ဆရာတော်ကြီးမိန့်ပြီ……
`တပည့်တော်တို့ ရန်ကုန်ကတောင် လာဖူးရတာပါဘုရား…´ ဟု အစချီလျက် . . .
ဟောဒါက ဘာလေးပါဘုရား၊ ညာလေးပါဘုရား၊ နိုင်ငံခြားကတပည့်တော်သား၊ သမီးပို့လိုက်တဲ့ ရှားရှားပါးပါး အသုံးအဆောင်လေးပါဘုရား … မေတ္တာပို့ပေးပါဦးဘုရား စသည်ဖြင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ လျှောက်ထားလာသူများအား…
“ဟောဗျာ … ရန်ကုန်မှာ သံဃာမရှိတာကျလို့ဗျား ကိုယ့်အိမ်ရှေ့ဆွမ်းလာရပ်တဲ့ သံဃာလှူလိုက် တော့ကော ကုသိုလ်ရလို့လားဗျာ….
အင်း ခင်ဗျားတို့ ဒီလိုပုဂ္ဂိုလ်စွဲနဲ့သာ လှူနေရင် ငါစွဲ ငါ့ပစ္စည်းစွဲ ဆိုတဲ့ တဏှာမာန ဒိဋ္ဌိတွေက ဘယ်တော့ လွတ်မတုန်းဗျ။
ငါတော့ ဘယ်ဆရာတော်ကြီးကို ဘာလှူလိုက် ရတာဆိုတဲ့ စွဲစိတ်တွေ၊ ပျော်စိတ်တွေ … ဒီလိုလှူလိုက်ရလို့ နောင်ဘဝကျ၊ ငါဘာဖြစ်မှာ ဆိုတဲ့အမျှော်စိတ်တွေနဲ့ လှူနေသမျှ ခင်ဗျားတို့ ဒါန အကျိုးပေး မစင်ကြယ်သေးဘူးလို့မှတ်ဗျာ..။
အကျိုးပေးမှ မစင်ကြယ်သေးရင် မဂ်ဖိုလ် နိဗ္ဗာန်ဆိုတာ ဝေးသေးဗျ။ ပြီးတော့ တို့ကို တစ်ကျပ်ဖိုး အထင်ကြီးရင် တခြားသံဃာကို တစ်ကျပ်ဖိုးအထင်သေးသလို ဖြစ်နေတတ်တဲ့သဘောကိုရော ဆင်ခြင်မိကြရဲ့လားဗျာ…။
ဟုတ်ဗျာ…။ သံဃာဆိုတာ မြတ်စွာဘုရားနဲ့ အမြင်တူ အကျင့်တူလို့ သံဃာခေါ်တာဗျ။
ဟာ…ဘယ်သံဃာတော့ဖြင့် ကြည်ညိုစရာမကောင်းလို့ မလှူဘူးမလုပ်ပါနဲ့..။
မကောင်းတာ သူ့အပိုင်း သူ့အပြစ်သူခံလိမ့်မယ်။ ခင်ဗျားတို့ကောင်းတာလုပ်ကောင်းတာဖြစ်မှပေါ့။
ဟုတ်ဗျား… လှူတတ်မယ်ဆိုရင် ဆွမ်းကလေး တစ်ဇွန်းနဲ့လည်း တစ်ပြည်လုံး၊ တစ်ကမ္ဘာလုံးက သံဃာတွေကို လှူလို့ရပါတယ်ဗျ။
သံဃာလို့ဆိုလိုက်တာနဲ့ ဒီနေ့မှ ရှင်ဖြစ်တဲ့ သံဃာကနေ ဘုရားရဟန္တာတွေအထိ အကုန်ပါတယ်ဗျ၊
တို့ ဘာနဲ့တူလဲဆိုတော့ ဒီနေ့မှ စစ်ထဲဝင်တဲ့ ရဲဘော်အသစ်ကနေ ဟိုဗိုလ်ချုပ်ကြီးအထိကို စစ်တပ်လို့ခေါ်သလိုပေါ့..။
သံဃာလည်း ဒီနေ့မှ သင်္ကန်းစ,ဝတ်သူကနေ ဘုရားရဟန္တာတွေအထိဆိုတော့ နည်းသလားဗျ။
