၁၄ရက်တာ ငရဲခန်းမှ လွတ်မြောက်ခြင်း(သို့မဟုတ်) ကိုဗစ် ကို အနိုင်ယူခြင်း
ပထမဦးစွာ ကျမသည် ဆရာဝန်တစ်ယောက်တော့မဟုတ်ပါ ကိုဗစ် လူနာများနှင့် ၁၄ရက်တာ အနီးကပ်နေထိုင်ပြုစုခဲ့ရခြင်း အတွေ့အကြုံများကို ပြန်လည်မျှဝေခြင်းဖြစ်ပါသည်
ကိုဗစ် စတင်ကူးစက်ခဲ့ပုံ
ကျမတို့ အိမ်ရဲ့ ခေါင်းရင်းအိမ်က ကျမ အဒေါ်တို့အိမ်ပါ ဆွေမျိုးသားချင်းများဖြစ်တာကြောင့် နှစ်အိမ့် တစ်အိမ် ကူးလူးဆက်ဆံနေကြပါတယ် ကျမ အဒေါ်၏ ခင်ပွန်းဖြစ်သူ စတင် ဖျားပါတယ် သူဖျားနေတာတော့ သိပေမယ့် အမှုမဲ့ အမှတ်မဲ့ပါပဲ ဦးလေးက အသက် ၆၅နှစ်ပါ ဖျားနေတာ ဘယ်နှစ်ရက်မှန်းမသိပေမယ့် တစ်ရက်တော့ oxygen ရှစ်ဆယ်ကျော်လောက်ပဲ ရှိတော့တာမို့ ဆေးရုံကို တင်ရပါတယ်
ဆေးရုံရောက်တော့မှ ကိုဗစ် positiveဖြစ်မှန်းသိတာပါ ဒါပေမယ့် နောက်ရက်မနက်မှာတော့ ကျမ အဒေါ် လဲ ဖျားနေပါပြီ သူ့ မြေးမလေးရယ် အပြင် ကျမတို့အိမ်က ကျမ အဖေ အမေနဲ့ အဒေါ်အပျိုကြီးတို့ပါ ဖျားသူက ဖျား လည်ချောင်းနာသူက နာ နှာစေးသူက စေးပေါ့
ဘယ်လို ကုသ ကြ မလဲ?
အိမ်ရှိလူကုန်နီးပါးဖြစ်တာဆိုတော့ ရောဂါ လက္ခဏာ ကတော့မျိုးစုံပါပဲ တချို့က အနံ့ ပျောက်ကြပေမယ့် ကျမ အဖေကကျတော့ အနံ့ လုံးဝမပျောက်ပါဘူး အဖေက ခြေထောက်တွေ ပေါင်တွေမှာ အနီစက်ကလေးတွေပေါ်လာပါတယ် ကျမ မိဘတွေ အဒေါ်တွေက ဆီးချိုရောဂါခံရှိသူတွေပါ
ဒီတော့ ဆေးတွေကို ဆင်ခြင်ပြီးသောက်သုံးရပါတယ် အဓိကတော့ အစားအစာပါ အစာကို မဖြစ်မနေစားရပါမယ် သူတို့ကို ကြက်ပေါင်းရည် ကြက်ဥ နဲ့ အသီးအနှံ အဓိက ထားကျွေးပါတယ်
အဖျားရှိတဲ့ရက်ဆိုရင်တော့ ထမင်းမကျွေးပါဘူး ကြက်ပေါင်းရည် ဆန်ပြုတ်လောက်ပဲ တိုက်ပါတယ် ဆီးချိုသမားများ ဖြစ်တာကြောင့် ကျွဲကောသီး/ရေှာက်ပန်းသီး၊ စပျစ်သီး၊ပန်းသီးနဲ့ လိမ္မော်သီးလောက်ပဲ အဓိက ထားကျွေးပါတယ် ဆီးချို မရှိသူများကတော့ ဘာနေနေ အကုန်စားပါလို့ အကြံပေးချင်ပါတယ်
အစားအစာကို ပူပူ နွေးနွေးစားပါ ရှူးရှဲရှဲ ဖြစ်မယ့်ဟာလေးတွေ စားပေးပါ ကြက်ဥ ပြုတ်ကို စားရတာ ငြီးငွေ့သွားရင် ကြက်သွန် အနီ အဖြူတို့နဲ့ သုတ်ပြီးစားပါ အနံ့ ပဲပျောက်ပျောက် အရသာပဲ ပျောက်ပျောက် အာဟာရရှိတာမှန်သမျှ စားသာစားပါ
