ထိုင္းမီဒီယာမွာပါေဖာ္ျပျခင္းခံရတဲ့ ျမန္မာ့အေရးကို ကမာၻကသိေအာင္ ခ်ျပေပးႏိုင္ခဲ့တဲ့ ပက္ထရစ္ရွား
ေအာက္ဆုံးတြင္႐ုပ္သံဖိုင္ပါရွိပါသည္
သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေတြျဖစ္ၾကတဲ့ ပက္ထရစ္ရွာနဲ႔ ျမတ္ႏိုးေအးတို႔ႏွစ္ေယာက္ကေတာ့ လူထုလႈပ္ရွားမႈေတြမွာ တက္တက္ႂကြႂကြ
ပါဝင္ေနၾကတာပဲ ျဖစ္ပါတယ္ ။ သူမတို႔ႏွစ္ေယာက္လုံးက ျပည္သူေတြနဲ႔အတူ လမ္းေပၚထြက္ၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ၾကသလို လူမႈကြန္ယက္စာမ်က္ႏွာေတြကတစ္ဆင့္ ကူညီေပးေနတာလည္း ျဖစ္ပါတယ္ ။ အထူးသျဖင့္ ပက္ထရစ္ရွာတို႔ႏွစ္ေယာက္က ကိုယ့္ႏိုင္ငံအတြင္းမွာျဖစ္ေနတဲ့ ကိစၥေတြကို ကမာၻကသိေအာင္ ေျပာျပခဲ့ၾကတာ ျဖစ္ပါတယ္
ပက္ထရစ္ရွာနဲ႔ ျမတ္ႏိုးေအးတို႔က အဂၤလိပ္စကားနဲ႔ ေသေသခ်ာခ်ာေျပာျပၿပီး ႐ိုက္ကူးထားတဲ့ ဗီဒီယိုေတြကို YouTube ,Instagram နဲ႔ Twitter စတဲ့ Social Media ေတြမွာ တင္ခဲ့တာ ျဖစ္ပါတယ္ ။ အခုဆိုရင္ေတာ့ သူမတို႔ရဲ႕ဗီဒီယိုေတြက လူၾကည့္မ်ားၿပီး ထိုင္းႏိုင္ငံရဲ႕မီဒီယာတစ္ခုမွာပါ ေဖာ္ျပျခင္းခံလိုက္ရတာ ျဖစ္ပါတယ္
ဒါေၾကာင့္ ပက္ထရစ္ရွာက “တစ္ျခား celebrities ေတြလည္း speak up လုပ္ၾကပါ ျပည္ပႏိုင္ငံေတြရဲ႕သတင္းမီဒီယာေတြမွာ ေဖာ္ျပခံရတဲ့အခါ ကိုယ့္ႏိုင္ငံအေရးအတြက္ အေထာက္အကူျပဳပါတယ္” ဆိုၿပီး ေျပာထားတာ ျဖစ္ပါတယ္
ျမတ္ႏိုးေအးကလည္း “ကိုယ့္ႏိုင္ငံမွာခံေနရတဲ့ မတရားခံရမႈအတြက္ ႏိုင္ငံတကာကို ေျပာျပခ်င္တယ္ ဘယ္လိုေျပာရင္ အထိေရာက္ဆုံးျဖစ္မယ္ေတြ ဘာေတြမသိပါဘူး။ ေျပာခ်င္ခဲ့တာပဲသိတယ္။ အဲ့ေတာ့ ကိုယ့္မွာရွိတဲ့ ကိုယ္အားသာတဲ့ platform ကို သုံးၿပီး ေျပာခဲ့တာေတြ ခုလို သူမ်ားႏိုင္ငံ media ေတြမွာ အသိအမွတ္ျပဳခံရေတာ့ ေက်နပ္ပါတယ္။ မေၾကာက္ဘူးလားဆိုေတာ့ ေၾကာက္ပါတယ္
ဒါေပမယ့္ ဘာမွမလုပ္လို႔ လိပ္ျပာမလုံဘဲေနရမွာကို ပိုေၾကာက္ပါတယ္။ အနာဂတ္ေတြမဲ့မွာကို ပိုေၾကာက္ပါတယ္။ အမွန္တရားဘက္မွာ မရပ္တည္ႏိုင္တဲ့ သူတစ္ေယာက္ျဖစ္မွာကို ပိုေၾကာက္ပါတယ္။ ျမတ္ႏိုးကေတာ့ တတ္ႏိုင္တဲ့ဘက္ကေန အမွန္တရားအတြက္ Speak Out လုပ္ေနဦးမွာပါ ။” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္
Credit
Unicode
