ၾကားသိရသမွ်

ရေအောက်မှာ ချစ်ခွင့်ပန်နေရင်း ကံမကောင်းစွာနဲ့ ရေနစ်သေဆုံးသွားခဲ့တဲ့ အမျိုးသား

အမျိုးသားတစ်ဦးဟာ romantic ဆန်တဲ့ ချစ်ခွင့်ပန်ခြင်းကို သူတို့ဘယ်တော့မှမမေ့တဲ့နေ့လေးဖြစ်အောင် ကောင်းမွန်တဲ့ရည်ရွယ်ချက်ဖြင့်လုပ်ခဲ့ပေမဲ့ သူဟာ ချစ်သူကောင်မလေးအား ရေအောက်မှာ ချစ်ခွင့်ပန်နေစဉ်အတွင်း ရေနစ်သေဆုံးသွားခဲ့ရပြီး ကံမကောင်းအကြောင်းမလှစွာနဲ့ဘဲ မမျှော်လင့်ထားတဲအခြေအနေတွေက ဝမ်းနည်းစရာကောင်းလောက်အောင် ပြောင်းလဲသွားခဲ့ပါတယ်။သတင်းများအရ Steve Weber အမည်ရှိအဆိုပါအမျိုးသားနှင့်ချစ်သူကောင်မလေး Kenesha Antoine တို့ဟာ Tanzania နိုင်ငံ Pemba ကျွန်းရှိ Manta အပန်းဖြေစခန်းမှာ အားလပ်ရက်ခရီးထွက်ခဲ့ကြတာပါ။သူတို့က ၃၂ ပေအနက်မှာ ကျောက်ချထားတဲ့ရေအောက်အခန်းတစ်ခန်းကို ဘွတ်ကင်လုပ်ခဲ့ကြပါတယ်။

ထို့နောက် Steve က သူတို့ရဲ့မမေ့နိုင်တဲ့နေ့လေးတစ်နေ့ဖြစ်ဖို့ ၎င်းအခန်းအပြင်ဘက်က ရေအနက်အထိ ရေငုပ်ဆင်းကာ သူ့ရဲ့ချစ်ခွင့်ပန်စာရွက်နဲ့ လက်စွပ်ကို သူ့ချစ်သူအား ပြပြီး အဖြေတောင်းခဲ့ပါတယ်။ Kenesha ကလည်း သူ့ကို ဗီဒီယိုရိုက်ရင်း ချစ်ခွင့်ပန်ခြင်းကို ကြည့်ရှုနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာ အဆိုပါအပန်းဖြေစခန်းက Steve ဟာ ရေအောက်ခန်းမရဲ့အပြင်ဘက်မှာ တစ်ယောက်တည်းရေငုပ်ရင်း ရေနစ်သေဆုံးခဲ့ကြောင်း Steveရဲ့အဖြစ်အပျက်ကို BBC သတင်းမှာ အတည်ပြုပေးခဲ့ပါတယ်။အပန်းဖြေစခန်းရဲ့ အမှုဆောင်အရာရှိချုပ် Matthew Saus က ၎င်းမတော်တဆမှုကြောင့် သူတို့အားလုံးလည်း အတော်လေး တိတ်လန့်သွားခဲ့ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

Steve ရဲ့ချစ်ခွင့်ပန်စာရွက်မှာ “ နင့်ကို သိပ်ချစ်ရတဲ့အကြောင်းအရာအားလုံးကို ပြောပြလို့မရနိုင်ဘူး ၊ ဒါပေမဲ့ နင်နဲ့ပတ်သက်တဲ့အရာအားလုံးကို ငါချစ်တယ် ၊ တစ်နေ့ထပ်တစ်နေ့ နင့်ကို ပိုချစ်နေမယ်” လို့ရေးထားခဲ့ပါတယ်။စာရွက်ကို ပြပြီးနောက် သူဟာ စေ့စပ်လက်စွပ်ကို ထုတ်ပြပြီး ချစ်ခွင်ပန်ခဲ့ပါတယ်။ဝန်ထမ်းတွေက Steve ဆီအမြန်သွားခဲ့ပေမဲ့ ကိစ္စရပ်တွေက သူတို့ရောက်ရှိချိန်မှာ နောက်ကျသွားပြီဖြစ်ပါတယ်။“ကျန်ရှိနေသေးတဲ့ကျွန်မတို့ရဲ့ဘဝကို ပျော်ရွှင်စွာ အတူတူမဖြတ်သန်းနိုင်တော့ဘူး၊ ကျွန်မတို့ရဲ့အကောင်းဆုံးဘဝတစ်နေ့တာက အဆိုးရွားဆုံးကံကြမ္မာလှည့်ကွက်အဖြစ် ရောက်သွားခဲ့ရတယ်” လို့ ကျန်ရစ်သူ ချစ်သူကောင်မလေး Kenesha က ဝမ်းနည်းကြေကွဲစွာနဲ့ ညည်းတွားပြောဆိုခဲ့ပါတယ်။

