ၾကားသိရသမွ်


Zawgyi






Hlaing (Love Feeling )

Unicode

လမ်းဘေးတွင် ဟင်းသီးဟင်းရွက်ရောင်းရင်း ပင်ပန်းလွန်းလို့ အိပ်ပျော်သွားသော အဖွားအို

လူတိုင်းက လောကတရားကြီးဧ။် ဖြစ်ပျက်ပုံကို လွန်ဆန်နိုင်စွမ်းမရှိပဲ တစ်ရက်ပြီးတစ်ရက် အသက်ကြီးလာပြီး မလုပ်နိုင်မကိုင်နိုင် အသားရေတွန့် သွားတွေကျိုး ရတော့မည့်အဖြစ်မျိုးနှင့် မကြုံချင်ကြပါ။

သို့သော်လည်း သားသမီးရှိပါလျက်နှင့် အားမကိုးရပဲ အိုမင်းရင့်ရော်နေသော်လည်း စားဝတ်နေရေးအတွက် လုပ်စားနေဆဲဖြစ်သော ဖိလစ်ပိုင်နိုင်ငံရှိ လမ်းဘေးတွင် ဈေးရောင်းနေသော အဖွားအိုလေးဧ။် အဖြစ်မှာ သနားစရာကောင်းလှသည်။

အဖွားအိုသည် တစ်ယောက်တည်း မိသားစု စားဖို့သောက်ဖို့ကို လမ်းဘေးတွင် အိုတိအိုမနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချကာ ရုန်းကန်နေရသည်။

တစ်နေ့စာမဟုတ်သည့်အတွက် အဖွားအိုခမျာ ဈေးရောင်းရင်း ပင်ပန်းနွမ်းနှယ်လှ၍ အနားယူချင်စိတ်တွေမထိန်းနိုင်တော့ပဲ နေရာတွင် တုံးလုံးလဲကာအိပ်ပျော်သွားခဲ့တော့သည်။

Hlaing (Love Feeling )