နိုဝင်ဘာ ၁ ရက်နေ့ ယနေ့ မှာတော့ အမေရိကန် တစ်ဒေါ်လာ ဝယ်ဈေး ၁၉၀၀ ကျပ် ရောင်းဈေး ၁၉၄၀ ကျပ်အထိ ပေါက်ဈေးနေရှိပါတယ်။
Crd#
Unicode
ဖေဖော်ဝါရီလမှ နိုဝင်ဘာ ၁ ရက်နေ့(ယနေ့)ထိ ဗဟိုဘက်ကဒေါ်လာသန်းပေါင်း ၂၉၄ သန်းအထိရောင်းချပေးခဲ့ပေမယ့် ဒေါ်လာဈေးကျပ် ၂၀၀၀ ဝန်းကျင်အထိ မြင့်တက်နေဆဲဖြစ်
ဗဟိုဘဏ်၏စာရင်းများအရ ဖေဖော်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ သန်း၊ ဧပြီလတွင် ၁၂ သန်း၊ မေလတွင် ၂၄ သန်း၊ ဇွန်လတွင် ၁၂ သန်း၊ ဇူလိုင်လတွင် ၃၉ သန်း၊ သြဂုတ်လတွင် ဒေါ်လာ ၂၈ သန်း စက်တင်ဘာလတွင် ၆၃ သန်း၊ အောက်တိုဘာလတွင် သန်း ၁၁၀ ကျော်ကိုဈေးပြိုင်လေလံစနစ်ဖြင့်ရောင်းချပေးခဲ့တာဖြစ်ပါတယ်
ဖေဖော်ဝါရီလကစပြီး ယနေ့ နိုဝင်ဘာ ၁ ရက်နေ့အထိ ဗဟိုဘဏ်ကငွေကြေးဈေးကွက်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၉၄ ကျော် ရောင်းချခဲ့ပေမယ့် ဒေါ်လာဈေး ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ကျပ် ၂၀၀၀ ဝန်းကျင်ခန့်အထိမြင့်နေဆဲဖြစ်ပါတယ်
ဗဟိုဘဏ်ရဲ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ အမေရိကန်တစ်ဒေါ်လာအတွက် ရည်ညွှန်းငွေလဲနှုန်းကို ၁၇၇၁ ဒေါလာနှင့် စင်္ကာပူတစ်ဒေါ်လာအတွက် ၁၃၁၅.၉ ဒေါ်လာ ဖြင့် ပြင်ပငွေဈေးကွက်ထဲ ပေါက်ဈေးထက်လျော့ချကာရောင်းချပေးထားတာတွေ့ရပါတယ်
ဗဟိုဘဏ်ကနိုင်ငံခြားငွေရောင်းဈေးနှုန်းနှင့် ဝယ်ဈေးနှုန်းအကြား အများဆုံးထားရှိရမည့် ကွာဟချက်သတ်မှတ်မှုကို စက်တင်ဘာလ ၁၁ ရက်က ပယ်ဖျက်လိုက်ပြီးနောက်စက်တင်ဘာလ ၁၂ ရက်ကစပြီး နိုင်ငံခြားငွေလဲကောင်တာများတွင်အမေရိကန် ဒေါ်လာတစ်ဒေါ်လာလျှင်ကျပ် ၂၀၀၀ ခန့်ဖြင့်ရောင်းချခဲ့ကြကာဈေးကွက်အတွင်းတစ်ဒေါ်လာလျှင်ကျပ် ၂၂၀၀ ကျော် ထိရောက်ရှိမြင့်တက်ခဲ့ပါတယ်
နိုဝင်ဘာ ၁ ရက်နေ့ ယနေ့ မှာတော့ အမေရိကန် တစ်ဒေါ်လာ ဝယ်စျေး ၁၉၀၀ ကျပ် ရောင်းစျေး ၁၉၄၀ ကျပ်အထိ ပေါက်ဈေးနေရှိပါတယ်။
Crd#