1

2

Mia (Mckzone Daily)

Source : elitereaders

Unicode

အမျိုးသားတစ်ဦးဟာ romantic ဆန်တဲ့ ချစ်ခွင့်ပန်ခြင်းကို သူတို့ဘယ်တော့မှမမေ့တဲ့နေ့လေးဖြစ်အောင် ကောင်းမွန်တဲ့ရည်ရွယ်ချက်ဖြင့်လုပ်ခဲ့ပေမဲ့ သူဟာ ချစ်သူကောင်မလေးအား ရေအောက်မှာ ချစ်ခွင့်ပန်နေစဉ်အတွင်း ရေနစ်သေဆုံးသွားခဲ့ရပြီး ကံမကောင်းအကြောင်းမလှစွာနဲ့ဘဲ မမျှော်လင့်ထားတဲအခြေအနေတွေက ဝမ်းနည်းစရာကောင်းလောက်အောင် ပြောင်းလဲသွားခဲ့ပါတယ်။သတင်းများအရ Steve Weber အမည်ရှိအဆိုပါအမျိုးသားနှင့်ချစ်သူကောင်မလေး Kenesha Antoine တို့ဟာ Tanzania နိုင်ငံ Pemba ကျွန်းရှိ Manta အပန်းဖြေစခန်းမှာ အားလပ်ရက်ခရီးထွက်ခဲ့ကြတာပါ။သူတို့က ၃၂ ပေအနက်မှာ ကျောက်ချထားတဲ့ရေအောက်အခန်းတစ်ခန်းကို ဘွတ်ကင်လုပ်ခဲ့ကြပါတယ်။

ထို့နောက် Steve က သူတို့ရဲ့မမေ့နိုင်တဲ့နေ့လေးတစ်နေ့ဖြစ်ဖို့ ၎င်းအခန်းအပြင်ဘက်က ရေအနက်အထိ ရေငုပ်ဆင်းကာ သူ့ရဲ့ချစ်ခွင့်ပန်စာရွက်နဲ့ လက်စွပ်ကို သူ့ချစ်သူအား ပြပြီး အဖြေတောင်းခဲ့ပါတယ်။ Kenesha ကလည်း သူ့ကို ဗီဒီယိုရိုက်ရင်း ချစ်ခွင့်ပန်ခြင်းကို ကြည့်ရှုနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာ အဆိုပါအပန်းဖြေစခန်းက Steve ဟာ ရေအောက်ခန်းမရဲ့အပြင်ဘက်မှာ တစ်ယောက်တည်းရေငုပ်ရင်း ရေနစ်သေဆုံးခဲ့ကြောင်း Steveရဲ့အဖြစ်အပျက်ကို BBC သတင်းမှာ အတည်ပြုပေးခဲ့ပါတယ်။

Steve ရဲ့ချစ်ခွင့်ပန်စာရွက်မှာ “ နင့်ကို သိပ်ချစ်ရတဲ့အကြောင်းအရာအားလုံးကို ပြောပြလို့မရနိုင်ဘူး ၊ ဒါပေမဲ့ နင်နဲ့ပတ်သက်တဲ့အရာအားလုံးကို ငါချစ်တယ် ၊ တစ်နေ့ထပ်တစ်နေ့ နင့်ကို ပိုချစ်နေမယ်” လို့ရေးထားခဲ့ပါတယ်။စာရွက်ကို ပြပြီးနောက် သူဟာ စေ့စပ်လက်စွပ်ကို ထုတ်ပြပြီး ချစ်ခွင်ပန်ခဲ့ပါတယ်။ဝန်ထမ်းတွေက Steve ဆီအမြန်သွားခဲ့ပေမဲ့ ကိစ္စရပ်တွေက သူတို့ရောက်ရှိချိန်မှာ နောက်ကျသွားပြီဖြစ်ပါတယ်။