ၾကားသိရသမွ်

အခွင့်ရေးယူတတ်တဲ့လူတချို့ကြောင့်မလိုအပ်ပဲ ကလေးတွေကိုဂေဟာမှာလက်မခံတော့ဘူးလို့ထုပ်ပြောလိုက်တဲ့ ခိုင်နှင်းဝေ

unicode

ကျွန်မ ရဲ့ ရင်ခွင်ရိပ် မှာ ကလေးတွေအခုဆို များသထက် များလာပါပြီ ….

ကျွန်မ ကလေးလေးတွေ လက်ခံပြီး မွေးပေးတယ်ဆိုတဲ့ သတင်းကြောင့် ကျွန်မ ထံသို့ ကလေးတွေ နေ့စဉ်နဲ့အမျှ လာရောက်အပ်နှံကြတယ် ..

ကျွန်မ မှာလည်း တယောက်ထဲ ရပ်တည်နေရတဲ့အခြေအနေတခုဖြစ်တာကြောင့် လာအပ်နှံတဲ့ ကလေးတိုင်းကို လက်ခံဖို့ မလွယ်ကူသေးတဲ့အခြေအနေတခု ကို ရင်ဆိုင်နေရတော့ ကျွန်မ အနေဖြင့် သတ်မှတ်ချက်လေးတခု ထားဖို့ လိုအပ်လာပြီမို့ ဒီ Post လေး တင်ပေးလိုက်ပါတယ်ရှင်

ကျွန်မ ခိုင်နှင်းဝေ ရင်ခွင်မှာ အခက်အခဲ အရမ်းဖြစ်နေတဲ့ ပတ်ဝန်းကျင် မှာ မိမိတို့အခက်အခဲကိုမသိစေလိုလို့ ကလေးကို ဘယ်လိုမှ မစောင့်ရှောက်နိုင်တဲ့ Single Mom များ နှင့် သက်ငယ်မု-ဒိ-န်း ကျင့်ခံရသူ ကလေးငယ်များ ရဲ့ ကလေးများကိုသာ ကျွန်မ လက်ခံ မွေးပေးပါမယ်ရှင် …

မိစုံဖစုံရှိလျှက် ကလေးများပြားနေလို့ အိမ်မှာ မကျွေးနိုင်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ကလေးငယ်လေးတွေကို မိဘမဲ့ အဖြစ်မခံကြပါနဲ့ရှင် ကလေးတွေအနေနဲ့လည်း မောင်နှမတွေ များနေလို့ မိဘမဲ့ ဘဝရောက်တာမျိုး ဆို ဘဝတလျှောက်လုံး သိမ်ငယ်စိတ်နဲ့နေထိုင်သွားဖို့ ဆိုတာ ထက် မိဘရှိပြီး စားစရာ ရှာဖွေ စားသောက်ရတာကမှ သူတို့ စိတ်ပိုပျော်ရွှင်ကြလိမ့်မယ် လို့ ကျွန်မ သုံးသပ်တယ်

ကျွန်မ အနေနဲ့ လည်း ကလေးမွေးဖွားစဉ်က စ ပြီး အသက်ကြီးတဲ့ထိ ပြုစုစောင့်ရှောက် ဖို့ဆိုတာ လက်ရှိအထိ ပင်တိုင် အလှူရှင် ခိုင်ခိုင်မာမာ မရှိသေးတာမျိုးရယ် ကလေးတွေကို ထားဖို့ နေရာ အတည်တကျ မရှိသေး တာရယ် ကြောင့် ကျွန်မ သတ်မှတ်လိုက်ရတဲ့အတွက် လည်း စိတ်မကောင်းဖြစ်မိပါတယ်။ …

အခုဆို ကျွန်မမှာ အချိန်တန်ရင် ကုန်မယ့် နို့ဖူးဖိုး ဒိုက်ဘာဖိုး ဒါတွေအပြင် ကလေးတွေကို သေချာ ပြုစုစောင့်ရှောက်ပေးနိုင်မယ့်

Nurse များလည်း မခန့်ထားနိုင်သေးတဲ့အတွက် အများ အပြား လိုအပ်လာလို့ ကျွန်မ ကန့်သတ်ချက်တခု ထားလိုက်ရခြင်းဖြစ်ပါတယ် …

credit

unicode

ကြၽန္မ ရဲ႕ ရင္ခြင္ရိပ္ မွာ ကေလးေတြအခုဆို မ်ားသထက္ မ်ားလာပါၿပီ …

ကြၽန္မ ကေလးေလးေတြ လက္ခံၿပီး ေမြးေပးတယ္ဆိုတဲ့ သတင္းေၾကာင့္ ကြၽန္မ ထံသို႔ ကေလးေတြ ေန႕စဥ္နဲ႕အမွ် လာေရာက္အပ္ႏွံၾကတယ္ ..

