အခက္အခဲေတြရွိေပမဲ့ ေဝဠဳေက်ာ္အား တရားစြဲဆိုထားသည့္အမႈကို အရႈံးမေပးပဲအဆုံးထိ ရင္ဆိုင္သြားမည္လို႔ ေျပာလာတဲ့ ေမာ္ဒယ္ သင္းသင္း
သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္အား ကာမလိမ္လည္မႈျဖင့္ တရားစြဲဆိုထားသည့္ အလွမယ္ သင္းသင္းက အဆိုပါ အမႈအား ႐ုတ္သိမ္းထားျခင္း မရွိဘဲ အဆုံးထိ ရင္ဆိုင္သြားမည္ဟု ေျပာသည္။
အလွမယ္ သင္းသင္းက “ အမႈကိစၥက မၿပီးေသးဘူး။ ဆက္လက္ ရင္ဆိုင္ေနရဆဲပဲ။ အမႈကို နဂိုတည္းက မ႐ုတ္ သိမ္းထားဘူး။ အဆုံးထိ ရင္ဆိုင္သြားမယ္။
အမႈရင္ဆိုင္ေနရတာ ၂ ႏွစ္ေက်ာ္ ၃ ႏွစ္ရွိၿပီ။ ႐ုတ္သိမ္းဖို႔ မရွိဘူး။ အမႈအေျခ အေနကေတာ့ တဖက္ကို စြဲခ်က္တင္တဲ့အဆင့္ ေရာက္သြားၿပီ”ဟု ေျပာသည္။
လာမည့္ မတ္လ ၁၇ ရက္ေန႔ ႐ုံးခ်ိန္း ခ်ိန္းဆိုထားၿပီး၊ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔က ႐ုံးခ်ိန္း ရွိေသာ္ လည္း သင္းသင္းက ကြာရန္တင္း ဝင္ေနရေသာေၾကာင့္ ႐ုံးခ်ိန္း မတက္ျဖစ္ခဲ့ဟု ဆိုသည္။
သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္အား ကာမ လိမ္လည္မႈျဖင့္ အလွမယ္ သင္းသင္းက ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၈ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္းၿမိဳ႕နယ္ တရား႐ုံး၌ တရားစြဲဆိုခဲ့ၿပီး၊ ေဝဠဳေက်ာ္က အဆိုပါ အမႈကို ေငြက်ပ္ သိန္း ၅၀ ျဖင့္ အာမခံ ရယူကာ ရင္ဆိုင္ေနျခင္း ျဖစ္သည္။
ရန္ကုန္ၿမိဳ႕ တာေမြၿမိဳ႕နယ္ ေမတၱာၫႊန႔္ ရပ္ကြက္ေန အလွမယ္သင္းသင္းကို စစ္ေကာင္စီတပ္ဖြဲ႕မ်ားက ဧည္စာ ရင္းစစ္မည္ဟု ဆိုကာ ေဖေဖာ္ဝါရီ ၂၂ ည ၁၁နာရီခန႔္က ဝင္ေရာက္ဖမ္းဆီးသည္။
တိုက္ဆိုင္စြာပင္ အလွမယ္ သင္းသင္း ဖမ္းဆီးခံခဲ့ရသည့္ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔သည္ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္၏ မဂၤလာေဆာင္ေသာေန႔ႏွင့္ တရက္တည္း ျဖစ္သည္။
ဟန္ၿငိမ္းဦး အမည္ခံ တယ္လီဂရမ္အေကာင့္မွ သင္းသင္းအား NUG၊ CRPH စသည့္ အဖြဲ႕အစည္းမ်ား ကို ေထာက္ခံ အားေပးျခင္း၊ CDM ဝန္ထမ္းမ်ားကို အားေပးအားေျမႇာက္လုပ္ျခင္း၊
ဆႏၵျပပြဲမ်ားတြင္ ကိုယ္တိုင္ပါဝင္ျခင္းႏွင့္ အာဏာသိမ္း စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္၏ ပုံကို ေဇာက္ထိုးပုံ တင္ကာ ဆဲဆိုျခင္း စသည့္ လုပ္ရပ္မ်ား ျပဳလုပ္ျခင္းေၾကာင့္ ယခုလို ဖမ္းဆီးရန္ လႈံ႕ေဆာ္ခဲ့သည္ဟု ဆိုသည္။
သို႔ရာတြင္ ေဖေဖာ္ဝါရီလ ၂၃ ညတြင္ ရဲက သင္းသင္းအား ျပန္လႊတ္ေပးခဲ့သည္။“မေန႔ညက တေယာက္နဲ႔ တေယာက္ အထင္လြဲမွားမႈေတြ ျဖစ္သြားတယ္။ လူေတြမ်ားတဲ့အခါက် သင္းလည္း ေၾကာက္သြားလို႔ပါ။
ေအးေအးေဆးေဆးနဲ႔ စစ္ေဆးေပးတဲ့ အဖြဲ႕အစည္းကို ေက်းဇူး အမ်ားႀကီးတင္ပါတယ္။ စိတ္ပူေပးၾကသူေတြကို အကုန္လုံးကို ေက်းဇူးတင္ပါတယ္” ဟု သင္းသင္းက ေျပာဆိုထားသည္။
ဆက္လက္ၿပီး သင္းသင္းက “လက္ရွိ က်န္းမာေရးက ေကာင္းတယ္။ အေမကေတာ့ စျဖစ္တဲ့ေန႔က မိဘဆိုေတာ့ ပူတာေပါ့။ သူက တခါမွလည္း ဘာမွ မသိတဲ့သူဆိုေတာ့ နည္းနည္းေတာ့ ေနမေကာင္း ျဖစ္သြားတယ္။ အခုေတာ့ သက္သာပါၿပီ”ဟု ေျပာသည္။
