လွန်ခဲ့တဲ့ နှစ်(၂၀)က ငွေကိုရေလိုသုံးတဲ့ သူဌေးမကြီးနဲ့ချစ်ကြိုက်ခဲ့တဲ့ သူ့ရဲ့အမှတ်တရဖြစ်ရပ်တစ်ခုအား ဖွင့်ဟလာတဲ့
မင်းအုပ်စိုး
ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းအုပ်စိုးဟာ လူသတ်မှုဖြင့်ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရပြီးနောက်ပိုင်းမှာပဲ
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာချိန်မှာတော့
တပ်ထောက်ခံသူတစ်ဦးပီပီ ထင်ရာမြင်ရာတွေကို သူ့ရဲ့ဆိုရှယ်မီဒီယာမှတစ်ဆင့် ရေးသားဝေမျှလျက်ရှိနေတာ ဖြစ်ပါ
။ မကြာသေးခင်က မင်းအုပ်စိုးရဲ့လူမှုကွန်ယက်စာမျက်နှာတွင် လွန်ခဲ့တဲ့ နှစ်(၂၀)က ငွေကိုရေလိုသုံးတဲ့ သူဌေးမကြီးနဲ့
ချစ်ကြိုက်ခဲ့တဲ့ သူ့ရဲ့အမှတ်တရဖြစ်ရပ်တစ်ခုအားဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။
” ကျန်နေခဲ့တဲ့ရက်များအကြောင်းဘာရယ်မဟုတ်ပါဘူး ဒီကနေ့မနက်အိပ်ယာနိုးတော့ ခြံထဲကိုဆင်းပြီး ခုံလေးတစ်လုံးနဲ့
ထိုင်နေမိပါတယ် ခြံထဲမှာရပ်ထားတဲ့ကားတွေကိုငေးရင်းနဲ့ပေါ့ ကားတွေကိုငေးနေရင်းကနေအတိတ်မှာကြုံခဲ့ရတဲ့
အဖြစ်အပျက်လေးတစ်ခုကို ပြန်သတိရလာမိပါတယ်။ အတိတ်ဆိုပေမယ့်လည်း ခပ်နီးနီးတော့မဟုတ်ပါဘူး။ခပ်ဝေး
ဝေးက အဖြစ်အပျက်လေးတစ်ခုပါ။ဘယ်လောက်အထိတောင်ဝေးသလဲဆိုရင် နှစ်ပေါင်း (၂၂)နှစ်တောင်ကြာခဲ့ပါပြီဒါ
ပေမယ်လည်း ကျွန်တော့်ရင်ထဲမှာတော့ မနေ့တစ်နေ့က အဖြစ်အပျက်တစ်ခုလိုပဲ
Get it on Google PlayStore ဆိုတဲ့ပုံလေးကိုနိပ်လိုက်ပါ…ပီးရင် Cook Box ရဲ့ Playstore စာမျက်နှာကိုရောက်သွားပါ
မယ် …. Install ကိုနိပ်ပြီးဒေါင်းယူသုံးစွဲနိုင်ပါပြီ….. ကျေးဇူးတင်ပါတယ်…
W3Schools
မှုန်မှိုင်းစွာ သစ်လွင်နေဆဲပါပဲ။ နှလုံးသားထဲကိုခပ်နက်နက် စိုက်ဝင်ခဲ့တဲ့ ဆူးတွေဆိုတော့ နောက်ထပ်နှစ်ပေါင်း(၂၀)
ကြာသွားခဲ့ရင်လည်း မှုန်မှုန်မှိုင်းမှိုင်း နဲ့ပြတ်သားစွာသတိရနေဦးမှာပါ။
အဲ့ဒီအချိန်တုန်းက ကျွန်တော်မွဲနေ ငတ်နေတဲ့အချိန်တွေပေါ့မင်းသားဖြစ်ဖို့အတွက် အတော်များများကိုစွန့်လွှတ်ပြီး
ကြိုးစားရုန်းကန်နေရတဲ့ အချိန်ပေါ့ လူရောဘဝရော စုတ်ပြတ်သက်နေခဲ့တာပါ။ ဒါပေမယ့် စိတ်ဓာတ် စရိုက်
အတွေးအခေါ်နဲ့ ကိုယ်ကျင့်တရားကတော့ မစုတ်ပြတ်ခဲ့ပါဘူး။အဲ့ဒါကြောင့်မို့ ထင်ပါရဲ့ အဲ့ဒီလိုမျိုးဆင်းရဲမွဲတေနေတဲ့
အလုပ်အကိုင် မယ်မယ်ရရ မရှိတဲ့ ကျွန်တော့်လိုကောင်မှာချမ်းသာလွန်းတဲ့ပြည့်စုံလွန်းတဲ့ အလုပ်တွေအများကြီးရှိတဲ့
ချစ်သူတစ်ယောက်ရခဲ့ပါတယ်။ အလွယ်ပြောရရင်တော့ချမ်းသာလွန်တဲ့ သူဌေးမကြီးနဲ့နုံချာဆင်းရဲလှတဲ့ ကျွန်တော်နဲ့
သိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်ခဲ့ကြတာပေါ့ဗျာ သူ့နာမည်က အတော်ရှည်ပါတယ်သူ့မိတ်ဆွေ သူငယ်ချင်းတွေကသူ့ကို
နာမည်အရင်းအတိုင်းမခေါ်ဘဲတခြားနာမည် တစ်မျိုးနဲ့ ခေါ်ကြပါတယ်။ကျွန်တော်ကတော့သူ့ကို မသီတာလို့ခေါ်ပါ