ကြၽန္မ မွာလည္း တေယာက္ထဲ ရပ္တည္ေနရတဲ့အေျခအေနတခုျဖစ္တာေၾကာင့္ လာအပ္ႏွံတဲ့ ကေလးတိုင္းကို လက္ခံဖို႔ မလြယ္ကူေသးတဲ့အေျခအေနတခု ကို ရင္ဆိုင္ေနရေတာ့ ကြၽန္မ အေနျဖင့္ သတ္မွတ္ခ်က္ေလးတခု ထားဖို႔ လိုအပ္လာၿပီမို႔ ဒီ Post ေလး တင္ေပးလိုက္ပါတယ္ရွင္

ကြၽန္မ ခိုင္ႏွင္းေဝ ရင္ခြင္မွာ အခက္အခဲ အရမ္းျဖစ္ေနတဲ့ ပတ္ဝန္းက်င္ မွာ မိမိတို႔အခက္အခဲကိုမသိေစလိုလို႔ ကေလးကို ဘယ္လိုမွ မေစာင့္ေရွာက္နိုင္တဲ့ Single Mom မ်ား ႏွင့္ သက္ငယ္မု-ဒိ-န္း က်င့္ခံရသူ ကေလးငယ္မ်ား ရဲ႕ ကေလးမ်ားကိုသာ ကြၽန္မ လက္ခံ ေမြးေပးပါမယ

မိစုံဖစုံရွိလွ်က္ ကေလးမ်ားျပားေနလို႔ အိမ္မွာ မေကြၽးနိုင္လို႔ စတဲ့ အေၾကာင္းျပခ်က္ေတြနဲ႕ ကေလးငယ္ေလးေတြကို မိဘမဲ့ အျဖစ္မခံၾကပါနဲ႕ရွင္ ကေလးေတြအေနနဲ႕လည္း ေမာင္ႏွမေတြ မ်ားေနလို႔ မိဘမဲ့ ဘဝေရာက္တာမ်ိဳး ဆို ဘဝတေလွ်ာက္လုံး သိမ္ငယ္စိတ္နဲ႕ေနထိုင္သြားဖို႔ ဆိုတာ ထက္ မိဘရွိၿပီး စားစရာ ရွာေဖြ စားေသာက္ရတာကမွ သူတို႔ စိတ္ပိုေပ်ာ္႐ႊင္ၾကလိမ့္မယ္ လို႔ ကြၽန္မ သုံးသပ္တယ္

ကြၽန္မ အေနနဲ႕ လည္း ကေလးေမြးဖြားစဥ္က စ ၿပီး အသက္ႀကီးတဲ့ထိ ျပဳစုေစာင့္ေရွာက္ ဖို႔ဆိုတာ လက္ရွိအထိ ပင္တိုင္ အလႉရွင္ ခိုင္ခိုင္မာမာ မရွိေသးတာမ်ိဳးရယ္ ကေလးေတြကို ထားဖို႔ ေနရာ အတည္တက် မရွိေသး တာရယ္ ေၾကာင့္ ကြၽန္မ သတ္မွတ္လိုက္ရတဲ့အတြက္ လည္း စိတ္မေကာင္းျဖစ္မိပါတယ္။ …

အခုဆို ကြၽန္မမွာ အခ်ိန္တန္ရင္ ကုန္မယ့္ နို႔ဖူးဖိုး ဒိုက္ဘာဖိုး ဒါေတြအျပင္ ကေလးေတြကို ေသခ်ာ ျပဳစုေစာင့္ေရွာက္ေပးနိုင္မယ့္

Nurse မ်ားလည္း မခန့္ထားနိုင္ေသးတဲ့အတြက္ အမ်ား အျပား လိုအပ္လာလို႔ ကြၽန္မ ကန့္သတ္ခ်က္တခု ထားလိုက္ရျခင္းျဖစ္ပါတယ္ …

credit