credit
အခက်အခဲတွေရှိပေမဲ့ ဝေဠုကျော်အား တရားစွဲဆိုထားသည့်အမှုကို အရှုံးမပေးပဲအဆုံးထိ ရင်ဆိုင်သွားမည်လို့ ပြောလာတဲ့ မော်ဒယ် သင်းသင်း
သရုပ်ဆောင် ဝေဠုကျော်အား ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားသည့် အလှမယ် သင်းသင်းက အဆိုပါ အမှုအား ရုတ်သိမ်းထားခြင်း မရှိဘဲ အဆုံးထိ ရင်ဆိုင်သွားမည်ဟု ပြောသည်။
အလှမယ် သင်းသင်းက “ အမှုကိစ္စက မပြီးသေးဘူး။ ဆက်လက် ရင်ဆိုင်နေရဆဲပဲ။ အမှုကို နဂိုတည်းက မရုတ် သိမ်းထားဘူး။ အဆုံးထိ ရင်ဆိုင်သွားမယ်။
အမှုရင်ဆိုင်နေရတာ ၂ နှစ်ကျော် ၃ နှစ်ရှိပြီ။ ရုတ်သိမ်းဖို့ မရှိဘူး။ အမှုအခြေ အနေကတော့ တဖက်ကို စွဲချက်တင်တဲ့အဆင့် ရောက်သွားပြီ”ဟု ပြောသည်။
လာမည့် မတ်လ ၁၇ ရက်နေ့ ရုံးချိန်း ချိန်းဆိုထားပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရုံးချိန်း ရှိသော် လည်း သင်းသင်းက ကွာရန်တင်း ဝင်နေရသောကြောင့် ရုံးချိန်း မတက်ဖြစ်ခဲ့ဟု ဆိုသည်။
သရုပ်ဆောင် ဝေဠုကျော်အား ကာမ လိမ်လည်မှုဖြင့် အလှမယ် သင်းသင်းက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့ပြီး၊ ဝေဠုကျော်က အဆိုပါ အမှုကို ငွေကျပ် သိန်း ၅၀ ဖြင့် အာမခံ ရယူကာ ရင်ဆိုင်နေခြင်း ဖြစ်သည်။
ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွှန့် ရပ်ကွက်နေ အလှမယ်သင်းသင်းကို စစ်ကောင်စီတပ်ဖွဲ့များက ဧည်စာ ရင်းစစ်မည်ဟု ဆိုကာ ဖေဖော်ဝါရီ ၂၂ ည ၁၁နာရီခန့်က ဝင်ရောက်ဖမ်းဆီးသည်။
တိုက်ဆိုင်စွာပင် အလှမယ် သင်းသင်း ဖမ်းဆီးခံခဲ့ရသည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့သည် သရုပ်ဆောင် ဝေဠုကျော်၏ မင်္ဂလာဆောင်သောနေ့နှင့် တရက်တည်း ဖြစ်သည်။
ဟန်ငြိမ်းဦး အမည်ခံ တယ်လီဂရမ်အကောင့်မှ သင်းသင်းအား NUG၊ CRPH စသည့် အဖွဲ့အစည်းများ ကို ထောက်ခံ အားပေးခြင်း၊ CDM ဝန်ထမ်းများကို အားပေးအားမြှောက်လုပ်ခြင်း၊
ဆန္ဒပြပွဲများတွင် ကိုယ်တိုင်ပါဝင်ခြင်းနှင့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံကို ဇောက်ထိုးပုံ တင်ကာ ဆဲဆိုခြင်း စသည့် လုပ်ရပ်များ ပြုလုပ်ခြင်းကြောင့် ယခုလို ဖမ်းဆီးရန် လှုံ့ဆော်ခဲ့သည်ဟု ဆိုသည်။
သို့ရာတွင် ဖေဖော်ဝါရီလ ၂၃ ညတွင် ရဲက သင်းသင်းအား ပြန်လွှတ်ပေးခဲ့သည်။“မနေ့ညက တယောက်နဲ့ တယောက် အထင်လွဲမှားမှုတွေ ဖြစ်သွားတယ်။ လူတွေများတဲ့အခါကျ သင်းလည်း ကြောက်သွားလို့ပါ။
အေးအေးဆေးဆေးနဲ့ စစ်ဆေးပေးတဲ့ အဖွဲ့အစည်းကို ကျေးဇူး အများကြီးတင်ပါတယ်။ စိတ်ပူပေးကြသူတွေကို အကုန်လုံးကို ကျေးဇူးတင်ပါတယ်” ဟု သင်းသင်းက ပြောဆိုထားသည်။
ဆက်လက်ပြီး သင်းသင်းက “လက်ရှိ ကျန်းမာရေးက ကောင်းတယ်။ အမေကတော့ စဖြစ်တဲ့နေ့က မိဘဆိုတော့ ပူတာပေါ့။ သူက တခါမှလည်း ဘာမှ မသိတဲ့သူဆိုတော့ နည်းနည်းတော့ နေမကောင်း ဖြစ်သွားတယ်။ အခုတော့ သက်သာပါပြီ”ဟု ပြောသည်။
credit