ၾကားသိရသမွ်

ေရွ႕တန္းထြက္ခြာေတာ့မယ့္ မင္းေမာ္ကြန္းအတြက္ ဆုေတာင္းစကားေလးေတြေပးခဲ့ၾကပါဦး

ေရွ႕တန္းထြက္ခြာေတာ့မယ့္ မင္းေမာ္ကြန္းတြက္ ဆုေတာင္းစကားေလးေတြေပးခဲ့ၾကပါဦး

ပရိသတ္အခ်စ္ေတာ္ မင္းေမာ္ကြန္းကေတာ့ အႏုပညာမွာလည္း က်ရာဇာတ္႐ုပ္ကေန သ႐ုပ္ေဆာင္ႏိုင္သလို

အႏုပညာသက္တမ္းတစ္ေလွ်ာက္မွာလည္း နာမည္ပ်က္မရွိေအာင္ ေနထိုင္ခဲ့သူျဖစ္ပါတယ္။

မင္းေမာ္ကြန္းကေတာ့ ႐ုပ္ရွင္ဇာတ္လမ္းေတြမွာေရာ ႏွင္းဆီအၿငိမ့္မွာေရာ ေအာင္ျမင္ခဲ့တာေၾကာင့္ျပည္သူေတြရဲ႕အခ်စ္ေတြကို သိမ္းပိုက္ထားႏိုင္သူျဖစ္ပါတယ္။

မင္းေမာ္ကြန္းကေတာ့ ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူ လူကိုယ္တိုင္လည္း ပါဝင္ဆႏၵထုတ္ေဖာ္ခဲ့ၿပီး

လူမ်ားနည္းတူ လူမႈ႕ကြန္ယက္စာမ်က္ႏွာထက္ကေနလည္း ဆက္လက္ၿပီးေတာ္လွန္ေနဆဲပဲ ျဖစ္ပါတယ္။

အခုလိုပါဝင္ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅ (က) ျဖင့္တရားစြဲဆိုခံထားရတာ ျဖစ္ပါတယ္။ အေျခအေနအရပ္ရပ္ေၾကာင့္

တိမ္းေရွာင္ေနရေပမယ့္လည္း လူမႈကြန္ယက္ကေနတစ္ဆင့္ တတ္ႏိုင္သေလာက္ speak out လုပ္ေပးေနတာ ျဖစ္ပါတယ္။

ပရိသတ္ေတြကေတာ့ မင္းေမာ္ကြန္းရဲ႕ အားႀကိဳးမာန္တက္ ပါဝင္ေဆာင္႐ြက္ခဲ့တာကို ေလးစားအားက်ေနၾကတာ ျဖစ္ပါတယ္။

မင္းေမာ္ကြန္းရဲ႕ မိသားစုကလည္း ေဘးကေနေတာက္ေလွ်ာက္ပါရမီျဖည့္ေပးေနၿပီး ေတာ္လွန္ေရးေအာင္ျမင္ဖို႔အတြက္ ေတာထဲေတာင္ထဲမွာႀကိဳးစားပါ၀င္ေနၾကတာလည္း ေတြ႕ရပါတယ္။

နည္းမ်ိဳးစုံျဖင့္ ခံဝန္ကတိထိုးဖို႔တြန္းအားေပးခံခဲ့ရေပမယ့္ ေနာက္မဆုတ္ဘဲ ပန္းတိုင္ကို မေရာက္ေရာက္ေအာင္ ေလွ်ာက္လွမ္းေနဆဲပါပဲေနာ္။

ေတာ္လွန္ေရးအတြက္ အုတ္တစ္ခ်က္ သဲတစ္ပြင့္ တာဝန္ထမ္းေဆာင္ေနတဲ့ မင္းေမာ္ကြန္းဟာေလာေလာဆယ္မွာ လြတ္ေျမာက္နယ္ေျမတစ္ခုကိုေရာက္ရွိေနတယ္လို႔လည္း သိရွိရၿပီး

သူကေတာ့တတ္ႏိုင္တဲ့ဘက္ကေနၿပီး အာဏာရွင္ကိုတြန္းလွန္ေနတာပဲျဖစ္ပါတယ္။

လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတဲ့ မင္းေမာ္ကြန္းဟာ သူ႔ရဲ႕ ေအာင္ျမင္မႈ၊ ေက်ာ္ၾကားမႈနဲ႔ ႂကြယ္ဝခ်မ္းသာမႈတို႔ကို ခဝါခ်ၿပီး ျပည္သူေတြနဲ႔

တစ္သားတည္းရပ္တည္ေနသူတစ္ေယာက္လို႔ဆိုရင္လည္း မမွားပါဘူး။

နာမည္ႀကီးမင္းသားတစ္ေယာက္ျဖစ္သလို ေငြေရးေၾကးေရးမွာလည္း သာမာန္လူတန္းစားဆိုတာထက္ပိုမိုစြာရွိတဲ့

မင္းေမာ္ကြန္းဟာ လြတ္ေျမာက္နယ္ေျမမွာေတာ့ အားလုံးနဲ႔ တစ္သားတည္းေနၿပီး ဆင္းရဲဒုကၡမ်ားစြာကို ခံေနသူပဲျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာလည္း မင္းေမာ္ကြန္းဟာ သူေရာက္ရွိေနတဲ့ ေတာတြင္းတစ္ေနရာက စားေသာက္စရာပုံကို မွ်ေဝေပးခဲ့ရာ ပရိသတ္ေတြက

