ၾကားသိရသမွ်

“တိုင်းရင်းသူအမတစ်ယောက်ရဲ့ Video Call မှာ ကြားရတဲ့ စကားတွေကြောင့် မျက်ရည်မကျအောင် မနည်းထိန်းထားရတယ်” ဆိုတဲ့ ပန်ဆယ်လို…

အမေရိကားက တိုင်းရင်းသူအမတစ်ယောက် Video Call ခေါ်လာတယ်။ မြန်မာစကားကို သိပ်မတတ်ပေမယ့် ကြိုးစားပြောရှာတယ်။

စစ်အာဏာရှင်ကို တစ်တိုင်းပြည်လုံးတော်လှန်နေတာ ပြည်သူတွေကို ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း ပြောတယ်။

သူတို့တုန်းက စစ်အာဏာရှင်တွေ ဘယ်လိုနှိပ်စက်တယ်ဆိုတဲ့အကြောင်း၊ ပြည်သူတွေ မသိကြဘူးဆိုတဲ့အကြောင်း။

သူ့အဒေါ် အမျိုးသမီးတစ်ယောက်ဆို ကလေးမွေးပြီး ဆယ်ရက်ပဲရှိသေးတယ်။ သွေးနုသားနုနဲ့ကို ဗမာစစ်သားတွေက မုဒိမ်းကျင့်ခဲ့တယ်။ အသက်သေခဲ့ရတယ်တဲ့။

ရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဆန်ထောင်းတဲ့ဆုံထဲထည့်ပြီး ဗိုက်ကိုထောင်းတယ်။ ကလေးထွက်ကျပြီး အမေရော ကလေးရော အသက်ဆုံးရှုံးတယ်။

ဗမာတွေ ဝင်လာပြီဟေ့ဆိုရင် အမတို့ တစ်ရွာလုံး ပြေးကြရတယ်တဲ့။

ဗမာလူမျိုးကို မုန်းတာမဟုတ်ပါဘူး။ ဒါပေမယ့် ဗမာဆို စစ်သားပဲ မြင်ဖူးတာဆိုတော့ ဗမာဆိုတဲ့

စကားလုံးကို အခုထိ ကြောက်နေတုန်းပဲတဲ့။ သူတို့မိသားတစ်စုလုံးမှာ သူတစ်ယောက်ပဲ လွတ်မြောက်လာခဲ့တာ။

တစ်မိသားစုလုံး ဗမာစစ်သားတွေသတ်လို့ သေခဲ့ရတယ်တဲ့။

သူ့အမျိုးသားဆို ဗမာကို မုန်းလွန်းလို့ ဗမာစကားကို လုံးဝမပြောဘူးတဲ့။ တတ်ထားဖူးတဲ့ ဗမာစကားတောင် ရအောင် မေ့ပစ်တာတဲ့။

အခု ဗမာလူမျိုးတွေကပါ စစ်အာဏာရှင်ကို တော်လှန်နေတာ မြင်ရတာ ကျေးဇူးတင်တယ်။ ဒီတစ်ခေါက်တော့ လွတ်မြောက်ပါရစေ။ အိမ်ပြန်ရောက်ဖူးချင်ပါပြီတဲ့။

ပြောရင်း ငိုလိုက်တာ။ ကိုယ့်မှာ နှစ်သိမ့်စရာ စကားကို မရှိ။ ကိုယ်ပါ ငိုချင်လာလို့ မနည်းထိန်းနေရတယ်။

ဒီစကားတွေကို အရင်က ကြားဖူးခဲ့ပေမယ့် အပြည့်အဝမယုံမိခဲ့ဘူး။

မယုံဘူးဆိုတာကလည်း လူသားတစ်ယောက်ရဲ့ ယုတ်မာရက်စက်နိုင်စွမ်းကို ကျော်လွန်နေတာကြောင်း အဲ့လောက်ဟုတ်ပါ့မလားလို့ တွေးမိခဲ့တာမျိုး။

အခုတော့ စစ်ခွေးတွေရဲ့ ယုတ်မာရက်စက်မှုတွေကို မျက်ဝါးထင်ထင်မြင်ရတဲ့အခါ ဟုတ်ပါ့မလားလို့ နှစ်ခါတွေးစရာကို မလိုတော့တာ။

ဒီတစ်ခေါက်တော့ အမြစ်ဖြုတ်နိုင်မှ ဖြစ်မှာ။

ငါတို့နိုင်ငံတော်ကို ငါတို့ ပြန်ရမှ ဖြစ်မယ်။ ငါတို့သွေးချင်းတွေကို ဒီလိုစေတန်တွေကြားမှာ ဆက်နေနေရဖို့ မဖြစ်နိုင်တော့။

တန်းတူရည်မျှမှုတွေနဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်ပြီး တိုင်းရင်းသားလူမျိုးစုအားလုံး ငြိမ်းချမ်းနွေးထွေးနိုင်ဖို့ ဒီတစ်ခေါက် အပြီးရုန်းကြမှ ဖြစ်မှာ။

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ကြမယ်။ တစ်နေရာ ကွက်အေးတာနဲ့ ဒီနွေကို မပူဘူးထင်နေရင် မကြာခင် ပိုတောက်လောင်လာတော့မှာ။

ဒီတစ်ခေါက် အပြတ်ရုန်းကြရအောင်ပါ။

ပန်ဆယ်လို

———–

“တိုင်းရင်းသူအမတစ်ယောက်ရဲ့ Video Call မှာ ကြားရတဲ့ စကားတွေကြောင့် မျက်ရည်မကျအောင် မနည်းထိန်းထားရတယ်” ဆိုတဲ့ ပန်ဆယ်လို

