ၾကားသိရသမွ်

တူဖြစ်သူ(၁၀)တန်းအောင်လို့ ဂုဏ်ယူနေတဲ့ခင်ပွန်းကို ဇနီးဖြစ်သူက မကျေနပ်သဖြင့် အိပ်ပျော်နေစဉ်တွင်… See more

တူဖြစ်သူ(၁၀)တန်းအောင်လို့ ဂုဏ်ယူနေတဲ့ခင်ပွန်းကို ဇနီးဖြစ်သူက မကျေနပ်သဖြင့် အိပ်ပျော်နေစဉ်တွင်… See more

အမှုဖြစ်စဉ်မှာ ယမန်ညနေ၄နာရီ၂၀မိနစ်အချိန်ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့နယ် ၊ သဲနုကုန်းနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်…..သည် စခန်းမှူးတာဝန်ထမ်းဆောင်
နေစဉ်

ချင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦး….မှ ရှမ်းကွင်းကျေးရွာတွင်လင်းမယားချင်း ဓားခုတ်မှုဖြစ်ပြီးခင်ပွန်းဖြစ်သူ သေဆုံးသွားကြောင်းအကြောင်းကြားလာသဖြင့် စခန်းမှူး နှင့်တပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူ

အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးရာ နံနက်၉နာရီအချိန်ခန့်တွင်သေဆုံးသူကိုသိန်းဇော်သည် တူဖြစ်သူ ( ၁၀) တန်းစာမေးပွဲ အောင်မြင်သဖြင့် အရက်သွားသောက်ခဲ့ပြီး ညနေ ၃ နာရီ ၂၀ မိနစ် အချိန်ခန့်တွင်

နေအိမ်သို့ ပြန်လည်ရောက်ရှိ၍ နေအိမ်ပေါ်တွင် အိပ်နေခဲ့သည်ဟုသိရသည်။ခင်ပွန်းဖြစ်သူသောက်စားလာသည်ကိုမကျေနပ်သဖြင့် ခင်ပွန်းဖြစ်သူ အိပ်ပျော်နေစဉ်တွင် ဇနီးဖြစ်သူ မအေးအေးအောင်သည် ရွာထဲရှိ CS2Aအရက်ဖြူဆိုင်တွင်

အရက်ဖြူ ( ၂၀၀ )ကျပ်ဖိုး အားဝယ်ယူသောက်ပြီး ညနေ ၄နာရီ ၁၅ မိနစ် အချိန်တွင် နေအိမ်သို့ပြန်လည်ရောက်ရှိပြီးဒေါသအလျောက်နေအိမ်အပေါက်ဝ တွင် ထားရှိသည့် အရိုး ( ၉) လက်မ ၊ အသွား ( ၁၆) လက်မ ၊ ဗျက် ( ၂ )လက်မခွဲခန့်ဝါးရိုးတပ် ကိုင်းခုတ်ဓားအားယူ၍

ခင်ပွန်းဖြစ်သူ၏ ဦးခေါင်းနှင့် ကျောကုန်းအား (၃/၄) ချက်ခန့်ခုတ်ပြီး နေအိမ်ပေါ်မှ ဆင်းသွားပြီးကိုင်းခုတ်ဓားအား နေအိမ်အနောက်ဘက်ရှိငှက်ပျောခင်းဘက်သို့ လွှင့်ပစ်ခဲ့သည်ဟုဆိုသည်။မအေးအေးအောင်သည်ကျေးရွာရာအိမ်မှူးအိမ်သို့သွားရောက်ပြီး ခင်ပွန်းဖြစ်သူအား ဓားဖြင့်ခုတ်ခဲ့တယ်သေသည် ရှင်သည် မသိ ရဲစခန်းသို့

အကြောင်းကြားပေးရန်ပြောသဖြင့် စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များရောက်ရှိခဲ့ကြောင်းနှင့် ကိုသိန်းဇော် မှာ ဦးခေါင်းနောက်(၄)လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ချက်၊ဝဲနားအောက် (၆)လက်မ ခန့်ပြတ်ရှ ဒဏ်ရာ(၁) ချက် ၊ ဝဲဘက်ကျောကုန်း(၆ )လက်မ ခန့် ပြတ်ရှဒဏ်ရာ (၁) ချက် ၊
ဝဲ ဂုတ်ခင်ပွန်းဖြစ်သူအား(၄)လက်မခန့်ပြတ်ရှ ဒဏ်ရာ (၁)ချက် ဒဏ်ရာတို့ရရှိပြီးနေရာတွင် ပွဲချင်းပြီး ဆေးဆုံးနေသည်ကို တွေ့ရ ၍ကိုသိန်းဇော်ကိုသေသည့်အထိ ဓားဖြင့်ခုတ်သူ မအေးအေးအောင်အား သဲနုကုန်းနယ်မြေရဲစခန်းမှအရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

SH MEDIA


နေစဉ်







SH MEDIA