရစီစနစ္ အတိုင္းပါပဲ….

ဥပေဒထက္ သာလြန္ေသာ ဓမၼတရားေတြ ကမ႓ာသူကမ႓ာသားမ်ား က်င့္သံုးေစဖို႔ ျမန္မာက စတင္လိုက္ၾကရေအာင္ပါ….။ဦးျမင့္ခိုင္ Share

unicode

မြန်မာက စရအောင်

မြန်မာနိုင်ငံဟာ ဥပဒေ မကောင်းခဲ့လို့ အနိမ့်ဆုံးအဆင့်ရောက်ခဲ့ရတယ်….ဒါကို အခု ပြင်ဖို့ကြိုးစားနေကြတယ်….

ဥပဒေ မကောင်းခဲ့လို အာဏာရှင်တွေ ဝိသမ လောဘသမားတွေ လာဘ်ပေးသူ လာဘ်ယူသူတွေ ကြီးစိုးပြီး ချမ်းသာတဲ့သူတွေက ချမ်းသာသထက် ချမ်းသာပြီး ပြည်သူတွေက ဆင်းရဲသထက် ဆင်းရဲလာတယ်…

တကယ်တော့….ဥပဒေပြင်ယုံနဲ့ နည်းနည်းပဲပြောင်းလဲလာပါလိမ့်မယ် ဥပဒေပြင်ပြီးတာတောင် အာဏာရှင်တွေ အာဏာရူးတွေ ဝိသမ လောဘ တွေ နဲ့ လာဘ်ပေးလာဘ်ယူမှု့တွေ ဟာ ဘယ်တော့မှ အပြီးပျောက်မသွားပါဘူး….

ဘာ့ကြောင့်လည်း ဆိုတော့ တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံကြီးတွေ မှာလည်း အာဏာအတွက်မသမာမူ့တွေ လာဘ်ပေးလာဘ်ယူ မှု့တွေဟာ အခုထက်ထိ ရှိနေသေးသလို နောင်လည်း ရှိနေဦးမှာပါပဲ….

တကယ်တော့ ဥပဒေကောင်းရင် နိုင်ငံတိုးတက်တယ်ဆိုတာ မှန်ပေမဲ့လူသားအချင်းချင်း ငွေကြေးဥစ္စာတွေနဲ့ ကိုယ်ကျင့်တရားတွေဖျောက်ဖျက်ခိုင်းတဲ့သူတွေကတော့ အမြဲတမ်းရှိနေဦးမှာပါပဲ….

ဒါ့ကြောင့် ဥပဒေ ဘယ်လောက်ကောင်းကောင်း လူသားတွေအတွက် အုပီးအပိုင် မပြည့်စုံနိုင်ပါဘူး….ဒါဖြင့် အပြီးအပိုင် ပြည့်စုံနိုင်စေတာရှိသလားလို့ မေးစရာရှိပါတယ်….

ရှိတာပေါ့….ဗုဒ္ဓရဲ့ဓမ္မတွေကိုသာ လူသားတွေ ကျင့်သုံးကြပါစေ…..

အာဏာအတွက် ရူးမဲ့လူမရှိဘူး…

ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စီးပွားရေးသမားတွေ ပေါ်မလာစေရဘူး….

လာဘ်ထိုးမဲ့သူတွေလည်း မထိုးနိုင်သလို ယူမဲ့သူဆတွလည်း သီလပျက်မှာစိုးလို့ မယူရဲတော့ဘူး….

လူသားတိုင်းဟာ ငြိမ်းချမ်းမှု့ပြည့်စုံတဲ့ လူ့လောကကြီးကို ပိုင်ဆိုင်နိုင်ကြပါလိမ့်မယ်…

အဲဒီတော့ ဥပဒေကောင်းအောင် ပြင်ကြရမှာဖြစ်သလို ဥပဒေနဲ့ကာကွယ်စရာတောင်မလိုတဲ့ ဓမ္မတွေကို လူသားတွေ ရင်ထဲ ရောက်ရှိဖို့လည်းကြိုးပမ်းသင့်လှပါတယ်….

တဦးနဲ့တဦး ငြိမ်းချမ်းစေတဲ့မေတ္တာ….

တဦးဒုက္ခရောက်ရင် တဦးက ကူညီဖေးမနိုင်တဲ့ ကရုဏာ….

တဦးကောင်းစားရင် တဦးက ဝမ်းမြောက်တဲ့ မုဒိတာ….

