အလောင်းတော်ကဿပသည် စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ် ကပိုင်ရွာအနီးတွင်တည်ရှိပါသည်။ ပွဲတော်ချိန်ကိုရောက်တိုင်း မုံရွာမှဘုရားဖူးကားများထွက်ကြပါသည်။ မုံရွာရောက်ပေမယ့် ဘုရားဖူးရာသီလမ်းဖွင့်ချိန်မဟုတ်၍ ထိုနှစ်ကမရောက်ခဲ့ရပါ။
အလောင်းတော်ကဿပဂူသည် သမိုင်းအမျိုးမျိုးကွဲလျှက်ရှိကြသည်။ တစ်ချို့ကလည်းဘုရားရှင်၏ မဟာသာဝကြီးဖြစ်တော်မူသော ဓုတင်ဧတဒဂ်အရှင်မဟာကဿပကိုယ်တော်ကြီးဟု ယုံကြည်ကြသည်။ တစ်ချို့လည်းပုဂံခေတ်ကထင်ရှားသော ရဟန္တာအရှင်မြတ် ပေါင်းလောင်းရှင်ကဿပ ဟုလည်းယူဆကြသည်။
တစ်ချို့လည်းအင်းဝပထမမင်းခေါင်လက်ထက်က ရှင်မဟာကဿပ ဟုလည်းဆိုကြပြန်သည်။ မည်သို့ဆိုစေ အလောင်းတော်ကဿပလှိုင်ဂူကြီးကတော့ ပဟေဠိတွေနှင့်ပြည့်နှက်နေသည်။
တောကြမ်းသလိုအရောက်အပေါက်လည်း နည်းကြပါသည်။ ထိုအထဲကမှ အရှင်မြတ်ကြီးနှစ်ပါးကတော့ အလွန်ထူးဆန်းစွာဖြင့် လှိုဏ်ဂူအတွင်းပိုင်းထိ ဝင်ရောက်ဖူးမျှော်နိုင်ခဲ့ပါသည်။
ထိုအရှင်မြတ်များကတော့ အမရပူရသတ္တမမြောက်ကျော်အောင်စံထား ဆရာတော်ကြီးနှင့် မဟာဗောဓိမြိုင် ဆရာတော်ကြီးပင်ဖြစ်ပါသည်။ သတ္တမမြောက်ကျော်အောင်စံထား ဆရာတော်ကြီးကို ရွှေတိဂုံစေတီရာဟုဒေါင့်ဓမ္မာရုံ၌ မကြာခဏဖူးခွင့်ရခဲ့ပါသည်။ ဆရာတော်ကြီးသည် တစ်နှစ်တစ်ခါ ရွှေတိဂုံဘုရား၌ အဓိဋ္ဌာန်ဝင်လေ့ရှိသည်။
ထိုခေတ်ကဘုရားကို အမြဲမပြတ်ရောက်လေ့ရှိမှသာ ဆရာတော်ကြီးကိုဖူးတွေ့ခွင့်ရသည်။ တွေ့တိုင်းလည်းပုတီးစိပ်နေသည်။ ပဋ္ဌာန်းပဥှာဝါရကို တပည့်အပေါင်းနှင့်ပူဇော်သည်။ ကျွန်တော်လည်းဝင်ရောက်ပူဇော်သည်။ ဆရာတော်ကြီးကိုဝတ်ဖြည့်ပူဇော်ပေးသည်။
ရံဖန်ရံခါရင်းနှီးသည့်သူများက အကူအညီတောင်း၍ ဆရာတော်ကြီးကိုပင့်၍ဆွမ်းကပ်သည်။ ဤမျှအချိန်အတွင်း ဆရာတော်ကြီးစကားပြောတာ ကြားရခဲသည်။ ပင့်ရင်ကြွသည်၊ ဆွမ်းကပ်ရင်ဘုန်းသည်။ စကားပြောလေ့မရှိပါ။
ဆရာတော်ကြီးအလောင်းတော် ကဿပဂူကိုရောက်တော့ ၁၃၁၆ခု၊သက်တော် ၂၉နှစ်သာရှိသေးသည်။ အဓိဋ္ဌာန်၄၅ရက် ယူ၍ပုတီးစိပ်သည်။ ခြောက်ရက်မြောက်နေ့တွင် ဂူတံခါးပွင့်၍ ဂူအတွင်းဝင်ခွင့်ရခဲ့သည်။