ဆေးတွေကိုတော့
1. Vitacee civit 500mgအား တနေ့ တစ်လုံး တစ်ကဒ်ကို ၂၅၀၀ ကျပ်(တနေ့ နှစ်လုံးထိ သောက်လို့ရပါတယ် vitamin C အရမ်းများရင်လဲ ကျောက်ကပ်ထိတယ်ဆိုလို့ တစ်ထောင်ထက်တော့ ပို မသောက်သင့်ဘူးလို့ တချို့က အကြံပြုပါတယ်)
2.အားဆေး ၁ လုံး (ဂျင်စင်းမပါရ) ကျမကတော့ ဆရာဝန်တစ်ယောက်ညွှန်ကြားလို့ အင်မျူနော ဆိုတဲ့ အားဆေး တစ်လုံးကို ၆၇၀ ပေးရပါတယ် တနေ့ တစ်လုံးတိုက်ပါတယ်
3. Brand ငှက်သိုက် မနက်တစ်ဘူး ညတစ်ဘူး တိုက်ပါတယ် သူကတော့ ဘူးသေးတစ်ကဒ် ခြောက်လုံးပါတာ နှစ်သောင်းကျော်လောက်ရှိပါတယ် (ဆီးချိုသမားများဖြစ်တာကြောင့် sugar free ကိုသာတိုက်ပါတယ်)
4. အဖျားရှိရင်တော့ Para dank 500 အား တစ်လုံးထည့်တိုက်ပါတယ် (အကယ်၍ ချွေး အရမ်းထွက်လို့ အရမ်း weak ဖြစ်တဲ့သူတွေ အဖျား ၁၀၂ လောက်အထိ ဖြစ်သွားရင်တော့ ပါရာစီတမော ဆေးတောင့်Fast 500 ဆေးရည်ကို စအိုထဲ ထည့်ရပါတယ် ဆေးကို ရေခဲသေတ္တာ ထဲတွင်ထားရန်)
5.အရမ်းချွေးထွက်များရင် ဓာတ်ဆားရည် သောက်လို့ရပါတယ် (တနေ့ တစ်ထုပ်လောက်ပဲတိုက်ပါတယ် နေ့တိုင်းတော့မတိုက်ပါဘူး လိုအပ်မှ တိုက်ပါတယ် ဆီးချို သမားများဖြစ်တာကြောင့် အလွန်အကျွံသောက်လျင် ကျောက်ကပ်ထိပါတယ်)
6. ချောင်းဆိုးလာပြီဆိုရင်တော့ somulx (ရိုးရိုး ) တိုက်ပါတယ် မြန်မာ့နည်းမြန်မာ့ဟန်ကိုလဲ ဒီနေရာမှာ ချန်ထားလို့မရပါဘူး ထက်လင်းရင်လူးဆေးလိမ်းပြီးတော့ ရဲယို ရွက်ကို မီးလေးအုံပြီး ရင် ဘက်မှာ ကပ်ပေးပါတယ်
7.ဂျင်းပြုတ်ရည်
သူလဲအတော်စွမ်းပါတယ် တနေ့ တစ်ခွက်လောက်တော့သောက်ပါ
8.ဆားရည် အိပ်ရာဝင် အိပ်ရာထတိုင်း လုပ်ကျင်းပေးပါ
9.oxygen တိုင်းတဲ့စက်လေးဝယ်ထားပြီး ခနခနတိုင်းကြည့်ပါ (အလင်း ရောင်ထဲ မှာ တိုင်းရင် မမှန်တက်ပါဘူး နံပါတ်ငြိမ်ပြီးစက္ကန့်၂၀ အထိ စောင့်ပေးပြီးမှ အဖြေကို အတည်ယူပါ ၉၄အထိ ကောင်းပါတယ်)
10.အိပ်ရေးဝဝ အိပ်ပါ ပင်ပင်ပန်းပန်း မလုပ်ပါနဲ့ အဝတ်လျှော်တာတောင်မလုပ်ပါနဲ့
ဘယ်လိုကာကွယ်မလဲ?
