ၾကားသိရသမွ်

၄ လတာ သင္ၾကားခဲ့ရတဲ့ စစ္ေကာင္စီရဲ႕ အတန္းတင္စာေမးပြဲရလဒ္ဒီေန႔ ထြက္ေပၚ ေအာင္ခ်က္ျမင့္မား

၄ လတာ သင္ၾကားခဲ့ရတဲ့ စစ္ေကာင္စီရဲ႕ အတန္းတင္စာေမးပြဲရလဒ္ဒီေန႔ ထြက္ေပၚ ေအာင္ခ်က္ျမင့္မား

အ​ေျခခံပညာအတန္းတင္စာေမးပြဲ ဒီကေန မနက္မွာ စစ္ေကာင္စီလက္ေအာက္ခံ ပညာေရးဝန္ႀကီးဌာနက

သတင္းထုတ္ျပန္လာရာမွာ ေအာင္ခ်က္ႏႈန္းအလြန္ျမင့္မားၿပီး တန္းလုံးကြၽတ္ေအာင္တာေတြ ရွိတယ္လို႔ ဆိုပါတယ္။

စစ္ေကာင္စီလက္ထက္ဖြင့္လွစ္ခဲ့တဲ့၂၀၂၁-၂၀၂၂ ခုႏွစ္ပညာသင္ႏွစ္အတြက္ ၿပီးခဲ့တဲ့ မတ္လ ၁၇ ရက္ ကေန ၂၃ ရက္အထိ

ေနရာေဒသအမ်ားအျပားမွာ ျပဳလုပ္တဲ့အေျခခံပညာမူလ၊ အလယ္၊ အထက္တန္း (နဝမတန္း) စာေမးပြဲေတြရဲ႕

ေအာင္စာရင္းလဒ္ကို သူတို႔လက္ေအာက္ခံ စာသင္ေက်ာင္းေတြမွာ ထုတ္ျပန္လာတာျဖစ္ပါတယ္။

”ေအာင္စာရင္း ဒီကေန႔မနက္ထြက္တယ္။ ၄ တန္းကေန ၉ တန္းထိေပါ့။ ၈ တန္းကေတာ့ အစိုးရစစ္ေပါ့။

က်န္တာက ေက်ာင္းတြင္းစစ္။ က်န္တဲ့ေနရာေတြေတာ့မသိဘူး

ကြၽန္မတို႔ ေက်ာင္းေတြကေတာ့ တန္းလုံးကြၽတ္ေအာင္ၾကတယ္” လို႔ မင္းဘူးခ႐ိုင္အတြင္းက အလယ္တန္းျပ

ဆရာမတစ္ေယာက္က ေျပာပါတယ္။ စစ္ေကာင္စီဟာ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလ ၁ ရက္ေန႔က စတင္လို႔ စာသင္ေက်ာင္းအားလုံးျပန္လည္ဖြင့္လွစ္ခဲ့ၿပီး

၄ လေက်ာ္အၾကာ မတ္လအတြင္းထဲမွာ စာသင္ေက်ာင္းအားလုံးကို စာေမးပြဲ စစ္ေဆးေျဖဆိုခိုင္းခဲ့တာလို႔ သိရပါတယ္။

ျပည္ ခ႐ိုင္အတြင္းက စစ္ေကာင္စီပညာေရးဌာန အျခားသတင္းရင္းျမစ္တစ္ခုကလည္း စစ္ေကာင္စီရဲ႕စာေမးပြဲကိုေျဖဆိုတဲ့ေက်ာင္း

သားအမ်ားအျပား စာေမးပြဲေအာင္ျမင္ၿပီး ေအာင္ခ်က္ရာခိုင္ႏႈန္းျမင့္မားတယ္လို႔ ဆိုပါတယ္။

crd-

Unicode,

၄ လတာ သင်ကြားခဲ့ရတဲ့ စစ်ကောင်စီရဲ့ အတန်းတင်စာမေးပွဲရလဒ်ဒီနေ့ ထွက်ပေါ် အောင်ချက်မြင့်မား

အခြေခံပညာအတန်းတင်စာမေးပွဲ ဒီကနေ မနက်မှာ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက

သတင်းထုတ်ပြန်လာရာမှာ အောင်ချက်နှုန်းအလွန်မြင့်မားပြီး တန်းလုံးကျွတ်အောင်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်ထက်ဖွင့်လှစ်ခဲ့တဲ့၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်အတွက် ပြီးခဲ့တဲ့ မတ်လ ၁၇ ရက် ကနေ ၂၃ ရက်အထိ

နေရာဒေသအများအပြားမှာ ပြုလုပ်တဲ့အခြေခံပညာမူလ၊ အလယ်၊ အထက်တန်း (နဝမတန်း) စာမေးပွဲတွေရဲ့

အောင်စာရင်းလဒ်ကို သူတို့လက်အောက်ခံ စာသင်ကျောင်းတွေမှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

”အောင်စာရင်း ဒီကနေ့မနက်ထွက်တယ်။ ၄ တန်းကနေ ၉ တန်းထိပေါ့။ ၈ တန်းကတော့ အစိုးရစစ်ပေါ့။

ကျန်တာက ကျောင်းတွင်းစစ်။ ကျန်တဲ့နေရာတွေတော့မသိဘူး

ကျွန်မတို့ ကျောင်းတွေကတော့ တန်းလုံးကျွတ်အောင်ကြတယ်” လို့ မင်းဘူးခရိုင်အတွင်းက အလယ်တန်းပြ

ဆရာမတစ်ယောက်က ပြောပါတယ်။ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင်လို့ စာသင်ကျောင်းအားလုံးပြန်လည်ဖွင့်လှစ်ခဲ့ပြီး

၄ လကျော်အကြာ မတ်လအတွင်းထဲမှာ စာသင်ကျောင်းအားလုံးကို စာမေးပွဲ စစ်ဆေးဖြေဆိုခိုင်းခဲ့တာလို့ သိရပါတယ်။

ပြည် ခရိုင်အတွင်းက စစ်ကောင်စီပညာရေးဌာန အခြားသတင်းရင်းမြစ်တစ်ခုကလည်း စစ်ကောင်စီရဲ့စာမေးပွဲကိုဖြေဆိုတဲ့ကျောင်း

သားအများအပြား စာမေးပွဲအောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်းမြင့်မားတယ်လို့ ဆိုပါတယ်။

crd-