အဓိဋ္ဌာန်ပုတီး ၄၅ရက်ပြည့်သည်အထိ ဂူအတွင်း၌သတင်းသုံးခဲ့ပါသည်။ ဆရာတော်ကြီးမှတ်တမ်းအရ အလောင်းတော်ကဿပကိုယ်တော်မြတ်ကြီးသည် အလျား၉တောင်နီးပါး၊ အနံ၄တောင်၂မိုက်၊ ထု၁၈လက်မရှိသော ကျောက်ညိုပြားပေါ်၌ ပက်လက်အနေအထား စံနေသည်ဟုပါရှိသည်။
ထို၄၅ရက်အတွင်း မဟာမြိုင်ဆရာတော်၊ ဘိုးဘိုးအောင်၊ အင်းဝဘိုမင်းခေါင်တို့၏ အကူအညီနှင့် မဟာမြိုင်တောဝိဇ္ဇာတည်သောစေတီးများကို ဖူးခွင့်ရခဲ့သည်။ ဝိဇ္ဇာတွေထွင်းထုပူဇော်ထားသော ပါဠိ၊အဋ္ဌကထာ၊ ဋီကာကျောက်ပြားများကို ပူဇော်ခွင့်ရရှိခဲ့သည့်အပြင် ဝိဇ္ဇာပေါင်းငါးထောင်ကျော်တို့၏ အစည်းအဝေပွဲကြီးကိုလည်း တက်ခွင့်ရခဲ့သည်ဟုပါရှိပါသည်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးကတော့ ၁၃၆၁မှ၁၃၆၄ခုနှစ်အတွင်း ပုံတောင်ပုံညာဘက်တွင် လှည့်လည်သတင်းသုံးခိုက် အလောင်းတော်ကဿပဂူထဲသို့ အိမ်မက်ဖြင့်ရောက်ခဲ့သည်ဟုဆိုပါသည်။
ဆရာတော်ကြီး၏ အဆိုအရပြောရပါမူ ဂူထဲတွင်အရှင်မြတ်ကြီးများ (ဆယ်ပါးခန့်) တရားဟောစင်ပေါ်၌ ကြိမ်ကုလားထိုင်ကြီးများပေါ်တွင်ထိုင်၍ သီတင်းသုံးနေသည့်ပမာ ဖူးမြင်ခဲ့ရပါသတဲ့။
ဆရာတော်ကြီးအယူအဆအရ ဤအရှင်မဟာကဿပဂူသည် သာသနာ၏ဓာတ်ပန္နက်ပမာတည်နေ၍ သမိုင်းကဘယ်အရှင်မဟာကဿပပဲဆိုဆို လက်ခံကြောင်းဖော်ပြထားပါသည်။
အထက်ပါဖြစ်ရပ်များသည် ယုံကြည်လောက်သည့်ဆရာတော်ကြီးများမှ စာအုပ်အနေဖြင့်မှတ်တမ်းတင်ခဲ့ကြခြင်းဖြစ်ပါသည်။ မဟာဗောဓိမြိုင်ဆရာတော်ကြီးဆို ယခုထိသက်တော်ထင်ရှားရှိနေပါသေးသည်။
ကျွန်တော်ကတော့ နှစ်ခုလုံးကိုယုံကြည်ပါသည်။ ဆရာတော်ကြီးနှစ်ပါးလုံး မြင်ခဲ့တွေ့ခဲ့တာတွေကို သံသယမရှိယုံကြည်ပါသည်။ ကျွန်တော်ယုံကြည်ရတဲ့အကြောင်းက ဘုရားဟောပါဠိက ဤသို့အဆိုရှိလို့ပါ။
သတ္တေနနိယျတိလောကော၊ စိတ္တေနပရ်ကဿတိ။ စိတ်တဿဧကဓမ်မဿ၊ သဗ်ဗဝေဝသမနှဂူ။ လူကိုစိတ်သည်ဆောင်အပ်၏၊ သတ္တဝါကိုစိတ်သည် မိမိအလိုသို့သာ အတင်းဆွဲဆောင်အပ်၏။ အလုံးစုံသောသတ္တဝါတို့သည်သာလျှင် စိတ်ဟုဆိုအပ်သောတစ်ခုသောတရား၏အလိုသို့ အစဉ်တစိုက်လိုက်ကြရကုန်၏။
ဗဟုသုတရကြပါစေကုန်သတည်း။ (သက်ပိုင်စိုး)
Credit.