ၾကားသိရသမွ်

ကမ္ဘာလုံးဆိုင်ရာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ထောက်ခံပွဲ မနက်ဖြန် ကျင်းပမယ်

ကမ္ဘာလုံးဆိုင်ရာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ထောက်ခံပွဲ မနက်ဖြန် ကျင်းပမယ်

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ထောက်ခံပွဲကို မနက်ဖြန်(နိုဝင်ဘာ ၇ ရက်)မှာ အွန်လိုင်းကနေ

ကျင်းပဖို့စီစဉ်ထားတယ်လို့ ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေး (GMSR- GenZ)က သတင်းထုတ်ပြန်ပါတယ်။

အဲဒီအွန်လိုင်းထောက်ခံပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ NUG

ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ တိုင်းရင်း သားခေါင်းဆောင်တွေနဲ့ နိုင်ငံတကာက မြန်မာ့အရေး

ကူညီပေးနေတဲ့နိုင်ငံရေးသမားတွေ တက်ရောက်ဆွေး နွေးကြမယ်လို့ဆိုပါတယ်။

ထောက်ခံပွဲကို အွန်လိုင်းကနေ အရင်ဆုံး စာရင်းပေးသွင်း(Register)ပြုလုပ်သူ ၁၀၀၀ တက်ရောက်နိုင်ဖို့ Zoom webinar ကို စီစဉ်ထား

ပြီး စာရင်းပေးသွင်းလို့မမီလိုက်သူများအနေနဲ့လည်း ‘Global Myanmar Spring Revolution – ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး

တော်လှန်ရေး’ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ တိုက်ရိုက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ထောက်ခံပွဲကို မြန်မာစံတော်ချိန် ၈နာရီခွဲမှာ ကျင်းပမှာဖြစ်ပြီး တက်ရောက်ဖို့ စာရင်းပေးသွင်းရမယ့်လင့်ခ်က

https://us02web.zoom.us/…/tZIldO6qrzMpHtA4S7tIBrVCsGxyp… ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နိုဝင်ဘာ ၈ ရက်ဆိုရင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစ်နိုင်ငံလုံး

အတိုင်းအတာနဲ့ ၈၃ ရာခိုင် နှုန်းကျော်အနိုင်ရခဲ့တဲ့ အဲဒီရွေးကောက်ပွဲကို အနီးကပ်လေ့လာစောင့်ကြည့်ခဲ့တဲ့ ဥရောပသမဂ္ဂအပါအဝင်၊ ကမ္ဘာ့

နိုင်ငံ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက လက်ခံအသိအမှတ်ပြုထားပါတယ်။

ဒါပေမဲ့ တရားမဝင်အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်ကျော ထောက်နောက်ခံပြုပါတီ ပြည်ခိုင်ဖြိုး၊ ရွေးကောက်ပွဲမှာ တစ်နေရာမှအနိုင်မရရှိတဲ့

သူတို့ရဲ့နောက်လိုက်ပါတီအချို့ကသာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲမသာမှုရှိတယ်လို့ စွပ်စွဲနေကြတာဖြစ်ပါတယ်။

Zawgyi

ကမ္ဘာလုံးဆိုင်ရာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ထောက်ခံပွဲ မနက်ဖြန် ကျင်းပမယ်

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ထောက်ခံပွဲကို မနက်ဖြန်(နိုဝင်ဘာ ၇ ရက်)မှာ အွန်လိုင်းကနေ

ကျင်းပဖို့စီစဉ်ထားတယ်လို့ ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေး (GMSR- GenZ)က သတင်းထုတ်ပြန်ပါတယ်။

အဲဒီအွန်လိုင်းထောက်ခံပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်၊

NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ တိုင်းရင်း သားခေါင်းဆောင်တွေ

နဲ့ နိုင်ငံတကာက မြန်မာ့အရေးကူညီပေးနေတဲ့နိုင်ငံရေးသမားတွေ တက်ရောက်ဆွေး နွေးကြမယ်လို့ဆိုပါတယ်။

ထောက်ခံပွဲကို အွန်လိုင်းကနေ အရင်ဆုံး စာရင်းပေးသွင်း(Register)ပြုလုပ်သူ ၁၀၀၀ တက်ရောက်နိုင်ဖို့ Zoom webinar ကို စီစဉ်ထားြ

ပီး စာရင်းပေးသွင်းလို့မမီလိုက်သူများအနေနဲ့လည်း ‘Global Myanmar Spring Revolution – ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေ

ဦးတော်လှန်ရေး’ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ တိုက်ရိုက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ထောက်ခံပွဲကို မြန်မာစံတော်ချိန် ၈နာရီခွဲမှာ ကျင်းပမှာဖြစ်ပြီး တက်ရောက်ဖို့ စာရင်းပေးသွင်းရမယ့်လင့်ခ်က

https://us02web.zoom.us/…/tZIldO6qrzMpHtA4S7tIBrVCsGxyp… ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နိုဝင်ဘာ ၈ ရက်ဆိုရင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစ်နိုင်ငံ

လုံးအတိုင်းအတာနဲ့ ၈၃ ရာခိုင် နှုန်းကျော်အနိုင်ရခဲ့တဲ့ အဲဒီရွေးကောက်ပွဲကို အနီးကပ်လေ့လာစောင့်ကြည့်ခဲ့တဲ့ ဥရောပသမ

ဂ္ဂအပါအဝင်၊ ကမ္ဘာ့နိုင်ငံ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက လက်ခံအသိအမှတ်ပြုထားပါတယ်။

ဒါပေမဲ့ တရားမဝင်အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်ကျော ထောက်နောက်ခံပြုပါတီ ပြည်ခိုင်ဖြိုး၊ ရွေးကောက်ပွဲမှာ တစ်နေရာမှအနိုင်မရရှိ

တဲ့ သူတို့ရဲ့နောက်လိုက်ပါတီအချို့ကသာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲမသာမှုရှိတယ်လို့ စွပ်စွဲနေကြတာဖြစ်ပါတယ်။