ကျမတို့အိမ်မှာ ကျမ ညီမရယ် ကျမရယ် ၄၅ရက်မပြည့်သေးတဲ့ ကလေးရယ် မကူးပါဘူးကျမကတော့ ရေတွေကိုင်တာ များလို့လား တော့ မသိ တစ်ရက်က တစ်ညလုံး နှာချေပါတယ် အဲ့ဒါနဲ့ ချက်ချင်းပဲ ဂျင်းပြုတ်ရည် ထကျိုပြီး သောက်လောက်ပါတယ် နှာချေတာက လွဲပြီး ဘာမှ မဖြစ်တော့ပါဘူး
ကျမတို့ ဘာမှ မဖြစ်ပေမယ့် အိမ်မှာ စဖြစ်ကတည်းက vitacee 500 D3, K2 တို့ကို တနေ့တစ်လုံးပုံမှန်သောက်ပါတယ်
1. အိမ်မှာ ကိုဗစ် positive လူနာရှိကတည်းက. အိမ်ထဲက အိမ်ပြင်လုံးဝမထွက်တော့ပါ ဒီနေ့ဆို ၁၄ရက်ပြည့်ပါပြီ(သူများကို မကူးဖို့က အဓိကပါ)
2.ပစ္စည်း တစ်ခုခုကိုင်ပြီးတိုင်း လက်ဆေးပါ
3 .mask နဲ့ face shield တပ်ပါ
4.vitamin C လောက်တော့ ကြိုသောက်ထားလို့ရပါတယ် (အလွန်အကျွံ မသောက်ရန်)
5.ဆားရည်နေ့တိုင်းလုပ်ကျင်းပါ
6.ဂျင်းပြုတ်ရည်သောက်ပါ(ထန်းလျက်မပါလဲ ရပါတယ်)
7.ရေနွေး ကြမ်း သောက်ပါ
8.ပိုးသတ်ဆေး တနေ့ နှစ်ကြိမ်ဖြန်းပါတယ် (detol ဆေးရည် ရယ် ရေရယ် ဆပ်ပြာရည် အနည်းငယ် ရောထည့်ပြီးဖြန်းပါတယ် ဆေးဖြန်းတဲ့ ဘူးလွတ်အသေးလေးတွေဝယ်လို့ရပါတယ် အပင်ဆေးဖြန်းဘူးပုံစံပါ တစ်ဘူး ေလးထောင်ကျော်လောက်ပဲ ကျပါတယ်) အိပ်ရာ အိမ်သာပါမကျန်ဖြန်းပါတယ်
9.ပန်းကန်ဇွန်း သောက်ေရဗူးများသပ်သပ်ထားရန့်
10. မိမိ၏ အဝတ်အစားများကို သပ်သပ် ကြွပ်ကြွပ်အိတ်နဲ့ ခွဲထားပါေလျှာ်တဲ့အခါမှာလဲ ရေနွေးနဲ့ ဆပ်ပြာမှုန်နဲ့ နာရီဝက်လောက်စိမ်ထားပြီးမှ လျှော်ပါတယ်
အထူးဂရုစိုက်ရန်
Oxygen ၉၄ အောက်ကျနေလျင်အဖျားအရမ်းကြီးနေလျင်ဆေးရုံတွင် ဆေးကုသမှု ခံယူပါ(အကယ်၍ oxygen ကျနေလို့ ချက်ချင်းဆေးရုံ သွားလို့အဆင်မပြေသေးဘူးဆိုလျင် ပက်လက်မအိပ်ပါနဲ့ ကျော်မှီလေးနဲ့ မတ်မတ်အနေထားပုံစံနဲ့ အိပ်ပါ)မျက်လုံးနှစ်လုံးပွင့်တာနဲ့ စားဖို့ပဲ အဓိကထားပါ
