အနုပညာရှင်တွေ အများစုကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေနဲ့အတူ အပြည့်အဝရပ်တည်ခဲ့ကြပါတယ် ။ သူတို့ရဲ့ အောင်မြင်တွေ ကျော်ကြားမှုတွေကို မေ့ကာ ပြည်သူတွေနဲ့ တစ်သားတည်း လမ်းမပေါ်အထိထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ ။
ဒါ့အပြင် သူတို့ရဲ့အကောင့်တွေကနေလည်း အစွမ်းကုန်နေ့ရောညပါspeak out တွေလည်း လုပ်ခဲ့ကြပါတယ် ။ ဒါ့ကြာင့်လည်း ပုဒ်မ (၅၀၅-က) နဲ့ တရားစွဲဆိုခံရသူတွေ ရှိသလို တစ်ချို့ နာမည်ကြီး အနုပညာရှင်တွေဆို ကံမကောင်းစွာနဲ့ပဲ ဖမ်းဆီး ခံခဲ့ကြပါတယ် ။
ဒီနေ့မှာတော့ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်၊ ဒါရိုက်တာဝိုင်းတို့ကို လွတ်ငြိမ်းနဲ့ ပြန်လည် လွတ်လာပြီလို့ သက်ဆိုင်ရာ သတင်းဌာနကနေ ပြောကြားထားတာ တွေ့ရပါတယ် ။ သတင်းလေးကြားပြီး အရမ်းကို ပီတိဖြစ်မိတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးရင်း ကျန်ရှိသေးတဲ့ သူတွေလည်း အမြန်ဆုံး လွတ်မြောက်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။
ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမင်းမော်ကွန်းကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုနဲ့ ရပ်တည်ခဲ့တာကြောင့် အရေးတော်ပုံမှာလည်း ပြည်သူတွေနဲ့အတူ ပြန်လည်ရပ်တည်ခဲ့တာဖြစ်ပါတယ်။ လူကိုယ်တိုင်လည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး လူများနည်းတူ လူမှု့ကွန်ယက်စာမျက်နှာထက်ကနေလည်း ဆက်လက်ပြီးတော်လှန်နေဆဲပဲ ဖြစ်ပါတယ်။ အခုလိုပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရပြီး အခု လတ်တလောမှာတော့ တိမ်းရှောင်နေ ရတာပဲ ဖြစ်ပါတယ်။
အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း ရောက်ရာအရပ်မှာ တက်နိုင်တဲ့ဘက်ကနေတော်လှန်ရေးအတွက် အားတက်သရော ပါဝင်ကူညီပေးနေတာပဲဖြစ်ပါတယ်။
ယနေ့မှာ အကျဉ်းကျရာမှ လွတ်မြောက်လာကြပြီဖြစ်တဲ့ အနုပညာရှင်မောင်နှတွေအတွက် ‘မိသားစုတွေနဲ့ထပ်တူဝမ်းသာရပါတယ်’ဆိုပြီး သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ရေးသားထားတာပဲ ဖြစ်ပါတယ်။
သူ့ရဲ့ပိုစ်အောက်မှာ မင်းမော်ကွန်း နဲ့ ထပ်တူစိတ်ထားချင်းတူတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ အားပေးတဲ့ပရိသတ်တွေကလည်း ဂရုဏာသက်နေကြတာဖြစ်ပါတယ်။မင်းမော်ကွန်းတို့ မိသားစုလည်းဘေးကင်းကျန်းမာပါစေလို့ဆုတောင်းလိုက်ရပါတယ်။
ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေတဲ့ သရုပ်ဆောင်မင်းမော်ကွန်းဟာ လက်ရှိမှာတော့ လွတ်မြောက်နယ်မြေတစ်နေရာမှာရောက်ရှိနေခဲ့ပြီး ကိုယ်တတ်နိုင်တဲ့ဖက်ကနေ အာဏာရှင်ကို တော်လှန်ရေးမှာ အစွမ်းကုန်ပါဝင်နေခဲ့ပါတယ်။ အနုပညာသမား အဖြစ်ကနေ အောင်မြင်မှုတွေကို စွန့်လွှတ်ကာ မတရားမှုကိုတော်လှန်သူအဖြစ် ရဲရဲဝံ့ဝံ့ကူးပြောင်းခဲ့ပြီးနောက် ကိုယ့်ရဲ့ရပ်တည်ချက်အတွက်လည်း နောက်မဆုတ်တမ်းတိုက်ပွဲဝင်နေခဲ့ပါတယ်။