သမီးလေးတစ်ယောက်ကျန်ခဲ့ပြီး တိုက်ပေါ်ကခုန်ချ အသက်ပေးသွားတဲ့ သူရဲကောင်းအမျိုးသမီး မဝေဝေမြင့် (ပန်းသီး) 😔
Fb အကောင့်နာမည် Wai Wai Myint(ပန်းသီး) ဟု သိရသူ အဆိုပါအမျိုးသမီးတွင် ၃လအရွယ် ရင်သွေးငယ်တဦးကို ကိုယ်ဝန်ဆောင်ထားကြောင်းလည်း သိရှိရသည်။

စိန် ရတနာ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်ကြောင်းလည်း သိရှိရသလို ခင်ပွန်းဖြစ်သူဆရာဝန် နှင့် သမီးငယ်တဦးကို ချန်ရစ်ခဲ့ပြီး အသက်စွန့်လွတ်သွားခဲ့သူဖြစ်သည်။
အခင်းဖြစ်ပွားချိန်တွင် လူငယ်များထံအလှူငွေလာရောက် လှူဒါန်းရင်း စစ်ကောင်စီ တပ်များ ရောက်လာကာ တိုက်ပေါ်မှ ခုန်ချ၍ အသက်စွန့်သွားခဲ့ကြောင်း သိရှိရပါသည်။

လူငယ် များနှင့်အတူ အသက်စတေး တိုက်ပွဲဝင်ခဲ့သည့်အတွက် သူရဲကောင်း အာဇာနည်တဦး အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ ကောင်းရာ ဘုံဘဝမှာ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ အစ်မရေ……11-8-2021
Credit
zawgyi
Credit



