ဒီလိုသာ ကျောင်းတွေ မနေရဘဲဖြစ်နေရင်၊ကလေးတွေ အသက်တွေကြီးပြီး အရွယ်လွန်ကုန်မှာစိုးတယ်ဆရာ…တဲ့။
စိတ် သိပ်မပူပါနဲ့။ သားငယ်သမီးငယ်တို့အတွက်ပညာရေးတွေရပ်တန့်နေချိန်မှာ
အကောင်းဆုံးပြင်ဆင်ထားသင့်တာကတော့ မရှိမဖြစ် core subjects တွေဖြစ်တဲ့ -အင်္ဂလိပ်စာနဲ့ -သင်္ချာ
ဒီနှစ်ဘာသာကို သေချာသင်ထားပါ။ ကျန်တာတွေအတွက် ဗဟုသုတဖြစ်စရာ စာပေတွေဖတ်ခိုင်းပါ။အင်တာနက် မရှိရင်လည်း
နီးစပ်ရာ ဆရာ၊ ဆရာမေတြ စုငှါးပြီး လေးငါးယောက်စုပြီးသင်ထားစေချင်တယ်။ အချိန်သိပ်မရွေးပါနဲ့။ အချိန်သိပ်မစောင့်ပါနဲ့။
အတန်းပညာတက်ရဖို့ထက်ကလေးတွေအတွက် စဉ်ဆက်မပြတ်သင်ယူလေ့လာနိုင်ဖို့က အရေးကြီးပါတယ်။ နောက်တစ်ခုက
အရည်အချင်းပါ။
အရည်အချင်းကို ဦးစားပေးပါ။ ဆန္ဒမစောပါနဲ့။သင်ခန်းစာပြီးဖို့ အဓိကမထားပါနဲ့။ အလွတ်ကျက်တာတွေ အားမပေးပါနဲ့။
စဉ်းစားဉာဏ်ကို ဦးစားပေးပါ။ ဖြန့်ထွက်တွေးတတ်အောင် သင်ယူခိုင်းပါ။အရွယ်နဲ့ လေ့လာမှုက မျှတဖို့လိုပါတယ်။ ဥပမာဆိုရရင်
အသက် ၁၀ နှစ်ကလေးဆိုရင် ၁၀ နှစ်နဲ့ ညီတဲ့ Level အဆင့်ရှိနေရပါမယ်။ -ဘာသာစကား-သင်္ချာဉာဏ်ရည် အရေးကြီးပါတယ်။
ပြီးတော့ စောစောကပြောသလိုပြင်ပ ဗဟုသုတ စာပေစုံ ဖတ်မှတ်ခိုင်းပါ။ တစ်ချိန်မှာ ဖက်ဒရယ်ပညာရေး ဖြစ်လာရင်
အတန်းပညာထက် အရည်အချင်းကို ဦးစားပေးမယ့် Standardization စံ သတ်မှတ်ချက်စာမေးပွဲလိုမျိုးတွေ
အရွယ်ကိုကြည့်ပြီးစစ်တာမျိုး ဖြစ်လာလိမ့်မယ်။ ဥပမာ ကလေးက High schoolပြီးတဲ့ အရွယ်ဆိုပါစို့။ ကောလိပ်တက်နိုင်ဖို့
အရည်အချင်းပြည့်မီမမီကို အောင်လက်မှတ်တောင်းပြီး ကြည့်စစ်တာမျိုးမဟုတ်တော့ဘဲ၊ College admission tests လိုမျိုး
ဝင်ခွင့်စာမေးပွဲတွေ လာပါလိမ့်မယ်။ အစိုးရပညာရေး ဝန်ကြီးဌာနဆိုတာက အောင်လက်မှတ်ပေးတဲ့အဖွဲ့အစည်းမဟုတ်တော့ဘဲ
ပဲ့ကိုင်ထိန်းရုံ လုပ်မယ့်အဖွဲ့အစည်းအနေနဲ့ပဲ ရှိတော့မှာပါ။စာမေးပွဲရာသီတွေIntake ကျောင်းဖွင့်ချိန်တွေက
တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် မတူနိုင်သလို၊ Awarding body တွေပေါ်မှာမူတည်ပြီး Semester တွေ ကွဲပြားပါလိမ့်မယ်။ ကျောင်းတွေက
ယခင်လို ဗဟိုချုပ်ကိုင်ထိန်းချုပ်မှုမရှိတော့ဘဲအရည်အချင်းစစ်၊ စံချိန်မီ မမီ စစ်ဆေးမယ့်အဖွဲ့အစည်းတွေနဲ့ အဆင့်သတ်မှတ်ချက်
(ranking)ပေးမယ့်အဖွဲ့တွေပေါ်လာပါလိမ့်မယ်။ဒီအချိန်မှာ ကျောင်းတွေရွေးရတာလည်း တစ်ဖက်က ပိုလွယ်လာသလို
မိဘတွေဘက်က ပညာရေးကို စိတ်ကြိုက်ရွေးချယ်ခွင့်သာလာပါလိမ့်မယ်။လောလောဆယ်ကိုယ့်ဘက်က ပြင်ဆင်ထားရမှာက
တစ်ခုပြီး……….တစ္ခုတစ်ချိန်ပြီး……တစ်ချိန်အနားမပေးဘဲသင်ယူနေတာမျိုး မလုပ်မိပါစေနဲ့။အိုးနဲ့ ဆန် တန်ရုံပဲ ကောင်းပါတယ်။
မှန်ကန်တဲ့ပြုစုပျိုးထောင်မှုမျိုးက အရေးကြီးပါတယ်။ အပင်မြန်မြန်ကြီးချင်တာနဲ့ခဏခဏအဆက်မပြတ်ရေလောင်းနေလို့မှ မရတာ။
myanmareducation2021
Credit: Dr Zaw Wai Soe