ၾကားသိရသမွ်

ချိုင်းထောက်နဲ့ ရုန်းကန်ပြီး ဈေးပတ်ရောင်းနေရတဲ့ အမျိုးသမီးကို မကြည့်ရက်လို့ ကိုယ်ပိုင်ဈေးဆိုင်လေး ဖွင့်ပေးခဲ့ကြသူများ

နိုင်ဂျီးရီးယားမှ မသန်စွမ်း single မိခင်တစ်ဦးဖြစ်တဲ့ Mary Daniel ဟာ သူမရဲ့ ခန္ဓာကိုယ်က မသန်မစွမ်းဖြစ်နေပေမယ့် သူတတ်နိုင်သမျှအသက်မွေးဖို့ ရုန်းကန်နေရတုန်းဆိုတော့ လူတွေရဲ့အာရုံစိုက်မှုကို ခံနေရပါတယ် ။ သူမဟာ ချိုင်းထောက်ကို သုံးပြီး ပစ္စည်းများကို မြို့ထဲပတ်ပြီး ရောင်းချခြင်းကြောင့် ၎င်းကိုမြင်ပြီး netizens များရဲ့ နှလုံးသားများကို ဝမ်းနည်းစေခဲ့ပါတယ် ။

Netizens တွေက သူမကို ကိုယ်ချင်းစာပြီး Mary ကို လေးစားခဲ့ဒါကြောင့်သူမကိုငွေလှူဒါန်းကူညီလိုက်ပါတယ် ။ ဧပြီ ၂၃မှာ Mary ရဲ့ ၂၇နှစ်မြောက်မွေးနေ့မှာ netizen များက သူမရဲ့ မွေးနေ့အတွက် ရန်ပုံငွေရှာဖွေခြင်းဖြင့် ကူညီပေးခဲ့ပါတယ် ။နောက်ပြီးသူမအတွက်လှပတဲ့နေရာတစ်ခုကိုဖန်တီးခဲ့ပြီး နာမည်ကျော် stylist ဖြင့် သူမရဲ့အသွင်အပြင်ကို ပြင်ဆင်ပေးတဲ့အခါမှာ ဒါဟာ သူမရဲ့မျက်နှာပေါ်မှာ လှပတဲ့အပြုံးကို မြင်တွေ့ရတော့ စိတ်အေးချမ်းမိပါတယ် ။

Mary က ” ကျွန်မ အရမ်းဘဲပျော်မိပါတယ် ။ ကျွန်မအတွက်မွေးနေ့ပွဲတစ်ခုလုပ်လိမ့်မယ်လို့မထင်ခဲ့ဘူး။ကျွန်မနဲ့သမီးလေးအတွက်ကိုယ်ပိုင် Supermarket တစ်ခုဖွင့်လှစ်ရန် လှူဒါန်းတဲ့ ငွေကို အသက်မွေးဝမ်းကျောင်းရှာဖို့ သုံးမယ် ။ ကျွန်မကို ကူညီကြတဲ့ စေတနာရှင်အားလုံးကိုကျေးဇူးအရမ်းတင်ပါတယ် ” ဆိုပြီး ပြောခဲ့ပါတယ် ။ Mary တို့မိသားစု တစ်နေ့မှာ အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ်၊ သင့်ရဲ့ ဘဝကို ပြောင်းလဲလိုက်ပါ ။

Zawgyi

နိုင်ဂျီးရီးယားမှ မသန်စွမ်း single မိခင်တစ်ဦးဖြစ်တဲ့ Mary Daniel ဟာ သူမရဲ့ ခန္ဓာကိုယ်က မသန်မစွမ်းဖြစ်နေပေမယ့် သူတတ်နိုင်သမျှအသက်မွေးဖို့ ရုန်းကန်နေရတုန်းဆိုတော့ လူတွေရဲ့အာရုံစိုက်မှုကို ခံနေရပါတယ် ။ သူမဟာ ချိုင်းထောက်ကို သုံးပြီး ပစ္စည်းများကို မြို့ထဲပတ်ပြီး ရောင်းချခြင်းကြောင့် ၎င်းကိုမြင်ပြီး netizens များရဲ့ နှလုံးသားများကို ဝမ်းနည်းစေခဲ့ပါတယ် ။

Netizens တွေက သူမကို ကိုယ်ချင်းစာပြီး Maryကို လေးစားခဲ့ဒါကြောင့်သူမကို ငွေလှူဒါန်းကူညီလိုက်ပါတယ် ။ဧပြီ ၂၃ မှာ Mary ရဲ့ ၂၇ နှစ်မြောက်မွေးနေ့မှာ netizen များက သူမရဲ့ မွေးနေ့အတွက် ရန်ပုံငွေရှာဖွေခြင်းဖြင့် ကူညီပေးခဲ့ပါတယ် ။ နောက်ပြီး သူမအတွက် လှပတဲ့နေရာတစ်ခုကို ဖန်တီးခဲ့ပြီး နာမည်ကျော် stylist ဖြင့် သူမရဲ့အသွင်အပြင်ကို ပြင်ဆင်ပေးတဲ့အခါမှာ ဒါဟာ သူမရဲ့မျက်နှာပေါ်မှာ လှပတဲ့အပြုံးကို မြင်တွေ့ရတော့ စိတ်အေးချမ်းမိပါတယ် ။

Mary က ” ကျွန်မ အရမ်းဘဲပျော်မိပါတယ် ။ ကျွန်မအတွက် မွေးနေ့ပွဲတစ်ခု လုပ်လိမ့်မယ်လို့မထင်ခဲ့ဘူး။ ကျွန်မနဲ့ သမီးလေးအတွက်ကိုယ်ပိုင် Supermarket တစ်ခုဖွင့်လှစ်ရန် လှူဒါန်းတဲ့ ငွေကို အသက်မွေးဝမ်းကျောင်းရှာဖို့ သုံးမယ် ။ ကျွန်မကို ကူညီကြတဲ့ စေတနာရှင်အားလုံးကို ကျေးဇူးအရမ်းတင်ပါတယ် ” ဆိုပြီး ပြောခဲ့ပါတယ် ။ Mary တို့မိသားစု တစ်နေ့မှာ အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ်၊ သင့်ရဲ့ ဘဝကို ပြောင်းလဲလိုက်ပါ ။

crd