၁၃ ဩဂုတ် ၂၀၂၁
Hubei ပြည်နယ်ထဲက Liulin မြို့ တမြို့ထဲမှာတင်သေဆုံးခဲ့ရတာဖြစ်ပြီး ပြည်နယ်တခြားမြို့တွေက အသေအပျောက်ေ
တွမသိရသေးဘူးဆိုပါတယ်။
Burma News Network
————————-
တရုတ်အလယ်ပိုင်းရေကြီးရေလျှံမှုကြောင့် အနည်းဆုံး ၂၁ ဦးသေဆုံး
၁၃ ဩဂုတ် ၂၀၂၁
တရုတ်နိုင်ငံအလယ်ပိုင်း Hubei ပြည်နယ်မှာ မိုးအဆက်မပြက်ရွာသွန်းနေလို့ ရေလွှမ်းမိုးမူတွေဖြစ်ပြီး လူ (၂၁) ဦး
သေဆုံးကြောင်း တရုတ်သတင်းမီဒီယာတွေက ဖေါ်ပြပါတယ်။
Hubei ပြည်နယ်ထဲက Liulin မြို့ တမြို့ထဲမှာတင်သေဆုံးခဲ့ရတာဖြစ်ပြီး ပြည်နယ်တခြားမြို့တွေက အသေအပျောက်တွေမ
သိရသေးဘူးဆိုပါတယ်။
မိုးအဆက်မပြက်ရွာသွန်းနေလို့ ရေလွှမ်းမိုးနိုင်တဲ့အလယ်ပိုင်းပြည်နယ် (၅) ခုကို အရေးပေါ်အခြေအနေသတ်မှတ်ထားတယ်လို့ သတင်းတွေကဖေါ်ပြပါတယ်။
ပြည်နယ် ၅ ခုက ရေလှောင်ကန် (၇) ရာကျော် ကျိုးပေါက်မဲံ့အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်ဆိုပါတယ်။
ပြီးခဲ့တဲ့လကလည်း ရေလွှမ်းမိုးမှုကြောင့် လူ (၃၀၀) ရာကျော်သေဆုံးခဲ့ရပါသေးတယ်။ တရုတ်မိုးလေဝသသတင်းဌာန
အဆိုအရ မိုးဆက်လက်ရွာမယ့်အနေအထားရှိပြီး
ကူညီကယ်ဆယ်ရေးအဖွဲ့တွေကြိုတင်စေလွှတ်ဖို့နဲ့ ဘေးကင်းရာကို အမြန်ပြောင်းရွှေ့ကြဖို့ တိုက်တွန်းထားကြောင်း
သတင်းတွေမှာဖေါ်ပြထားပါတယ်။
Burma News Network