Airconပန်ကာလေ လုံးဝလုံးဝမခံပါနဲ့ (လုံးဝအရေးကြီးပါသည်)လေဝင်လေထွက်ကောင်းသောနေရာမှာနေပါ မနက် နေရောင်ခြည် မိနစ် ၂၀လောက် နေရောင်ခံပါဆေးများအလွန်အကျွံ မသောက်ပါနှင့် (စဖြစ်တဲ့ ကျမဦးလေးက ဆီးချိုရောဂါ လုံးဝမရှိပါဘူး
ဒါပေမယ့် အစားမစားချင်ဘူးဆိုတိုင်း ensureဖျော်ရည် တွေ အရမ်းသောက်တာကြောင့်လားတော့မသိ ဆေးရုံရောက်တော့ ဆီးချို ၃၀၀ အထိရောက်သွားပါတယ် ကိုဗစ်ဖြစ်နေတုန်းဆီးချိုဝင်တက်တယ်လို့လဲ ဆိုကျပါတယ် သိုသော်လဲ အစားမစားနိုင်သူများအဖို့ ensureက အကောင်းဆုံးပါ အရမ်းအလွန်အကျွံတော့ မသောက်သုံးသင့်ဘူးပေါ့)
ဆီချိုသမားများ ဆီးချိုလေးလဲ ပုံမှန်တိုင်းပေးဖို့လိုပါတယ် တခါတလေ ဆီချိုဆိုတိုင်း တက်တာမဟုတ်ပဲ အချိုဓာတ်လိုတာလဲ ဖြစ်တက်ပါတယ် (ဟိုက်ပါရတယ်လို့ ပြောပါတယ် ဆီးချိုတက်တာထက် ကျတာက ပိုဆိုးပါတယ်သကြားရည် သို့မဟုတ် အချိုရည် အနည်းငယ် သောက်ပေးရပါတယ်)ရေကို ဂရုတစိုက်သောက်ပေးရန်
လက်ဆေးရန် maskတပ်ရန်
ဖျားပြီဆိုတာနဲ့ ဘယ်သူနဲ့မှ မထိစက်ရန် အပြင်လုံးဝမထွက်ပါနဲ့နော်
မိမိကိုယ်ကိုယ်သံသယ လုံးဝမဝင်ကျသူများအထူးဂရုစိုက်ကျပါ ဒီရာသီမှာ တုပ်ကွေးဆိုတာမရှိသလောက်ပါနော် နှာချေ ချောင်းဆိုး လည်ပင်းယားတာနဲ့ မိမိကိုယ်မိမိ ရောဂါပိုးစဝင်နေပြီလို့သာ သတ်မှတ်ပြီးတော့ အစစအရာအရာ အထူးဂရုစိုက်ဆင်ခြင်ကြပါ
လုံးဝ ဂရုမစိုက်ရန်
ဒီရောဂါဖြစ်လို့ ရပ်ကွက်နာပါတယ် လို့ ပြောသူများ ဆေးရုံကို အတင်းပို့ချင်နေသူများ ရေတစ်ဘူး ကြက်ဥတစ်လုံးတောင် မပေးဘဲ စဆရက လုပ်နေသူများကို လုံးဝလုံးဝ south ဂရုမစိုက်ရန်
ရှောင်ရန်
