အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများတွင် သင်ကြားနေသော ဆရာ၊ ဆရာမများကို အမြင့်ဆုံးရရှိထားသော ဘွဲ့အလိုက် ချီးမြှင့်ငွေများပေး
သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။…
(ယူနီကုဒ္ ျဖင့္ ဖတ္မရသူမ်ား ေအာက္တြင္ ေဇာ္ဂ်ီေဖာင့္ျဖင့္ဖတ္ရန္)
နိုဝင်ဘာလ နောက်ဆုံးအပတ်က အခြေခံဦးစီးဌာနအနေဖြင့် တိုင်းနှင့်ပြည်နယ်အားလုံးရှိ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများထံ ချီးမြှင့်ရန်ပုံငွေ ခွဲဝေပေးသည့်
အကြောင်းကြားစာကို ပေးပို့ခဲ့ကြောင်း သိရပါတယ်။…
သင်ကြားနေသော ဆရာ၊ ဆရာမများအနက် မဟာဒဿန၊ မဟာ၊ မဟာသုတေသနဘွဲ့ ရရှိသူ ၅၅၄၈ ဦးအတွက် တစ်ဦးလျှင် တစ်လ ကျပ် ၂၅၀၀၀ နှုန်း၊
ဒေါက်တာဘွဲ့ရရှိသူ ၄၉ ဦးအတွက် တစ်ဦးလျှင် တစ်လ ကျပ် ၃၀၀၀၀ နှုန်းဖြင့် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။…
ယခင် ဒေါက်တာဘွဲ့ရ အထက်တန်းကျောင်းအုပ်များကို တစ်လ ကျပ် နှစ်သောင်းနှုန်း ချီးမြှင့်နေမှုကို ယခု ထုတ်ပြန်ထားသောအမိန့်နှင့်လွှမ်းမိုးပယ်ဖျက်
ကြောင်းလည်း ဆိုထားပါတယ်။၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် ချီးမြှင့်ငွေကျပ် ၈၃၈သန်းကျော်ကို ခြောက်လ
ဘတ်ဂျက် ငွေစာရင်းခေါင်းစဉ် ၂၂ ပညာရေး၊…..
၅-အခြေခံပညာဦးစီးဌာန၊(၁) ဌာနချုပ်(၀၁၀၂)၊ စရိတ်ချီးမြှင့်ငွေ စသည့်ခေါင်းစဉ်များအောက်မှ ချင်းပြည် နယ်ပညာရေးမှူးရုံး(MD)နှင့် သက်ဆိုင်ရာမြို့နယ်
ပညာရေးမှူးရုံး(MD)များသို့ ပူးတွဲပါအတိုင်း ခွဲဝေသတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။…
ဇော်ဂျီဖောင့်ဖြင့် ဖတ်ရန်
အေျခခံပညာဦးစီးဌာနေအာက္ရွိ အေျခခံပညာေက်ာင္းမ်ားတြင္ သင္ၾကားေနေသာ ဆရာ၊ ဆရာမမ်ားကို အျမင့္ဆုံးရရွိထားေသာ ဘြဲ႕အလိုက္ ခ်ီးျမႇင့္ေငြမ်ားေပး
သြားမည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာနမွ သိရပါတယ္။…
နိုဝင္ဘာလ ေနာက္ဆုံးအပတ္က အေျခခံဦးစီးဌာနအေနျဖင့္ တိုင္းႏွင့္ျပည္နယ္အားလုံးရွိ သက္ဆိုင္ရာၿမိဳ႕နယ္ပညာေရးမႉး႐ုံးမ်ားထံ ခ်ီးျမႇင့္ရန္ပုံေငြ ခြဲေဝေပးသည့္
အေၾကာင္းၾကားစာကို ေပးပို႔ခဲ့ေၾကာင္း သိရပါတယ္။…
သင္ၾကားေနေသာ ဆရာ၊ ဆရာမမ်ားအနက္ မဟာဒႆန၊ မဟာ၊ မဟာသုေတသနဘြဲ႕ ရရွိသူ ၅၅၄၈ ဦးအတြက္ တစ္ဦးလွ်င္ တစ္လ က်ပ္ ၂၅၀၀၀ ႏႈန္း၊ ေဒါက္တာ
ဘြဲ႕ရရွိသူ ၄၉ ဦးအတြက္ တစ္ဦးလွ်င္ တစ္လ က်ပ္ ၃၀၀၀၀ ႏႈန္းျဖင့္ ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။…
ယခင္ ေဒါက္တာဘြဲ႕ရ အထက္တန္းေက်ာင္းအုပ္မ်ားကို တစ္လ က်ပ္ ႏွစ္ေသာင္းႏႈန္း ခ်ီးျမႇင့္ေနမႈကို ယခု ထုတ္ျပန္ထားေသာအမိန႔္ႏွင့္လႊမ္းမိုးပယ္ဖ်က္ေၾကာင္းလ
ည္း ဆိုထားပါတယ္။၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလမွ ၂၀၂၂ ခုႏွစ္ မတ္လအထိ ေျခာက္လအတြက္ ခ်ီးျမႇင့္ေငြက်ပ္ ၈၃၈သန္းေက်ာ္ကို ေျခာက္လဘတ္ဂ်က္ ေငြစာရ
င္းေခါင္းစဥ္ ၂၂ ပညာေရး၊…..
၅-အေျခခံပညာဦးစီးဌာန၊(၁) ဌာနခ်ဳပ္(၀၁၀၂)၊ စရိတ္ခ်ီးျမႇင့္ေငြ စသည့္ေခါင္းစဥ္မ်ားေအာက္မွ ခ်င္းျပည္ နယ္ပညာေရးမႉး႐ုံး(MD)ႏွင့္ သက္ဆိုင္ရာၿမိဳ႕နယ္ပညာေရး
မႉး႐ုံး(MD)မ်ားသို႔ ပူးတြဲပါအတိုင္း ခြဲေဝသတ္မွတ္ေပးမည္ျဖစ္ေၾကာင္း သိရပါတယ္။…



