ၾကားသိရသမွ်

ဒု-ကာချုပ် စိုးဝင်း ထိုင်ခုံ လု​တော့မည်​လော

ဒု-ကာချုပ် စိုးဝင်း ထိုင်ခုံ လု​တော့မည်​လော။

၂၀၂၁ခုနှစ်၊ဇွန်လ၂၆ရက်။

ရုရှား သို့ ​ရောက်ရှိ​နေ​သော အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်သည် ဇွန်လ (၂၅)ရက် ယမန်နေ့က ​လေယာဥ်ဖြင့် ပြန်လာခဲ့​ရမည် ဖြစ်​သော်လည်း လမ်းတွင် ပြန်လှည့် သွားခဲ့ရသည်ဟု သတင်းများ ထွက်​ပေါ်​နေ​သည်။

အစာအိမ်​ရောဂါ​ကြောင့်ဖြစ်သလို ရာသီဥတု​ကြောင့်ဟု ​ပြောဆိုမှုများရှိ​နေ​ပေမယ့် လှည့်ပြန်သွားရခြင်း အ​ကြောင်းစုံကို​တော့ မသိရှိရ​ပေ။ဒီ​နေ့မှာ ပြန်​ရောက်လာမယ်လို့လည်းသိရှိရပါတယ်။

ထိုသို့ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင် ရှိမ​နေချိန် ရန်ကုန်မြို့ အင်းလျားလမ်းရှိ မင်း​အောင်လှိုင်​ နေအိမ်နှင့် ဒုချုပ် စိုးဝင်းတို့ အိမ်များရှိရာ နေရာဝန်းကျင်တွင် ယမန်နေ့ညက လုံခြုံရေး စစ်ကားများ အများအပြား ရောက်ရှိနေခဲ့ကြသည်။

အာဏာလု စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ယနေ့ နေ့လယ် ကမ္ဘာအေးဘုရားသို့ လာရောက်မည်ဟု လည်း သိရသည်။ ပြီးခဲ့သည့် နှစ်ရက်မှစတင်ကာ

ကမ္ဘာအေး ဘုရားဝင်းအတွင်း လုံခြုံရေး တင်းကျပ်ထားခဲ့ပြီး မနေ့ကနှင့် ယနေ့ နံနက်ပိုင်းများတွင် လုံခြုံရေးယူရန် စစ်သားများ ရောက်ရှိနေခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ဆိုသည်။

ဒုကာချုပ် စိုးဝင်းသည် ယမန်နေ့ကလည်း ဦးဝိစာရလမ်း၊ ကန်တော်မင် (ဦးဥတ္တမ ပန်းခြံ) အနီးရှိ စစ်ဆေးရုံ (၂) သို့ လာရောက်ခဲ့သေးသည်။

အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်မရှိချိန် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှာ လုံ ခြုံ​ရေး အင်အား အပြည့် ဖြင့် ​

ထိုသို့ ခြေရှုပ်​နေခြင်း ဖြစ်ပြီး ​ဝေဖန်သူတချို့က​တော့ တပ်တွင်း ပုန်ကန် အာဏာလုယူမှု ဖြစ်မည်ဟု ​ သုံးသပ်​နေကြခြင်းဖြစ်သည်။

PTT- Media9

——————–

ဒု-ကာခ်ဳပ္ စိုးဝင္း ထိုင္ခုံ လု​ေတာ့မည္​ေလာ။

၂၀၂၁ခုႏွစ္၊ဇြန္လ၂၆ရက္။

႐ုရွား သို႔ ​ေရာက္ရွိ​ေန​ေသာ အာဏာသိမ္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္း​ေအာင္လႈိင္သည္ ဇြန္လ (၂၅)ရက္ ယမန္ေန႔က ​ေလယာဥ္ျဖင့္ ျပန္လာခဲ့​ရမည္ ျဖစ္​ေသာ္လည္း လမ္းတြင္ ျပန္လွည့္ သြားခဲ့ရသည္ဟု သတင္းမ်ား ထြက္​ေပၚ​ေန​သည္။

အစာအိမ္​ေရာဂါ​ေၾကာင့္ျဖစ္သလို ရာသီဥတု​ေၾကာင့္ဟု ​ေျပာဆိုမႈမ်ားရွိ​ေန​ေပမယ့္ လွည့္ျပန္သြားရျခင္း အ​ေၾကာင္းစုံကို​ေတာ့ မသိရွိရ​ေပ။ဒီ​ေန႔မွာ ျပန္​ေရာက္လာမယ္လို႔လည္းသိရွိရပါတယ္။

ထိုသို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္း​ေအာင္လႈိင္ ရွိမ​ေနခ်ိန္ ရန္ကုန္ၿမိဳ႕ အင္းလ်ားလမ္းရွိ မင္း​ေအာင္လႈိင္​ ေနအိမ္ႏွင့္ ဒုခ်ဳပ္ စိုးဝင္းတို႔ အိမ္မ်ားရွိရာ ေနရာဝန္းက်င္တြင္ ယမန္ေန႔ညက လုံၿခဳံေရး စစ္ကားမ်ား အမ်ားအျပား ေရာက္ရွိေနခဲ့ၾကသည္။

အာဏာလု စစ္ေကာင္စီ ဒုတိယဥကၠ႒၊ ဒုဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း ယေန႔ ေန႔လယ္ ကမာၻေအးဘုရားသို႔ လာေရာက္မည္ဟု လည္း သိရသည္။ ၿပီးခဲ့သည့္ ႏွစ္ရက္မွစတင္ကာ

ကမာၻေအး ဘုရားဝင္းအတြင္း လုံၿခဳံေရး တင္းက်ပ္ထားခဲ့ၿပီး မေန႔ကႏွင့္ ယေန႔ နံနက္ပိုင္းမ်ားတြင္ လုံၿခဳံေရးယူရန္ စစ္သားမ်ား ေရာက္ရွိေနခဲ့သည္ဟု မ်က္ျမင္ေတြ႕ရွိသူမ်ားက ဆိုသည္။

ဒုကာခ်ဳပ္ စိုးဝင္းသည္ ယမန္ေန႔ကလည္း ဦးဝိစာရလမ္း၊ ကန္ေတာ္မင္ (ဦးဥတၱမ ပန္းၿခံ) အနီးရွိ စစ္ေဆး႐ုံ (၂) သို႔ လာေရာက္ခဲ့ေသးသည္။

အာဏာသိမ္း​ေခါင္း​ေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း​ေအာင္လႈိင္မရွိခ်ိန္ ဒုဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းမွာ လုံ ၿခဳံ​ေရး အင္အား အျပည့္ ျဖင့္ ​ထိုသို႔ ေျခရႈပ္​ေနျခင္း ျဖစ္ၿပီး ​ေဝဖန္သူတခ်ိဳ႕က​ေတာ့ တပ္တြင္း ပုန္ကန္ အာဏာလုယူမႈ ျဖစ္မည္ဟု ​ သုံးသပ္​ေနၾကျခင္းျဖစ္သည္။

PTT- Media9