သက်တော်ထင်ရှားတွေရော ပရိနိဗ္ဗာန်ပြုသွားတဲ့ ဘုရားရဟန္တာတွေရော အားလုံးအကျုံးဝင်တယ်။
ဒါ့ကြောင့်… လှူတတ်မယ်ဆိုရင် ပုဂ္ဂိုလ်စွဲကင်းကင်းနဲ့သာလှူ၊ အိမ်ရှေ့ဆွမ်းရပ်တဲ့ ကိုယ်တော်သပိတ်ထဲ ဆွမ်းလေးတစ်ဇွန်းလောင်းပြီး သံဃာ့ဂုဏ်များ အာရုံပြုနေရင်ဗျာ နိဗ္ဗာန်မှာ စံတော်မူနေတဲ့ ဘုရားရဟန္တာပေါင်း မရေမတွက်နိုင်အောင်ထိ လှူပြီးဖြစ်ပါတယ်ဗျာ….။
ဒါနပြုတယ်ဆိုတာ … ငါစွဲဖြုတ်နေတာ ငါပိုင်တယ်ဆိုတာတွေကို စွန့်လွှတ်ပေးလှူ ပစ်တာ…
လိုချင်မှု သိမ်းပိုက်မှုဆိုတဲ့ တဏှာလောဘတွေကို ဒါနနဲ့ခွာချနေတာ ရင်ဝမှာစူးနေတဲ့လှံကို ဆွဲနုတ်ပစ်လိုက်တာ၊
ငါ ဒီလိုအလှူကြီးလှူလိုက်လို့ နောင်ဘဝ ဘယ်လိုကောင်းစားဦးမှာဆိုတဲ့ အမျှော်စိတ်နဲ့ လှူနေရင် နောက်ထပ် စိုက်ဝင် စူးဝင်လာမယ့် လှံတွေကို ရင်ကော့ပြီး ခံနေသလိုဖြစ်မှာပေါ့…။
ငါးကြီးကြီးလိုချင်လို့ ငါးသေးသေးကို ငါးစာလုပ် မျှားချိတ်မှာ တပ်မျှားသလို ဖြစ်မှာပေါ့….။
ဒီလို အလှူမျိုး လှူတိုင်း မကောင်းဘူး။ ကုသိုလ်လိုချင်လို့လုပ်တာ အကုသိုလ်ပဲ များမယ်…
ကျောင်းကြီးဆောက်လှူပါရဲ့ ငါ့ကျောင်းလို့စွဲနေရင် ကိုယ့်ကျောင်းကိုယ်ပြန်စောင့်ရလိမ့်မယ်။
ဘုရားတည်ပြီး ဘုရားဒကာဘွဲ့ထူးကြီးတော့ ခံယူပါရဲ့ ငါ့ဘုရားလို့စွဲနေရင် အဲဒီဘုရား ပြန်စောင့်နေရလိမ့်မယ်…။ ငါ့ဆရာတော်လို့စွဲနေရင် ဆရာတော့်ကျောင်းနား ပြိတ္တာကြီးလာဖြစ်လိမ့်မယ်ဗျ….။
တို့ကျောင်းနားလာကပ်လို့ကတော့ ကျောက်ခဲ ပရိတ်မန်းပြီး ထုလွှတ်မှာဗျနော်။ ဟုတ်လား..။
လဲတယ်ဆိုတာ သူတကာခြေထိုးလို့ လဲတာ မဟုတ်ဘူး၊ ကိုယ့်ပုဆိုးစ ကိုယ်တက်နင်းမိလို့ လဲကြတာဗျ…။
ဗုဒ္ဓဘာသာမှ လှူသလားဗျာ။လူဖြစ်မှ လှူကြသလားဗျာ။ တိရစ္ဆာန်တွေရော ဘာသာခြားတွေရော ဒါနပြုနေကြတာပါပဲ။ ဟော…ခွေးအိုမကြီးဗျာ၊ သူ့သားသမီးတွေ နို့တိုက်ကျွေးမွေးလို့ ဒါနမပြုဘူးလားဗျာ။
