မီတာခမပေးဘဲဆန့်ကျင်နေ၍ တနိုင်ငံလုံးကို အလှည့်ကျ မီးဖြတ်တော့မည်ဟုဆို
တနိုင်ငံလုံးကို အလှည့်ကျ မီးဖြတ်တော့မှာဖြစ်ပြီး မီတာပုံမှန်ဆောင်တဲ့ နေရာဒေသတွေကိုတော့ ပုံမှန်မီးရအောင်ပေးဖို့ နိုဝင်ဘာ ၁၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဌာနတွေကို ပေးပို့တဲ့စာ ဖော်ပြထားပါတယ်။
ဓာတ်အားဖြန့်ဖြူးတဲ့ မဟာဓာတ်အားလိုင်း တိုင် ၆ တိုင်ကိုအရေးပေါ်ပြုပြင်ရမှာဖြစ်တာကြောင့်တလလောက်ကြာနိုင်ပြီးဝန်အား၁၅၀မဂ္ဂါဝပ်လောက်လျှော့ချနိုင်ဖို့လိုတယ်လို့ဆိုပါတယ်အင်ဂျင်နီယာချုပ်က ပေးပို့တဲ့စာမှာတော့
စစ်ကောင်စီနဲ့ တိုက်ပွဲတွေအများဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်းကို ၂၅ မဂ္ဂါဝပ်နဲ့ အများဆုံးလျှော့ချဖို့ စီစဉ်ထားပြီး မကွေး တိုင်းနဲ့ ဧရာဝတီတိုင်းကိုတော့ ၂၀ မဂ္ဂါဝပ်စီ လျှော့ချမှာ
ဖြစ်ပါတယ်ညနေ ၆ နာရီက ည ၈ နာရီအထိ မီးဖြတ်ဝန်အားလျှော့ ချမယ်လို့ အဲဒီစာမှာ ဖော်ပြထားပြီး ရန်ကုန်၊ မန္တလေးနဲ့ တနင်္သာရီတိုင်းတို့ကတော့ လျှော့ချမယ့် စာရင်းထဲ မပါဝင်ပါဘူး။….
မီးဖြတ်တဲ့အခါ နေ့တိုင်းမဖြစ်အောင် အလှည့်ကျစနစ်လုပ်ဖို့နဲ့ လစဉ်မီတာခ ပုံမှန်ပေးတဲ့ မြို့၊ ရပ်ကွက်တွေကိုတော့ ပုံမှန်ဓာတ်အားရတဲ့အုပ်စုမှာထည့်ပြီး အတတ်နိုင်ဆုံး စဉ်ဆက်မပြတ်ရအောင်
အထူးဂရုပြုရမယ်လို့လည်း ဆိုပါတယ်အကြမ်းဖက်စစ်ကောင်စီ တက်လာပြီးနောက်ပိုင်း န်အယ်လ်ဒီအစိုးရလက်ထက်ကလျှော့ပေးခဲ့တဲ့မီတာခသက်သာခွင့်တွေကိုရပ်ဆိုင်းလိုက်သလိုပြည်သူတွေကလည်း
မီတာခ မပေးဘဲ ဆန့်ကျင်ခဲ့တာကြောင့် နေရာတော်တော်များများမှာ မီတာခမဆောင်တဲ့ အိမ်တွေကို စစ်တပ်က မီးဖြတ်နေပါတယ်။
———–
မီတာခမေပးဘဲဆန္႔က်င္ေန၍ တႏိုင္ငံလုံးကို အလွည့္က် မီးျဖတ္ေတာ့မည္ဟုဆို
တႏိုင္ငံလုံးကို အလွည့္က် မီးျဖတ္ေတာ့မွာျဖစ္ၿပီး မီတာပုံမွန္ေဆာင္တဲ့ ေနရာေဒသေတြကိုေတာ့ ပုံမွန္မီးရေအာင္ေပးဖို႔ ႏိုဝင္ဘာ ၁၉ ရက္ေန႔က အၾကမ္းဖက္စစ္ေကာင္စီ လက္ေအာက္ခံ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေရး ဌာနေတြကို ေပးပို႔တဲ့စာ ေဖာ္ျပထားပါတယ္။
ဓာတ္အားျဖန႔္ျဖဴးတဲ့ မဟာဓာတ္အားလိုင္း တိုင္ ၆ တိုင္ကိုအေရးေပၚျပဳျပင္ရမွာျဖစ္တာေၾကာင့္တလေလာက္ၾကာႏိုင္ၿပီးဝန္အား၁၅၀မဂၢါဝပ္ေလာက္ေလွ်ာ့ခ်ႏိုင္ဖို႔လိုတယ္လို႔ဆိုပါတယ္အင္ဂ်င္နီယာခ်ဳပ္က ေပးပို႔တဲ့စာမွာေတာ့
စစ္ေကာင္စီနဲ႔ တိုက္ပြဲေတြအမ်ားဆုံးျဖစ္ေနတဲ့ စစ္ကိုင္းတိုင္းကို ၂၅ မဂၢါဝပ္နဲ႔ အမ်ားဆုံးေလွ်ာ့ခ်ဖို႔ စီစဥ္ထားၿပီး မေကြး တိုင္းနဲ႔ ဧရာဝတီတိုင္းကိုေတာ့ ၂၀ မဂၢါဝပ္စီ ေလွ်ာ့ခ်မွာ
ျဖစ္ပါတယ္ညေန ၆ နာရီက ည ၈ နာရီအထိ မီးျဖတ္ဝန္အားေလွ်ာ့ ခ်မယ္လို႔ အဲဒီစာမွာ ေဖာ္ျပထားၿပီး ရန္ကုန္၊ မႏၲေလးနဲ႔ တနသၤာရီတိုင္းတို႔ကေတာ့ ေလွ်ာ့ခ်မယ့္ စာရင္းထဲ မပါဝင္ပါဘူး။….
မီးျဖတ္တဲ့အခါ ေန႔တိုင္းမျဖစ္ေအာင္ အလွည့္က်စနစ္လုပ္ဖို႔နဲ႔ လစဥ္မီတာခ ပုံမွန္ေပးတဲ့ ၿမိဳ႕၊ ရပ္ကြက္ေတြကိုေတာ့ ပုံမွန္ဓာတ္အားရတဲ့အုပ္စုမွာထည့္ၿပီး အတတ္ႏိုင္ဆုံး စဥ္ဆက္မျပတ္ရေအာင္
အထူးဂ႐ုျပဳရမယ္လို႔လည္း ဆိုပါတယ္အၾကမ္းဖက္စစ္ေကာင္စီ တက္လာၿပီးေနာက္ပိုင္း န္အယ္လ္ဒီအစိုးရလက္ထက္ကေလွ်ာ့ေပးခဲ့တဲ့မီတာခသက္သာခြင့္ေတြကိုရပ္ဆိုင္းလိုက္သလိုျပည္သူေတြကလည္း
မီတာခ မေပးဘဲ ဆန႔္က်င္ခဲ့တာေၾကာင့္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ မီတာခမေဆာင္တဲ့ အိမ္ေတြကို စစ္တပ္က မီးျဖတ္ေနပါတယ္။