ဆီကြော်များ မစားရန် Aircon ပန်ကာလေ မခံရန် အစာမစားဘဲ မနေရန် ဆေးအလွန်အကျွံ မသောက်ရန် အနံ့ မရဘူးဆိုပြီး နှာခေါင်းထဲဆေးရည်များထည့်ခြင်းမပြုလုပ်ရန် သူ့အလိုလို ပြန်ရပါလိမ့်မည်
ရေနွေးငွေ့များ အလွန်အကျွံမရှူရန်(ကျမအဖေဖြစ်သူက ရေနွေးငွေ့ ရှူရမယ်ဆိုလို့ မတရားရှူပစ်လိုက်တာ နောက်နေ့oxygenပါပိုကျသွားတယ် ပုံမှန်အသက်ရှူရုံလောက်လေးပဲရှူပါ)
ကျေးဇူးတင်လွှာအသက် ၆၀ကေျာ် ဆီးချိုသမား ငါးယောက်နဲ့ အသက်၅၀ ကျော်တစ်ယောက် ပြန်လည်ကျန်းမာလာအောင် ကျမတို့ လူငယ်များ မကူးစက်အောင် ဝိုင်ဝန်း အကြံပေးခဲ့ကျသော ဆရာဝန် အစ်ကို အစ်မများ ရေကအစ ကြက်ဥအစ ကြက်ပေါင်းရည်အဆုံး အိမ်ရှေ့အရောက် လာရောက်ပို့ပေးကျသော နေ့တိုင်းဆိုသလို စျေးဝယ်ပေးကျသူများ နေ့တိုင်းဖုန်းဆက်ပြီး အားပေးစကားပြောပေးကျတဲ့ ဆရာဆရာမ သူငယ်ချင်းမိတ်ဆွေများ
တမြို့ထဲ မနေတာတောင် စားစရာများပို့ပေးကျသူများ ပို့ပေးမယ်လို့ ဖုန်းဆက်လှမ်းပြောကျသူများတမြို့ထဲေနပေမယ့်လဲ အရှေ့နဲ့အနောက် တောင်နဲ့မြောက် နေတာတောင် ကြက် ပေါင်းရည် ပို့ပေးချင်ကျသူများ ပို့ပေးကျသူများလူကိုယ်တိုင်မဟုတ်ပေမယ်လဲ deliveryနဲ့ စားစရာနဲ့ဆေးတွေ ပို့ပေးကျသူများ
အားလုံးကို ဦးခိုက်ပြီး ကျေးဇူးတင်ပါရစေ
မှတ်ချက် ။ oxygen အရမ်းကျပြီး အဖျားအရမ်းကြီးပါက ဆေးရုံသွားရန်
ဒီရောဂါသည် စိတ်နဲ့ အစားအစာက ၈၀ရာခိုင်နှုန်းလောက် အဓိက ကျပါတယ် ဂရုတစိုက်နေထိုင်ပါက အသက်မသေနိုင်သော ရောဂါဖြစ်သည် ရောဂါကူးမှာကို အရမ်းမကြောက်ပါနဲ့ မကူးစက်အောင် ဘယ်လိုနေထိုင်မလဲ ကူးစက်လာရင်လဲ ငါ ဘယ်လို အနိုင်တိုက်မလဲ ဆိုတာကို အဓိက ထားပြီးတွေးပါ
မိမိပတ်ဝန်းကျင်မှာ ကိုဗစ် လူနာများရှိလို့ရှိရင်လဲ ဘာလိုအပ်လဲ မေးမနေပါနဲ့ ရေသန့် တစ်ဘူး ပို့ပေးလဲ သူတို့အတွက်အသုံးဝင်ပါတယ် ကြက်ဥတစ်လုံးကလဲ အားဖြစ်စေပါတယ်
