ကြေးအချိန် ၄ ပိသာကျော်ရှိတဲ့ ရှေးဟောင်း ဖိနပ် ၁ ဘက်ကို ပင်လယ်ထဲကရရှိ
တနင်္သာရီတိုင်း ၊ ကျွန်းစုမြို့နယ် ၊ ကွမ်းထောင်ကျွန်း အနောက်ဘက်မှာရှိတဲ့ ပင်လယ်ရေအောက်ကနေ ကြေးအလေးချိန် ၄ ပိသာကျော်တဲ့ ဖိနပ် ၁ ဘက်ကို ငါးမျှားရာကနေ ဆယ်ယူရထားတယ်လို့ ထားဝယ်မြို့ခံ ရှေးဟောင်းပစ္စည်း မြတ်နိုးသူ အသိုင်းအဝိုင်းဆီက သိရပါတယ်။
” အခုလ ၆ ရက်က စက်လှေနဲ့ ငါးမျှားရင်း ငါးမျှားတံမှာ ချိတ်ပြီး ပါလာတာပါ ၊ ကြေးနဲ့ ပြုလုပ်ထားတဲ့ ရှေးဟောင်း ဖိနပ် ၁ ဘက်ဖြစ်တယ် ” လို့ ကွမ်းထောင်ကျွန်း ဒေသခံ တယောက်က ပြောပါတယ်။
ပင်လယ်ရေအောက် ၄၂ ပေဝန်းကျင်ကနေ ရရှိထားတဲ့ ကြေးဖိနပ်ဟာ ကြေးအလေးချိန် ၄ ပိသာ ၊ ၂၀ ကျပ်သားရှိပြီး ၊အလျား ၁၃ လက်မ ၊ အနံ အကျယ် ၅ လက်မ ဘဲဥပုံ အပေါက် ၁၆ ပါတာဖြစ်ပါတယ် ၊ အဲ့ဒိအပြင် ဖိနပ်ရဲ ဘေးတဘက် တချက်စီမှာလည်း အပေါက် ၄ ပေါက်စီ ပါတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ ဖိနပ်ရဲ့ဘေးတဖက်မှာ C,F,HEINKE,S စာတမ်းနဲ့ အခြားတဖက်မှာ PATENT အဂ်လိပ်စာတွေ ရေးထားတာ တွေ့ရပါတယ်။
” သေခြာတာကတော့ ကြေးခေတ်ယဥ်ကျေးမှု ထွန်းကားပြီး နောက်ပိုင်း ၊ ကြေးခေတ်လွန် လက်ရာလို့ ယူဆလို့ ရနိုင်တယ် ၊ အင်္ဂလိပ်လိုရေးထားတာက မျက်နှာပြင် တဘက်က သူတို့ရဲ့ မျိုးနွယ်စု ၊ အုပ်စု ၊ အစုအဖွဲ့ဖြစ်မယ် ၊ ကျန်မျက်နှာပြင်မှာ ရေးထားတာက မူပိုင်ခွင့် ရယူထားတာ ၊ ရထားတာ ဆိုတော့ ချီးမြင့်ခြင်းခံထားရတဲ ဖိနပ်ဆိုတာ သေခြာတယ် ၊ ၁၇ ရာစုနဲ့ ၁၈ ရာစုတွေမှာ ကုန်သွယ်မှုစနစ် ၊ နယ်မြေချဲ့ထွန်မှူ စနစ်တွေဟာ ရေလမ်းကြောင်းကနေ ရွက်လှေတွေ မီးသင်္ဘောတွေနဲ့ အသုံးပြုကြတာ ဖြစ်တယ် ၊ အဲ့ဒီခေတ်ကျန် ဖိနပ်လို့ ခန့်မှန်းရတယ် ” လို့ ရှေးဟောင်းသုတေသန ပညာရှင် ဦးလှသောင်းက ပြောပါတယ်။
မြိတ်ဒေသမှာ လွန်ခဲ့တဲ့ ၇ နှစ်ဝန်းကျင်ကလည်း ကုန်းပေါ်မှာ ရွှေအိုးတစ်လုံး တူးဖော် ရရှိဖူးပြီး ရေထဲကနေ အခုလို ကြေးဖိနပ်မျိုး တွေ့ရှိတာဟာ အခုဟာ ပထမဦးဆုံးဖြစ်တယ်လို့ ဒေသခံ ရှေးဟောင်းပစ္စည်း မြတ်နိူးသူ တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ Source & Photo; VOM