တယ်။ ကျွန်တော့်ထက်အသက်ရှစ်နှစ်ကြီးပါတယ် ရုပ်ဆင်းရူပကာကလည်း ကျွန်တော်နဲ့ရှေ့သွားနောက်လိုက်မညီပါ
။ချမ်းသာတာကလည်း တော်တော်ကြီးကို ပိုးဆိုးပက်စပ်ကြီးကို အင်မတိအင်မတန်ကြီးကိုချမ်းသာလှပါတယ်။
ပိုဆိုးတာက သူ့မိသားစုရဲ့ လုပ်ငန်းတွေအားလုံး သူတို့မိသားစုရဲ့ပိုင်ဆိုင်ထားတဲ့ မြေပေါ်အဆောက်အဦးမှန်သမျှအားလုံး
ကို သူ့နာမည် ပြောင်းထားတာပါပဲ။အဲ့ဒီတော့လည်း မွေးလာကတည်းကအပြစ်ပြောခံရဖို့ ကံဇာတာပါလာတဲ့ကျွန်တော့်
အတွက် သူ့မိတ်ဆွေတွေသူ့သူငယ်ချင်းတွေ သူ့မိသားစုဝင်တွေက ကောင်းကောင်းကြီးဝိုင်းတွယ်ကြတာကိုအလူးအလဲ
ခံရတော့တာပေါ့ဗျာ။ နာမည်တစ်ခုကိုလည်း သူ့လူတွေကကျွန်တော့်အတွက်လွယ်လင့်တကူပဲ တံဆိပ်ကပ်ပေးခဲ့ကြ
တာပေါ့ သူတို့ကပ်ပေးလိုက်တဲ့ နာမည်က သိပ်အဆန်းကြီးမဟုတ်ပါဘူး သူဌေးမကြီးကိုချစ်ချင်ဟန်ဆောင်ပြီးချူစားနေ
တဲ့ပိုင်းလုံး တဲ့ အဲ့ဒီအကြောင်းတွေကို နောင်ကြုံတော့မှပဲ ရေးပြပါတော့မယ်ဗျာ အခုလောလောဆယ်တော့လွမ်းခဲ့ရတဲ့
အကြောင်းလေးတွေဆီကိုဆက်သွားလိုက်ပါဦးမယ်လေ။
ကျွန်တော့်ချစ်သူမသီတာကသူဌေးမကြီးဆိုတော့သူ့ဆီမှာကားတွေအများကြီးရှိလိမ့်မယ်ဆိုတာအထူးအထွေပြောနေ
စရာမလိုပါဘူး။ဒါပေမယ့်သူစွဲစွဲမြဲမြဲစီးတဲ့ကားလေးက (မတ်တူးကြောင်မျက်လုံးဘောင်ပျောက်ကလေးပါ)အဲ့ဒီခေတ် အဲ့ဒီ
ကာလကို သိမှီလိုက်တဲ့ကားအကြောင်းနားလည်ကြတဲ့ သူတွေဆိုရင်တော့ အဲ့ဒီအချိန်တုန်းက အဲ့ဒီကားရဲ့ပေါက်စျေးနဲ့
အဆင့်အတန်းကို တွက်ဆနိုင်ကြပါလိမ့်မယ်။မသီတာက အဲ့လိုကားအကောင်းစားကြီး စီးနေတဲ့အချိန်မှာကျွန်တော့်မှာ
လည်း စီးစရာရှိပါတယ် ဆင်မလိုက် အဝေးပြေးကားဝန်းထဲမှာဖွင့်ထားတဲ့
ကျွန်တော်တို့ ဘိုကလေးမြို့သား ဦးစစ်ကောက်နဲ့ ကိုနိုင်ဦးတို့ ရဲ့ဆိုင်ကဝယ်ထားတဲ့ ပြိုင်ဘီးကလေးပါ တစ်သိန်းတိတိ
ပေးရပါတယ်။မသီတာ ဝယ်ပေးခဲ့တာမဟုတ်ပါဘူး။ အဲ့ဒီဘီးကလေးဟာ အဲ့ဒီအချိန်တုန်းကဆိုရင်ကျွန်တော့်ဘဝ
အတွက်အကောင်းဆုံးစီးတော်ယာဉ်လေးပါပဲလန်ခရူဆာဆိုလည်းဟုတ်ဟန်းမားဆိုလည်းမမှားပါဘူး။ အဲ့ဒီစက်ဘီး
လေးအပေါ်ကျွန်တော်ကဘယ်လောက်အထိတန်ဖိုးထားမြတ်နိုးမိသလဲဆိုရင် ဒီစာလေးရေးနေတဲ့အချိန်မှာတောင်အဲ့ဒီ
စက်ဘီးလေးက ကျွန်တော့်ရဲ့ဘေးနားမှာ စပ်ဖြဲဖြဲမျက်နှာပေးနဲ့ မျက်လုံးလေးတစ်ဖတ်မှိတ်ပြရင်းထောင်လျှက်သားလေး
ရှိနေပါတယ်။ ကျွန်တော့်ရဲဘော်ရဲဘက်ကြီးပေါ့ဗျာ ပြီးတော့ကျွန်တော့်ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်ထားခဲ့တဲ့ ကျွန်တော့်
စက်ဘီးလေးပေါ့ နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်းထုပ်ချင်းပေါက်အောင်ဆူးဝင်ခဲ့တဲ့ ဆူးတွေ ဆူးတွေ ရဲ့အကြောင်းကို
ကျွန်တော်ဆက်ရေးပြပါ့မယ် ။ ” ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။