ၾကားသိရသမွ်

မပြောရင် မသိလို့ ပြောပြရဦးမယ် ဆိုပြီး နာမည်ကြီး အနုပညာရှင်တွေအကြောင်း ပြောပြလာတဲ့ ပန်ဆယ်လို

မပြောရင် မသိလို့ ပြောပြရဦးမယ်။

ပြီးခဲ့တဲ့ရက်က 505ကို ခံဝန်မထိုးဘဲ ဆက်တော်လှန်နေတဲ့ နာမည်ကြီးတော်လှန်ရေးမင်းသမီးတစ်ယောက် ဖုန်းဆက်လာတယ်။ မမကို အိမ်က အဆက်အသွယ်ဖြတ်လိုက်ပြီ ညီမရယ်တဲ့။ စကားပြောနေရင်း ထိန်းမရစွာ ငိုချလိုက်တယ်။ ကိုယ်လည်း အားပေးဖို့ ကြိုးစားပေမယ့် သူ့ငိုသံကြားတော့ စိတ်ထိန်းမရဘဲ ငိုမိတယ်။

နယ်စပ်မှာ ပြည်ပထွက်ခွင့်မရသေးတဲ့ နာမည်ကြီး Single Father အဆိုတော်တစ်ယောက်လည်း ကလေးနှစ်ယောက်နဲ့ ခက်ခဲနေရတယ်။ ကလေးတွေ ကျောင်းတက်ခွင့်မရရှာလို့ သူ့မှာ စိတ်ဆင်းရဲနေရတယ်။ သူဌေးတွေ မဟုတ်တော့ ငွေကြေးပြသနာကအစပေါ့။

US ရောက်လာတဲ့ အဆိုတော် လင်မယားနှစ်ယောက်ဆို ကလေးသုံးယောက်နဲ့ တိုင်ပတ်နေတယ်။ မြန်မာပြည်မှာ ကလေးထိန်းတွေ အခြွေအရံတွေနဲ့ နေခဲ့တဲ့ ကလေးသုံးယောက်ကို ဝေယျာဝစ္စလုပ်ရင်းနဲ့ တစ်နေ့တစ်နေ့ အချိန်ကုန်နေရရှာတယ်။ သီချင်းဆိုဖို့ ကြိုးစားပေမယ့် မိသားစုဝင်တွေ ဓါးဆာခံဖြစ်နေတဲ့အတွက် ဘာမှလုပ်လို့မရပြန်ဘူး။

နောက်ထပ် ကလေးလသားလေးနဲ့ အဆိုတော်တစ်ယောက်လည်း တစ်လ 1500 နဲ့ ဆူရှီအသင်အဖြစ် လိပ်နေရတယ်။ နာမည်ကြီး ပညာသည်ဆရာတစ်ယောက်က အသားစက်ရုံမှာ ဝက်သားလှီးနေရတယ်။ မြန်မာပြည်မှာ နာမည်ကြီးဆယ်လီ၊အနုပညာရှင်၊ လုပ်ငန်းရှင်ကြီးတစ်ယောက်က USမှာ စားပွဲထိုးနေရတယ်။

MRTV က CDM လုပ်သွားတဲ့ ဦးကျော်သက်လင်း။ အခု လွတ်မြောက်နယ်မြေမှာ လက်နက်ကိုင် တိုက်နေတယ်။ အိမ်ထောင်ရေး ပြိုကွဲသွားတယ်။ မိသားစုတွေ ဖိအားပေးခံရတယ်။ အလုပ်အကိုင်ဆုံးရှုံးသွားတယ်။ အရာအားလုံးဆုံးရှုံးသွားတယ်။ ယုံကြည်ချက်ကို ဆွဲကိုင်ပြီး တိုက်ပွဲဝင်နေတယ်။ ဒါပေမယ့် ယုံကြည်ချက်နဲ့ ဂုဏ်သိက္ခာကလွဲရင် အရာအားလုံး ဆုံးရှုံးလိုက်ရတယ်။