မင္းေမာ္ကြန္းအတြက္ ဂ႐ုဏာသက္ကာ ေလးစားေနၾကတာပဲျဖစ္ပါတယ္။

မင္းေမာ္ကြန္းကေတာ့ သူ႔ရဲ႕ဂုဏ္ျဒပ္ သူ႔ရဲ႕အဆင့္အတန္းနဲ႔ ဟိုတယ္ႀကီးေတြ၊ စားေသာက္ဆိုင္အေကာင္းစားေတြမွာ စားေသာက္ေနရာမွ အခုလို အေနဆင္းရဲ အစားဆင္းရဲနဲ႔ လုံးဝၿငီးျငဴျခင္းမရွိပဲေနႏိုင္တာ တကယ့္ကိုေလးစားစရာပါပဲေနာ္။

unicode

ရှေ့တန်းထွက်ခွာတော့မယ့် မင်းမော်ကွန်းတွက် ဆုတောင်းစကားလေးတွေပေးခဲ့ကြပါဦး

ပရိသတ်အချစ်တော် မင်းမော်ကွန်းကတော့ အနုပညာမှာလည်း ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နိုင်သလို

အနုပညာသက်တမ်းတစ်လျှောက်မှာလည်း နာမည်ပျက်မရှိအောင် နေထိုင်ခဲ့သူဖြစ်ပါတယ်။

မင်းမော်ကွန်းကတော့ ရုပ်ရှင်ဇာတ်လမ်းတွေမှာရော နှင်းဆီအငြိမ့်မှာရော အောင်မြင်ခဲ့တာကြောင့်ပြည်သူတွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။

မင်းမော်ကွန်းကတော့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ လူကိုယ်တိုင်လည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး

လူများနည်းတူ လူမှု့ကွန်ယက်စာမျက်နှာထက်ကနေလည်း ဆက်လက်ပြီးတော်လှန်နေဆဲပဲ ဖြစ်ပါတယ်။

အခုလိုပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့်

တိမ်းရှောင်နေရပေမယ့်လည်း လူမှုကွန်ယက်ကနေတစ်ဆင့် တတ်နိုင်သလောက် speak out လုပ်ပေးနေတာ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ မင်းမော်ကွန်းရဲ့ အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်ခဲ့တာကို လေးစားအားကျနေကြတာ ဖြစ်ပါတယ်။

မင်းမော်ကွန်းရဲ့ မိသားစုကလည်း ဘေးကနေတောက်လျှောက်ပါရမီဖြည့်ပေးနေပြီး တော်လှန်ရေးအောင်မြင်ဖို့အတွက် တောထဲတောင်ထဲမှာကြိုးစားပါဝင်နေကြတာလည်း တွေ့ရပါတယ်။

နည်းမျိုးစုံဖြင့် ခံဝန်ကတိထိုးဖို့တွန်းအားပေးခံခဲ့ရပေမယ့် နောက်မဆုတ်ဘဲ ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်လှမ်းနေဆဲပါပဲနော်။

တော်လှန်ရေးအတွက် အုတ်တစ်ချက် သဲတစ်ပွင့် တာဝန်ထမ်းဆောင်နေတဲ့ မင်းမော်ကွန်းဟာလောလောဆယ်မှာ လွတ်မြောက်နယ်မြေတစ်ခုကိုရောက်ရှိနေတယ်လို့လည်း သိရှိရပြီး

သူကတော့တတ်နိုင်တဲ့ဘက်ကနေပြီး အာဏာရှင်ကိုတွန်းလှန်နေတာပဲဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ မင်းမော်ကွန်းဟာ သူ့ရဲ့ အောင်မြင်မှု၊ ကျော်ကြားမှုနဲ့ ကြွယ်ဝချမ်းသာမှုတို့ကို ခဝါချပြီး ပြည်သူတွေနဲ့

တစ်သားတည်းရပ်တည်နေသူတစ်ယောက်လို့ဆိုရင်လည်း မမှားပါဘူး။

နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်သလို ငွေရေးကြေးရေးမှာလည်း သာမာန်လူတန်းစားဆိုတာထက်ပိုမိုစွာရှိတဲ့

မင်းမော်ကွန်းဟာ လွတ်မြောက်နယ်မြေမှာတော့ အားလုံးနဲ့ တစ်သားတည်းနေပြီး ဆင်းရဲဒုက္ခများစွာကို ခံနေသူပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း မင်းမော်ကွန်းဟာ သူရောက်ရှိနေတဲ့ တောတွင်းတစ်နေရာက စားသောက်စရာပုံကို မျှဝေပေးခဲ့ရာ ပရိသတ်တွေက

မင်းမော်ကွန်းအတွက် ဂရုဏာသက်ကာ လေးစားနေကြတာပဲဖြစ်ပါတယ်။

မင်းမော်ကွန်းကတော့ သူ့ရဲ့ဂုဏ်ဒြပ် သူ့ရဲ့အဆင့်အတန်းနဲ့ ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်အကောင်းစားတွေမှာ စားသောက်နေရာမှ အခုလို အနေဆင်းရဲ အစားဆင်းရဲနဲ့ လုံးဝငြီးငြူခြင်းမရှိပဲနေနိုင်တာ တကယ့်ကိုလေးစားစရာပါပဲနော်။