ဘယ်လိုမှ မကူညီနိုင်တာတောင် ရင်ထဲမှာ ဘာမှ မပူလောင်အောင်နှလုံးသွင်းနိုင်တဲ့ ဥပေက္ခာ….

ကဲ…လောကကြီးသာယာစေတဲ့ ဗြဟ္မစိုရ်တရား လေးပါးဟာ ဥပဒေထက် သာလွန်တဲ့ ဓမ္မတွေ မဟုတ်ပါလား….

မြန်မာပြည်ဟာ ဗုဒ္ဓဘာသာဝင်နိုင်ငံလို့သာ ခေါင်းစဉ်တပ်ခဲ့ပေမဲ့ ဗုဒ္ဓတရားတော်တွေကို မကျင့်သုံးခဲ့ကြလို့ အာဏာရှင်တွေ အာဏာရူးတွေ ဝိသမလောဘသားတွေ ကြီးစိုးခဲ့ပြီး ဖြစ်ချင်တိုင်း ဖြစ်သွားခဲ့တာပါ..

ဒါ့ကြောင် နောင်လာမဲ့ အနာဂါတ်မျိုးဆက်သစ်တွေရဲ့ရင်ထဲကို မြဟ္မစိုရ်တရားလေးပါးသာ ကိန်းအောင် ပြုစုပျိုးထောင်ပေးကြပါ….

နောင်တချိန်မြန်မာနိုင်ငံမှာ အာဏာရူးတွေ အာဏာရှင်တွေ ဝိသမလောဘသားတွေ ဘယ်တော့မှ ပေါ်လာစရာ အကြောင်းမရှိပါဘူး….

ဒါကိုလက်ခံမယ်ဆိုရင် စာသင်ကျောင်း တွေမှာ ဗုဒ္ဓတရားတော်တွေ ထည့်သင်ပြီး အနာဂါတ်အတွက် ပုံဖေါ်ထားသင့်ပါတယ်….

အဲဒီအတိုင်း ပုံဖေါ်ပေးရင် နောင်တချိန်မှာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီဟာ ကမ္ဘာကတောင် ပြန်ပြီး အတုယူရပါလိမ့်မယ်….

တကယ်တော့ ဗုဒ္ဓဓမ္မတွေဟာလည်း ဥပဒေ လောက ဥပဒေတွေ အများကြီးပါပါတယ်…

လူသားတွေ သတ်မှတ်ထားတဲ့ဥပဒေကမှ ခေတ်အခြေအနေအရ အပြောင်းအလဲ လုပ်သင့်ရင် လုပ်ရပါသေးတယ် ….

ဗုဒ္ဓရဲ့ ဓမ္မတွေက ထာဝရ အမှန်တရားတွေပါ…..ဥပမာ တိုင်းပြည်ကို သက်ဦးဆံပိုင်ဘုရစ်စနစ်နဲ့အုပ်ချုပ်မယ်ဆိုရင် ဘုရင်ဟာ မင်းကျင့်တရားဆယ်ပါးနဲ့အုပ်ချုပ်ရမယ် ….

သက်ဦးဆံပိုင်ဘုရင်စနစ်နဲ့မဟုတ်ပဲ တခြားသောစနစ်နဲ့အုပ်ချုပ်မယ်ဆိုရင် ခေါင်းဆောင်တွေဟာ အပရိနိဟာရ ဆိုတဲ့ ခေါင်းဆောင်တို့ကျင့်အပ်သောတရား ခုနစ်ပါးဆိုတဲ့ ခေါင်းဆောင်တွေ ကျင့်ဆောင်ရမဲ့ တရားတွေနဲ့တိုင်းပြည်ကို အုပ်ချုပ်ရမယ်တဲ့

ကဲ ….ဘယ်စနစ်နဲ့ပဲ အုပ်ချုပ် အုပ်ချုပ်ဟာကွက်မရှိအောင် ဟောထားပြီးသားပါ …..ဒါ့ကြောင့် ဗုဒ္ဓတရားတော်တွေဟာ ဒီမိုကရေစီစနစ် အတိုင်းပါပဲ….

ဥပဒေထက် သာလွန်သော ဓမ္မတရားတွေ ကမ္ဘာသူကမ္ဘာသားများ ကျင့်သုံးစေဖို့ မြန်မာက စတင်လိုက်ကြရအောင်ပါ….။ဦးမြင့်ခိုင် Share