ဒါက အဖမ်းမခံရဘဲ လွတ်မြောက်သွားတဲ့ အနုပညာသမားတွေရဲ့ အခြေအနေ။ ထောင်ထဲကအနုပညာသမားတွေအကြောင်း ပြောပြမယ်။ မဝင်းမင်းသန်း အခုထိ မလွတ်ဘူး။ ကျန်းမာရေးထိခိုက်လို့ ထောင်ဆေးရုံ တက်ရတာတွေ တွေ့ခဲ့သူ ရှိတယ်။ ရဲတိုက်… စိတ်ပိုင်းဆိုင်ရာပြသနာတွေ ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရတယ်။ ပိုပို… ဘာအစအနမှ မကြားရဘူး။ ဦးဆင်မ… ဘယ်သူကမှ သူ့အကြောင်း မပြောကြတော့ဘူး။ လစ်လျူရှုခံနေရတယ်။

အခုလွတ်မြောက်လာတဲ့ အနုပညာရှင်တွေအကြောင်း ထပ်ပြောမယ်။ အနုပညာသမားဆိုတာ ငွေကြေးကို ကြော်ငြာတွေက အဓိက ရတယ်။ အခု ပိုင်တံခွန်လွတ်လာပြီ။ ပြေတီဦး အိန္ဒြာကျော်ဇင် လွတ်လာပြီ။ လူမင်း လွတ်လာပြီ။ ပိုင်တံခွန်လေး Profile Picture ချိန်းလိုက်တယ်။ Like 500K အထက်ရတယ်။ ကြော်ငြာရှင်တွေ အင်မတန် မျက်စိကျမယ့် Engagement မျိုး။

ဒါပေမယ့် ကြော်ငြာရှင်တွေ ပိုင်တံခွန်နဲ့ ကြော်ငြာရဲပြီလား။ ပြေတီဦးနဲ့ ကြော်ငြာရဲပြီလား။ အိန္ဒြာကျော်ဇင်နဲ့ ကြော်ငြာရဲပြီလား။ လူမင်းနဲ့ ကြော်ငြာရဲပြီလား။ သူတို့နဲ့ ကြော်ငြာရင် ကုမ္ပဏီကို စကစက ပြသနာရှာမလား၊ စောင့်ကြည့်မလား စိုးရိမ်ပူပန်ကြတယ်။

အရင်တုန်းက ပြည်သူနဲ့ မရပ်တည်သူတွေ၊ စစ်ခွေးအမျိုးအနွယ်တွေကို SP တွေ Boycott တွေ အော်ခဲ့ကြတဲ့ဟာတွေက နေခြည်ဦးရဲ့ ဆိုးပြီးသားနှုတ်ခမ်းနီတောင့် Giveaway မှာ ကျဆုံးကုန်တယ်။ တကယ်ပြည်သူနဲ့ရပ်တည်ဖို့ ဘဝတွေ အပျက်ခံခဲ့ကြတဲ့ အနုပညာသမားတွေက သေပေးလိုက်ရတော့မလား။

၅၀၅ ပါမှာစိုးလို့ ငွေပေး၊ ပိုစ့်တွေဖျက်၊ အကောင့်ဟက်ခံရပါတယ်လိမ်ခဲ့တဲ့ ခရိုနီလက်သစ်ရည်းစား ဝတ်မှုံရွှေရည် ပြန်ပေါ်လာတော့ ချစ်လိုက်တာ ကစ်ရယ်တဲ့။ NUG ပရိုဖိုင်တွေနဲ့။

အဲ့တော့ မေးချင်တာက Social Punishments အလုပ်ခံရတာ ဘယ်သူတွေလဲ။ ပြည်သူဘက်က ရပ်တည်သူတွေလား။ Boycott လုပ်ခံနေရတာ ဘယ်သူတွေလဲ။ ပြည်သူဘက်က ရပ်တည်သူတွေလား။ ထပ်မေးချင်တာက နင်တို့တွေ လိမ်ခဲ့ကြတာလား။ ပြည်သူနဲ့ မရပ်တည်ရင် SPလုပ်မယ်၊ Boycott လုပ်မယ်ဆိုပြီး တကယ်မလုပ်နိုင်ဘဲ လိမ်ခဲ့ကြတာလား။