ဒီခွေးမကြီးအလှူမှာ ဘာမျှော်စိတ်မှမရှိလို့ မေတ္တာစစ်နဲ့ယှဉ်ပြီး ပေးကျွေးတဲ့ဒါနဖြစ်လို့ မြတ်သေးဗျာ။ တို့လူတွေများ အလှူလေးလုပ်ပြီးတာနဲ့ တောင်းလိုက်တဲ့ဆု၊ ဒီဘဝ ဘာဖြစ်ရပါစေ၊ နောက်ဘဝ ဘာဖြစ်ရပါစေနဲ့ နိဗ္ဗာန်က နောက်ဆုံးမှပါဗျာ….။
ဟော….ဒိပြင်ဘာသာဝင်တွေလည်း လှူတာ ကောင်းမှန်းသိလို့ လှူနေကြတာပါပဲ။
ဒါနခင်း ချဉ်းကပ်မိတာပါပဲ…။ ဒါပေမဲ့ ငါ, ငါစွဲအတ္တ၊ ပစ္စည်းမာန၊ ပုဂ္ဂိုလ်စွဲတွေ ရှိနေသမျှ ပါရမီမြောက်တဲ့ဒါန မဖြစ်ဘူး၊
စွန့်လွှတ်ခြင်းအစား တစ်ဖန် ပြန်လည်ရယူရေးကို ဦးတည်နေလို့ ပါရမီဆိုတဲ့စကားနဲ့တော့ ဖီလာကန့်လန့်ချည်းပဲ။ ပါရမီဒါန ဆိုတာ… လှူဆဲကာလ ဉာဏ်ယှဉ်ပါမှဗျ ။
အဲဒီတော့.…
ငါစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ပစ္စည်းစွဲတွေအစား ငါလည်းမမြဲ၊ ပုဂ္ဂိုလ်လည်းမမြဲလို့ ဆင်ခြင်ပြီး လှူနိုင်ပါမှ မဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အကြောင်းအထောက်အပံ့ ဖြစ်တယ်ဗျ။ “ကြည့်သောသူသည် မြင်၍ မြင်သောသူသည် ဆင်ခြင်၏…”
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
ပြန်လည်မျှဝေ ကုသိုလ်ပြုပါ၏။crd
zawgyi
ဆရာေတာ္ႀကီးမိန႔္ၿပီ……
`တပည့္ေတာ္တို႔ ရန္ကုန္ကေတာင္ လာဖူးရတာပါဘုရား…´ ဟု အစခ်ီလ်က္ . . .
ေဟာဒါက ဘာေလးပါဘုရား၊ ညာေလးပါဘုရား၊ ႏိုင္ငံျခားကတပည့္ေတာ္သား၊ သမီးပို႔လိုက္တဲ့ ရွားရွားပါးပါး အသုံးအေဆာင္ေလးပါဘုရား … ေမတၱာပို႔ေပးပါဦးဘုရား စသည္ျဖင့္ ဖြဲ႕ဖြဲ႕ႏြဲ႕ႏြဲ႕ ေလွ်ာက္ထားလာသူမ်ားအား…
“ေဟာဗ်ာ … ရန္ကုန္မွာ သံဃာမရွိတာက်လို႔ဗ်ား ကိုယ့္အိမ္ေရွ႕ဆြမ္းလာရပ္တဲ့ သံဃာလႉလိုက္ ေတာ့ေကာ ကုသိုလ္ရလို႔လားဗ်ာ….
အင္း ခင္ဗ်ားတို႔ ဒီလိုပုဂၢိဳလ္စြဲနဲ႔သာ လႉေနရင္ ငါစြဲ ငါ့ပစၥည္းစြဲ ဆိုတဲ့ တဏွာမာန ဒိ႒ိေတြက ဘယ္ေတာ့ လြတ္မတုန္းဗ်။
ငါေတာ့ ဘယ္ဆရာေတာ္ႀကီးကို ဘာလႉလိုက္ ရတာဆိုတဲ့ စြဲစိတ္ေတြ၊ ေပ်ာ္စိတ္ေတြ … ဒီလိုလႉလိုက္ရလို႔ ေနာင္ဘဝက်၊ ငါဘာျဖစ္မွာ ဆိုတဲ့အေမွ်ာ္စိတ္ေတြနဲ႔ လႉေနသမွ် ခင္ဗ်ားတို႔ ဒါန အက်ိဳးေပး မစင္ၾကယ္ေသးဘူးလို႔မွတ္ဗ်ာ..။
