လက်ရေးလက်သားကောင်းမွန်ခြင်းဆိုသည်မှာ ငယ်စဉ်အခါသူငယ်တန်းဘဝတည်းက စာရေးနည်းကိုစနစ်တကျဖြင့်ရေးတတ်ပြီးအခြေခံကောင်းဖို့များစွာလိုအပ်လှပါတယ်။
ယနေ့အချိန်ထိကမ္ဘာကြီးဟာလည်း အင်္ဂလိပ်စာကိုနိုင်ငံတကာဘာသာစကားတစ်ခုအနေဖြင့်သတ်မှတ်ထားဆဲဖြစ်ပါတယ်။
ထိုအင်္ဂလိပ်စာလက်ရေးကိုလူတိုင်းက ကျွမ်းကျင်စွာရေးသားနိုင်ပြီး အင်္ဂလိပ်စာပါရဂူကြီးများကိုပင်ကျော်လွန်ပြီး ၈တန်းကျောင်းသူလေးက
ကမ္ဘာပေါ်တွင်လက်ရေးအလှဆုံးသော လူသားအဖြစ်သတ်မှတ်ခံလိုက်ရပါတယ်။ကောင်မလေးဟာနီပေါနိုင်ငံတွင် ၈တန်းသင်ကြားနေသောကျောင်းသူလေးတစ်ဦးလည်းဖြစ်ပါတယ်။
ကလေးမလေး၏လက်ရေးဟာလည်း အမှန်တကယ်ပင်လှပလွန်းလှပြီး မြင်တွေ့သူများကပင်မချီးကျူးဘဲမနေနိုင်အောင်ဖြစ်ခဲ့ရပါတယ်။
စာဖတ်သူတို့အနေဖြင့်ရော မိမိကိုယ်ကိုလက်ရေးလှပါသည်ဟုယုံကြည်မှုရှိနေပြီး ၈တန်းကျောင်းသူလေး၏လက်ရေးနှင့်ယှဉ်နိုင်မည်ဟု ထင်မှတ်မိလားဆိုတာ ပြောပြခဲ့ပါဦး။
မူရင်း-Shoon (Cele Daily)