ၾကားသိရသမွ်

ခင္ပြန္းကို ဇနီးျဖစ္သူမွ ေဖ့ဘုတ္အေကာင့္ထဲတြင္ အျခားမိန္းကေလးမ်ားနဲ႔ စကားေျပာဆိုျခင္း မျပဳလုပ္ရန္တားျမစ္ရာမွ… See more

Zawgyi

ခင္ပြန္းကို ဇနီးျဖစ္သူမွ ေဖ့ဘုတ္အေကာင့္ထဲတြင္ အျခားမိန္းကေလးမ်ားနဲ႔ စကားေျပာဆိုျခင္း မျပဳလုပ္ရန္တားျမစ္ရာမွ… See more

ယေန ့နံနက္ ၂ နာရီအခ်ိန္ခန္႔တြင္ ပဲခူးျမိဳ႔ ဥႆာ ျမိဳ႔သစ္ ရပ္ကြက္ႀကီး (၉)၊ ပြဲစားႀကီးကုန္းေနသူ ကိုမ်ဳိးသန္႔ဦး အသက္ (၃၅ )ႏွစ္အား

ဇနီးျဖစ္သူမလွသင္းၾကည္ ( ၂၁) ႏွစ္မွ ၆ ေပါင္တူျဖင္႔ ထုသတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရပါသည္။ျဖစ္စဥ္မွာ ကိုမ်ိဳးသန္ ့ဦး(၃၅)ႏွစ္၊ မင္းအေနာ္ရထာ စက္ယႏၱရားကုမၸဏီလီမိတက္

Supervisor ၊ ေဖာင္ရြာ၊ ေက်ာက္ဆည္ၿမိဳ႕နယ္၊ မႏၱေလးတိုင္းေဒသႀကီးေနသူအား ဇနီးျဖစ္သူ မလွသင္းႀကည္ (၂၁)ႏွစ္ ၊ ေအာက္ကမၻာေက်းရြာ၊ ပဲခူးၿမိဳ႕နယ္ေနသူသည္

ခင္ပြန္းျဖစ္သူ ကိုမ်ိဳးသန္ ့ဦးအား အျခားမိန္းကေလးမ်ားႏွင့္ အင္တာနက္လိုင္းသံုးစြဲသည့္ ကိစၥမျပဳလုပ္ရန္ေျပာဆိုစဥ္ ကိုမ်ိဳးသန္ ့ဦးမွ မလွသင္းႀကည္အား ရိုက္ႏွက္ျခင္းမ်ား ျပဳလုပ္ခဲ့ သျဖင့္

မလွသင္းႀကည္သည္ ကိုမ်ိဳးသန္ ့ဦး အိပ္ေပ်ာ္ေနစဥ္ (၆)ေပါင္တူျဖင့္ ဦးေခါင္းအား အခ်က္ေပါင္းမ်ားစြာ ထုႏွက္ရိုက္မႈေႀကာင့္ ခင္ပြန္းျဖစ္သူေနရာတြင္

ေသဆုံးေနေႀကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါသည္။အဆုိပါလူသတ္မႈအား ပဲခူးျမိဳ႔ အမွတ္(၃)နယ္ေျမရဲစခန္းမွ အမႈဖြင့္ ဖမ္းဆီးစစ္ေဆးလ်ွက္ရွိေႀကာင္း သိရပါသည္။

သတင္း – ဓါတ္ပုံ ။ ေက်ာ္မင္း / ကုိသန္ ့ဇင္

Unicode

ခင်ပွန်းကို ဇနီးဖြစ်သူမှ ဖေ့ဘုတ်အကောင့်ထဲတွင် အခြားမိန်းကလေးများနဲ့ စကားပြောဆိုခြင်း မပြုလုပ်ရန်တားမြစ်ရာမှ… See more

ယနေ့နံနက် ၂ နာရီအချိန်ခန့်တွင် ပဲခူးမြို့ ဥဿာ မြို့သစ် ရပ်ကွက်ကြီး (၉)၊ ပွဲစားကြီးကုန်းနေသူ ကိုမျိုးသန့်ဦး အသက် (၃၅ )နှစ်အား

ဇနီးဖြစ်သူမလှသင်းကြည် ( ၂၁) နှစ်မှ ၆ ပေါင်တူဖြင့် ထုသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ဖြစ်စဉ်မှာ ကိုမျိုးသန့်ဦး(၃၅)နှစ်၊ မင်းအနော်ရထာ စက်ယန္တရားကုမ္ပဏီလီမိတက်

Supervisor ၊ ဖောင်ရွာ၊ ကျောက်ဆည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူအား ဇနီးဖြစ်သူ မလှသင်းကြည် (၂၁)နှစ် ၊ အောက်ကမ္ဘာကျေးရွာ၊ ပဲခူးမြို့နယ်နေသူသည်

ခင်ပွန်းဖြစ်သူ ကိုမျိုးသန့်ဦးအား အခြားမိန်းကလေးများနှင့် အင်တာနက်လိုင်းသုံးစွဲသည့် ကိစ္စမပြုလုပ်ရန်ပြောဆိုစဉ် ကိုမျိုးသန့်ဦးမှ မလှသင်းကြည်အား ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ သဖြင့်

မလှသင်းကြည်သည် ကိုမျိုးသန့်ဦး အိပ်ပျော်နေစဉ် (၆)ပေါင်တူဖြင့် ဦးခေါင်းအား အချက်ပေါင်းများစွာ ထုနှက်ရိုက်မှုကြောင့် ခင်ပွန်းဖြစ်သူနေရာတွင်

သေဆုံးနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။အဆိုပါလူသတ်မှုအား ပဲခူးမြို့ အမှတ်(၃)နယ်မြေရဲစခန်းမှ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရပါသည်။

သတင်း – ဓါတ်ပုံ ။ ကျော်မင်း / ကိုသန့်ဇင်