အက်ိဳးေပးမွ မစင္ၾကယ္ေသးရင္ မဂ္ဖိုလ္ နိဗၺာန္ဆိုတာ ေဝးေသးဗ်။ ၿပီးေတာ့ တို႔ကို တစ္က်ပ္ဖိုး အထင္ႀကီးရင္ တျခားသံဃာကို တစ္က်ပ္ဖိုးအထင္ေသးသလို ျဖစ္ေနတတ္တဲ့သေဘာကိုေရာ ဆင္ျခင္မိၾကရဲ႕လားဗ်ာ…။
ဟုတ္ဗ်ာ…။ သံဃာဆိုတာ ျမတ္စြာဘုရားနဲ႔ အျမင္တူ အက်င့္တူလို႔ သံဃာေခၚတာဗ်။
ဟာ…ဘယ္သံဃာေတာ့ျဖင့္ ၾကည္ညိဳစရာမေကာင္းလို႔ မလႉဘူးမလုပ္ပါနဲ႔..။
မေကာင္းတာ သူ႔အပိုင္း သူ႔အျပစ္သူခံလိမ့္မယ္။ ခင္ဗ်ားတို႔ေကာင္းတာလုပ္ေကာင္းတာျဖစ္မွေပါ့။
ဟုတ္ဗ်ား… လႉတတ္မယ္ဆိုရင္ ဆြမ္းကေလး တစ္ဇြန္းနဲ႔လည္း တစ္ျပည္လုံး၊ တစ္ကမာၻလုံးက သံဃာေတြကို လႉလို႔ရပါတယ္ဗ်။
သံဃာလို႔ဆိုလိုက္တာနဲ႔ ဒီေန႔မွ ရွင္ျဖစ္တဲ့ သံဃာကေန ဘုရားရဟႏၲာေတြအထိ အကုန္ပါတယ္ဗ်၊
တို႔ ဘာနဲ႔တူလဲဆိုေတာ့ ဒီေန႔မွ စစ္ထဲဝင္တဲ့ ရဲေဘာ္အသစ္ကေန ဟိုဗိုလ္ခ်ဳပ္ႀကီးအထိကို စစ္တပ္လို႔ေခၚသလိုေပါ့..။
သံဃာလည္း ဒီေန႔မွ သကၤန္းစ,ဝတ္သူကေန ဘုရားရဟႏၲာေတြအထိဆိုေတာ့ နည္းသလားဗ်။
သက္ေတာ္ထင္ရွားေတြေရာ ပရိနိဗၺာန္ျပဳသြားတဲ့ ဘုရားရဟႏၲာေတြေရာ အားလုံးအက်ဳံးဝင္တယ္။
ဒါ့ေၾကာင့္… လႉတတ္မယ္ဆိုရင္ ပုဂၢိဳလ္စြဲကင္းကင္းနဲ႔သာလႉ၊ အိမ္ေရွ႕ဆြမ္းရပ္တဲ့ ကိုယ္ေတာ္သပိတ္ထဲ ဆြမ္းေလးတစ္ဇြန္းေလာင္းၿပီး သံဃာ့ဂုဏ္မ်ား အာ႐ုံျပဳေနရင္ဗ်ာ နိဗၺာန္မွာ စံေတာ္မူေနတဲ့ ဘုရားရဟႏၲာေပါင္း မေရမတြက္ႏိုင္ေအာင္ထိ လႉၿပီးျဖစ္ပါတယ္ဗ်ာ….။
ဒါနျပဳတယ္ဆိုတာ … ငါစြဲျဖဳတ္ေနတာ ငါပိုင္တယ္ဆိုတာေတြကို စြန႔္လႊတ္ေပးလႉ ပစ္တာ…
လိုခ်င္မႈ သိမ္းပိုက္မႈဆိုတဲ့ တဏွာေလာဘေတြကို ဒါနနဲ႔ခြာခ်ေနတာ ရင္ဝမွာစူးေနတဲ့လွံကို ဆြဲႏုတ္ပစ္လိုက္တာ၊
ငါ ဒီလိုအလႉႀကီးလႉလိုက္လို႔ ေနာင္ဘဝ ဘယ္လိုေကာင္းစားဦးမွာဆိုတဲ့ အေမွ်ာ္စိတ္နဲ႔ လႉေနရင္ ေနာက္ထပ္ စိုက္ဝင္ စူးဝင္လာမယ့္ လွံေတြကို ရင္ေကာ့ၿပီး ခံေနသလိုျဖစ္မွာေပါ့…။
ငါးႀကီးႀကီးလိုခ်င္လို႔ ငါးေသးေသးကို ငါးစာလုပ္ မွ်ားခ်ိတ္မွာ တပ္မွ်ားသလို ျဖစ္မွာေပါ့….။