စစ်ခွေးတွေဘက်က သူတို့လုပ်နိုင်တဲ့ ဖိနှိပ်မှုတွေ၊ အကြောက်တရားရိုက်သွင်းမှုတွေကို တစိုက်မတ်မတ်လုပ်တယ်။ ပြတ်ပြတ်သားသားလုပ်တယ်။ တိတိကျကျ ယုတ်မာမိုက်ရိုင်းတယ်။ တနည်းအားဖြင့် ဒါဟာ သူတို့လုပ်တဲ့ Social Punishments ပဲ။

ကိုယ်တွေဘက်ကဟာတွေက Social Punishments ကို L*** လို လုပ်နေကြတာ။ သူတို့မာချင်မာတယ်။ တောင်ချင်တောင်တယ်။ ပျော့ချင်ပျော့တယ်။ အတိုပြောရရင် SPကို L** လို လုပ်နေကြတာ။

၅၀၅ ပါမှာကြောက်ပြီး ခံဝန်ထိုး ငွေပေး၊ ပိုစ့်တွေဖျက်၊ အကောင့်ဟက်ခံရပါတယ်လိမ်ပြီး တစ်နှစ်လောက်ပျောက်သွားတဲ့ ဝတ်မှုန်ရွှေရည် ပြန်ပေါ်လာတော့ ချစ်လိုက်တာ၊ လွမ်းလိုက်တာတဲ့။

ဖအေဆုံးတာတောင် ပြန်လာခွင့်မရတဲ့ ဖွေးဖွေးဖအေဆုံးတာတောင် ပြန်လာခွင့်မရတဲ့ ချစ်သုဝေဖအေဆုံးတာတောင် ပြန်လာခွင့်မရတဲ့ ထားထက်ထက်သူတို့ကိုရော မလွမ်းကြဘူးလား။ Social Punishments ဆို အန္တရာယ်မရှိတဲ့ တစ်ခုတည်းသော တော်လှန်နည်းပဲ။

မြန်မာဘီယာမသောက်လို့ဆိုပြီး ဖမ်းလို့မရဘူး။ Ruby မခဲလို့ဆိုပြီး ဖမ်းလို့မရဘူး။ အက်ဒမန်ဂိုးမသောက်လို့ဆိုပြီး ဖမ်းလို့မရဘူး။ နေခြည်ဦးကို Like မပေးလို့ဆိုပြီး ဖမ်းလို့မရဘူး။ ဝတ်မှုန်ရွှေရည်ကို ချစ်လိုက်တာလို့ မရေးလို့ဆိုပြီး ဖမ်းလို့မရဘူး။

ဒီလောက် လွယ်တဲ့ Social Punishments ကိုတောင် ပြတ်ပြတ်သားသားမလုပ်နိုင်တဲ့ စောက်ပေါက်တွေက ရွာတွေ မီးရှို့ခံရ၊ ဗုံးကျဲခံရမှာ ရင်တွေနာလိုက်တာတို့၊ စပိအောက်တို့။ဒီလောက် လွယ်တဲ့ Social Punishments ကိုတောင် ပြတ်ပြတ်သားသားမလုပ်နိုင်တဲ့ စောက်ပေါက်တွေက ဘယ်တော့နိုင်မှာလဲတို့၊ ဒါကြီးအမြန်ပြီးစေချင်လှပြီတို့။

အသက်မပေးရဲဘူးလား… ရပါတယ်။ဘဝမပေးရဲဘူးလား… ရပါတယ်။ ငွေမထောက်ပံ့နိုင်ဘူးလား… ရပါတယ်။ ပေါ်တင်မဆန့်ကျင်ရဲဘူးလား… ရပါတယ်။အရမ်းလွယ်တဲ့ Social Punishments ကိုတော့ ပြတ်ပြတ်သားသား လုပ်ပေးကြပါ။