အေမရိကားက တိုင္းရင္းသူအမတစ္ေယာက္ Video Call ေခၚလာတယ္။ ျမန္မာစကားကို သိပ္မတတ္ေပမယ့္ ႀကိဳးစားေျပာရွာတယ္။

စစ္အာဏာရွင္ကို တစ္တိုင္းျပည္လုံးေတာ္လွန္ေနတာ ျပည္သူေတြကို ေက်းဇူးတင္တယ္ဆိုတဲ့အေၾကာင္း ေျပာတယ္။

သူတို႔တုန္းက စစ္အာဏာရွင္ေတြ ဘယ္လိုႏွိပ္စက္တယ္ဆိုတဲ့အေၾကာင္း၊ ျပည္သူေတြ မသိၾကဘူးဆိုတဲ့အေၾကာင္း။

သူ႔အေဒၚ အမ်ိဳးသမီးတစ္ေယာက္ဆို ကေလးေမြးၿပီး ဆယ္ရက္ပဲရွိေသးတယ္။ ေသြးႏုသားႏုနဲ႔ကို ဗမာစစ္သားေတြက မုဒိမ္းက်င့္ခဲ့တယ္။

အသက္ေသခဲ့ရတယ္တဲ့။

႐ြာက ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးကို ဆန္ေထာင္းတဲ့ဆုံထဲထည့္ၿပီး ဗိုက္ကိုေထာင္းတယ္။ ကေလးထြက္က်ၿပီး အေမေရာ ကေလးေရာ အသက္ဆုံးရႈံးတယ္။

ဗမာေတြ ဝင္လာၿပီေဟ့ဆိုရင္ အမတို႔ တစ္႐ြာလုံး ေျပးၾကရတယ္တဲ့။

ဗမာလူမ်ိဳးကို မုန္းတာမဟုတ္ပါဘူး။ ဒါေပမယ့္ ဗမာဆို စစ္သားပဲ ျမင္ဖူးတာဆိုေတာ့ ဗမာဆိုတဲ့

စကားလုံးကို အခုထိ ေၾကာက္ေနတုန္းပဲတဲ့။ သူတို႔မိသားတစ္စုလုံးမွာ သူတစ္ေယာက္ပဲ လြတ္ေျမာက္လာခဲ့တာ။

တစ္မိသားစုလုံး ဗမာစစ္သားေတြသတ္လို႔ ေသခဲ့ရတယ္တဲ့။

သူ႔အမ်ိဳးသားဆို ဗမာကို မုန္းလြန္းလို႔ ဗမာစကားကို လုံးဝမေျပာဘူးတဲ့။ တတ္ထားဖူးတဲ့ ဗမာစကားေတာင္ ရေအာင္ ေမ့ပစ္တာတဲ့။

အခု ဗမာလူမ်ိဳးေတြကပါ စစ္အာဏာရွင္ကို ေတာ္လွန္ေနတာ ျမင္ရတာ ေက်းဇူးတင္တယ္။ ဒီတစ္ေခါက္ေတာ့ လြတ္ေျမာက္ပါရေစ။

အိမ္ျပန္ေရာက္ဖူးခ်င္ပါၿပီတဲ့။

ေျပာရင္း ငိုလိုက္တာ။ ကိုယ့္မွာ ႏွစ္သိမ့္စရာ စကားကို မရွိ။ ကိုယ္ပါ ငိုခ်င္လာလို႔ မနည္းထိန္းေနရတယ္။
ဒီစကားေတြကို အရင္က ၾကားဖူးခဲ့ေပမယ့္ အျပည့္အဝမယုံမိခဲ့ဘူး။

မယုံဘူးဆိုတာကလည္း လူသားတစ္ေယာက္ရဲ႕ ယုတ္မာရက္စက္ႏိုင္စြမ္းကို ေက်ာ္လြန္ေနတာေၾကာင္း အဲ့ေလာက္ဟုတ္ပါ့မလားလို႔ ေတြးမိခဲ့တာမ်ိဳး။

အခုေတာ့ စစ္ေခြးေတြရဲ႕ ယုတ္မာရက္စက္မႈေတြကို မ်က္ဝါးထင္ထင္ျမင္ရတဲ့အခါ ဟုတ္ပါ့မလားလို႔ ႏွစ္ခါေတြးစရာကို မလိုေတာ့တာ။

ဒီတစ္ေခါက္ေတာ့ အျမစ္ျဖဳတ္ႏိုင္မွ ျဖစ္မွာ။

ငါတို႔ႏိုင္ငံေတာ္ကို ငါတို႔ ျပန္ရမွ ျဖစ္မယ္။ ငါတို႔ေသြးခ်င္းေတြကို ဒီလိုေစတန္ေတြၾကားမွာ ဆက္ေနေနရဖို႔ မျဖစ္ႏိုင္ေတာ့။

တန္းတူရည္မွ်မႈေတြနဲ႔ ဖယ္ဒရယ္ျပည္ေထာင္စုႀကီးကို တည္ေဆာက္ၿပီး တိုင္းရင္းသားလူမ်ိဳးစုအားလုံး ၿငိမ္းခ်မ္းေႏြးေထြးႏိုင္ဖို႔

ဒီတစ္ေခါက္ အၿပီး႐ုန္းၾကမွ ျဖစ္မွာ။

ဖက္ဆစ္စစ္တပ္ အျမစ္ျဖတ္ၾကမယ္။ တစ္ေနရာ ကြက္ေအးတာနဲ႔ ဒီေႏြကို မပူဘူးထင္ေနရင္ မၾကာခင္ ပိုေတာက္ေလာင္လာေတာ့မွာ။

ဒီတစ္ေခါက္ အျပတ္႐ုန္းၾကရေအာင္ပါ။

ပန္ဆယ္လို