ဒီကနေ့ မတ်လ(၂)ရက်နေ့မှာ မြန်မာတေးသံရှင် အဆိုတော် ပိုင်သက်ကျော် ဖမ်းဆီးခံရ
ပရိသတ်ကြီးကို အခုပြောပြပေးသွားမှာကတော့ မြန်မာတေးသံရှင် အဆိုတော်ပိုင်သက်ကျော် ဖမ်းဆီးခံရတဲ့အကြောင်းပဲဖြစ်ပါတယ်။
တေးသံရှင် ပိုင်သက်ကျော်ကတော့အေးချမ်းချိုမြတဲ့အသံလေးကို ပိုင်ဆိုင်ထားပြီး သီချင်းကောင်းလေး တွေကို သီဆိုလေ့ ရှိသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။
မြန်မာသံတေးသီချင်းများဖြင့် ပရိတ်သတ် တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူ နိုင်ငံကျော် အဆိုတော် ပိုင်သက်ကျော် ဆိုတာ လူ ကြီး၊
လူငယ်မရွေးချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိ ပိုင်ဆိုင် ထားတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်နော်။
သီချင်းတစ်ပုဒ် ဆိုရင်ဆိုသလောက်ပရိသတ်တွေရဲ့ရင်ထဲရောက်အောင်သီဆိုတတ် တဲ့ အဆိုတော် တစ်ယောက်လည်း ဖြစ်ပါတယ်။
နိုင်ငံကျော်အဆိုတော် ပိုင်သက်ကျော်ကိုစကစကဒီကနေ့ (၂၀၂၂) ခုနှစ်၊ မတ်လ (၂) ရက်၊ နံနက် (၄)နာရီ အချိန်က CDM တွေကို
ထောက်ပံ့တယ်ဆိုပြီးသူနေထိုင်ရာ လှိုင်သာယာ၊ နဝဒေးအိမ်ရာမှာ ဝင်ရောက်ဖမ်းဆီးသွားကြောင်းသတင်းရရှိပါတယ်။
“CDM တွေ ကို ထောက်ပံ့တယ်ဆိုပြီး သူနေတဲ့ လှိုင်သာယာ၊ နဝဒေးအိမ်ရာမှာ ဝင်ဖမ်းသွားတာဗျ၊ CDMတွေကိုထောက်ပံ့တယ်ဆိုပြီး
ဖမ်းသွားတာဗျ၊ ဖုန်းတွေလည်းသိမ်းသွားတယ်။ အခုထိဆက်သွယ်လို့တော့ မရသေးဘူး” ဟု ပိုင်သက်ကျော်၏ မိတ်ဆွေတဦး ကပြောကြားခဲ့တာပါ။
မသန်စွမ်းတစ်ဦး လည်းဖြစ်သူ တေးသံရှင်ပိုင်သက်ကျော်ကိုတော့ လက်ရှိအချိန်တွင် မည်သည့် နေရာတွင်
ဖမ်းဆီး စစ်ဆေးနေတယ် ဆိုတာကိုတော့မသိရှိရသေးပါဘူး။ ဒီကနေ့မတ်လ(၂)ရက်နေ့တွင် စကစက ပိုင်တံခွန်၊ လူမင်း၊
အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ ဒါရိုက်တာဝိုင်း အစရှိတဲ့ အနုပညာရှင်များကို တရားစွဲဆိုထားသည့် အမှုများကိုပိတ်သိမ်းကာ
ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရပါ တယ်နော်။ မြန် မာပြည်ကြီး အမြန်ဆုံးအေးချမ်းပါစေလို့ ဆုတောင်းရင်း
ပရိသတ် ကြီးတို့လည်းဘေးအန္တရာယ်ကင်းကြပါစေလို့ဆုမွန်ကောင်းတောင်း လိုက်ရပါတယ်နော်။
crd