ထိုင်းမီဒီယာမှာပါဖော်ပြခြင်းခံရတဲ့ မြန်မာ့အရေးကို ကမ္ဘာကသိအောင် ချပြပေးနိုင်ခဲ့တဲ့ ပက်ထရစ်ရှား
အောက်ဆုံးတွင်ရုပ်သံဖိုင်ပါရှိပါသည်
သရုပ်ဆောင် မင်းသမီးချောတွေဖြစ်ကြတဲ့ ပက်ထရစ်ရှာနဲ့ မြတ်နိုးအေးတို့နှစ်ယောက်ကတော့ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ
ပါဝင်နေကြတာပဲ ဖြစ်ပါတယ် ။ သူမတို့နှစ်ယောက်လုံးက ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသလို လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် ကူညီပေးနေတာလည်း ဖြစ်ပါတယ် ။ အထူးသဖြင့် ပက်ထရစ်ရှာတို့နှစ်ယောက်က ကိုယ့်နိုင်ငံအတွင်းမှာဖြစ်နေတဲ့ ကိစ္စတွေကို ကမ္ဘာကသိအောင် ပြောပြခဲ့ကြတာ ဖြစ်ပါတယ်
ပက်ထရစ်ရှာနဲ့ မြတ်နိုးအေးတို့က အင်္ဂလိပ်စကားနဲ့ သေသေချာချာပြောပြပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို YouTube ,Instagram နဲ့ Twitter စတဲ့ Social Media တွေမှာ တင်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင်တော့ သူမတို့ရဲ့ဗီဒီယိုတွေက လူကြည့်များပြီး ထိုင်းနိုင်ငံရဲ့မီဒီယာတစ်ခုမှာပါ ဖော်ပြခြင်းခံလိုက်ရတာ ဖြစ်ပါတယ်
ဒါကြောင့် ပက်ထရစ်ရှာက “တစ်ခြား celebrities တွေလည်း speak up လုပ်ကြပါ ပြည်ပနိုင်ငံတွေရဲ့သတင်းမီဒီယာတွေမှာ ဖော်ပြခံရတဲ့အခါ ကိုယ့်နိုင်ငံအရေးအတွက် အထောက်အကူပြုပါတယ်” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်
မြတ်နိုးအေးကလည်း “ကိုယ့်နိုင်ငံမှာခံနေရတဲ့ မတရားခံရမှုအတွက် နိုင်ငံတကာကို ပြောပြချင်တယ် ဘယ်လိုပြောရင် အထိရောက်ဆုံးဖြစ်မယ်တွေ ဘာတွေမသိပါဘူး။ ပြောချင်ခဲ့တာပဲသိတယ်။ အဲ့တော့ ကိုယ့်မှာရှိတဲ့ ကိုယ်အားသာတဲ့ platform ကို သုံးပြီး ပြောခဲ့တာတွေ ခုလို သူများနိုင်ငံ media တွေမှာ အသိအမှတ်ပြုခံရတော့ ကျေနပ်ပါတယ်။ မကြောက်ဘူးလားဆိုတော့ ကြောက်ပါတယ်
ဒါပေမယ့် ဘာမှမလုပ်လို့ လိပ်ပြာမလုံဘဲနေရမှာကို ပိုကြောက်ပါတယ်။ အနာဂတ်တွေမဲ့မှာကို ပိုကြောက်ပါတယ်။ အမှန်တရားဘက်မှာ မရပ်တည်နိုင်တဲ့ သူတစ်ယောက်ဖြစ်မှာကို ပိုကြောက်ပါတယ်။ မြတ်နိုးကတော့ တတ်နိုင်တဲ့ဘက်ကနေ အမှန်တရားအတွက် Speak Out လုပ်နေဦးမှာပါ ။” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်
Credit
ရုပ္သံၾကည့္ရန္