ဒီလို အလႉမ်ိဳး လႉတိုင္း မေကာင္းဘူး။ ကုသိုလ္လိုခ်င္လို႔လုပ္တာ အကုသိုလ္ပဲ မ်ားမယ္…
ေက်ာင္းႀကီးေဆာက္လႉပါရဲ႕ ငါ့ေက်ာင္းလို႔စြဲေနရင္ ကိုယ့္ေက်ာင္းကိုယ္ျပန္ေစာင့္ရလိမ့္မယ္။
ဘုရားတည္ၿပီး ဘုရားဒကာဘြဲ႕ထူးႀကီးေတာ့ ခံယူပါရဲ႕ ငါ့ဘုရားလို႔စြဲေနရင္ အဲဒီဘုရား ျပန္ေစာင့္ေနရလိမ့္မယ္…။ ငါ့ဆရာေတာ္လို႔စြဲေနရင္ ဆရာေတာ့္ေက်ာင္းနား ၿပိတၱာႀကီးလာျဖစ္လိမ့္မယ္ဗ်….။
တို႔ေက်ာင္းနားလာကပ္လို႔ကေတာ့ ေက်ာက္ခဲ ပရိတ္မန္းၿပီး ထုလႊတ္မွာဗ်ေနာ္။ ဟုတ္လား..။
လဲတယ္ဆိုတာ သူတကာေျခထိုးလို႔ လဲတာ မဟုတ္ဘူး၊ ကိုယ့္ပုဆိုးစ ကိုယ္တက္နင္းမိလို႔ လဲၾကတာဗ်…။
ဗုဒၶဘာသာမွ လႉသလားဗ်ာ။လူျဖစ္မွ လႉၾကသလားဗ်ာ။ တိရစာၦန္ေတြေရာ ဘာသာျခားေတြေရာ ဒါနျပဳေနၾကတာပါပဲ။ ေဟာ…ေခြးအိုမႀကီးဗ်ာ၊ သူ႔သားသမီးေတြ ႏို႔တိုက္ေကြၽးေမြးလို႔ ဒါနမျပဳဘူးလားဗ်ာ။
ဒီေခြးမႀကီးအလႉမွာ ဘာေမွ်ာ္စိတ္မွမရွိလို႔ ေမတၱာစစ္နဲ႔ယွဥ္ၿပီး ေပးေကြၽးတဲ့ဒါနျဖစ္လို႔ ျမတ္ေသးဗ်ာ။ တို႔လူေတြမ်ား အလႉေလးလုပ္ၿပီးတာနဲ႔ ေတာင္းလိုက္တဲ့ဆု၊ ဒီဘဝ ဘာျဖစ္ရပါေစ၊ ေနာက္ဘဝ ဘာျဖစ္ရပါေစနဲ႔ နိဗၺာန္က ေနာက္ဆုံးမွပါဗ်ာ….။
ေဟာ….ဒိျပင္ဘာသာဝင္ေတြလည္း လႉတာ ေကာင္းမွန္းသိလို႔ လႉေနၾကတာပါပဲ။
ဒါနခင္း ခ်ဥ္းကပ္မိတာပါပဲ…။ ဒါေပမဲ့ ငါ, ငါစြဲအတၱ၊ ပစၥည္းမာန၊ ပုဂၢိဳလ္စြဲေတြ ရွိေနသမွ် ပါရမီေျမာက္တဲ့ဒါန မျဖစ္ဘူး၊
စြန႔္လႊတ္ျခင္းအစား တစ္ဖန္ ျပန္လည္ရယူေရးကို ဦးတည္ေနလို႔ ပါရမီဆိုတဲ့စကားနဲ႔ေတာ့ ဖီလာကန႔္လန႔္ခ်ည္းပဲ။ ပါရမီဒါန ဆိုတာ… လႉဆဲကာလ ဉာဏ္ယွဥ္ပါမွဗ် ။
အဲဒီေတာ့.…
ငါစြဲ၊ ပုဂၢိဳလ္စြဲ၊ ပစၥည္းစြဲေတြအစား ငါလည္းမၿမဲ၊ ပုဂၢိဳလ္လည္းမၿမဲလို႔ ဆင္ျခင္ၿပီး လႉႏိုင္ပါမွ မဂ္ဖိုလ္ နိဗၺာန္ရဲ႕ အေၾကာင္းအေထာက္အပံ့ ျဖစ္တယ္ဗ်။ “ၾကည့္ေသာသူသည္ ျမင္၍ ျမင္ေသာသူသည္ ဆင္ျခင္၏…”
ေက်းဇူးေတာ္ရွင္ မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး
ျပန္လည္မွ်ေဝ ကုသိုလ္ျပဳပါ၏။crd