သိချင်တာများရှိလို့ရှင်ရင်လဲ ကျမကို အချိန်မရွေး မေးလို့ရပါတယ်ရှင့်
ကျမ ဆရာဝန်တစ်ယောက်တော့မဟုတ်ပါ အကောင်းဆုံးအကြံတော့ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်
၁၄ရက္တာ ငရဲခန္းမွ လြတ္ေျမာက္ျခင္း(သို႔မဟုတ္) ကိုဗစ္ ကို အနိုင္ယူျခင္း
ပထမဦးစြာ က်မသည္ ဆရာဝန္တစ္ေယာက္ေတာ့မဟုတ္ပါ ကိုဗစ္ လူနာမ်ားႏွင့္ ၁၄ရက္တာ အနီးကပ္ေနထိုင္ျပဳစုခဲ့ရျခင္း အေတြ႕အၾကဳံမ်ားကို ျပန္လည္မၽွေဝျခင္းျဖစ္ပါသည္
ကိုဗစ္ စတင္ကူးစက္ခဲ့ပုံ
က်မတို႔ အိမ္ရဲ့ ေခါင္းရင္းအိမ္က က်မ အေဒၚတို႔အိမ္ပါ ေဆြမ်ိဳးသားခ်င္းမ်ားျဖစ္တာေၾကာင့္ ႏွစ္အိမ့္ တစ္အိမ္ ကူးလူးဆက္ဆံေနၾကပါတယ္ က်မ အေဒၚ၏ ခင္ပြန္းျဖစ္သူ စတင္ ဖ်ားပါတယ္ သူဖ်ားေနတာေတာ့ သိေပမယ့္ အမႈမဲ့ အမွတ္မဲ့ပါပဲ ဦးေလးက အသက္ ၆၅ႏွစ္ပါ ဖ်ားေနတာ ဘယ္ႏွစ္ရက္မွန္းမသိေပမယ့္ တစ္ရက္ေတာ့ oxygen ရွစ္ဆယ္ေက်ာ္ေလာက္ပဲ ရွိေတာ့တာမို႔ ေဆး႐ုံကို တင္ရပါတယ္
ေဆး႐ုံေရာက္ေတာ့မွ ကိုဗစ္ positiveျဖစ္မွန္းသိတာပါ ဒါေပမယ့္ ေနာက္ရက္မနက္မွာေတာ့ က်မ အေဒၚ လဲ ဖ်ားေနပါၿပီ သူ႔ ေျမးမေလးရယ္ အျပင္ က်မတို႔အိမ္က က်မ အေဖ အေမနဲ႔ အေဒၚအပ်ိဳႀကီးတို႔ပါ ဖ်ားသူက ဖ်ား လည္ေခ်ာင္းနာသူက နာ ႏွာေစးသူက ေစးေပါ့
ဘယ္လို ကုသ ၾက မလဲ?
အိမ္ရွိလူကုန္နီးပါးျဖစ္တာဆိုေတာ့ ေရာဂါ လကၡဏာ ကေတာ့မ်ိဳးစုံပါပဲ တခ်ိဳ႕က အနံ့ ေပ်ာက္ၾကေပမယ့္ က်မ အေဖကက်ေတာ့ အနံ့ လုံးဝမေပ်ာက္ပါဘူး အေဖက ေျခေထာက္ေတြ ေပါင္ေတြမွာ အနီစက္ကေလးေတြေပၚလာပါတယ္ က်မ မိဘေတြ အေဒၚေတြက ဆီးခ်ိဳေရာဂါခံရွိသူေတြပါ
ဒီေတာ့ ေဆးေတြကို ဆင္ျခင္ၿပီးေသာက္သုံးရပါတယ္ အဓိကေတာ့ အစားအစာပါ အစာကို မျဖစ္မေနစားရပါမယ္ သူတို႔ကို ၾကက္ေပါင္းရည္ ၾကက္ဥ နဲ႔ အသီးအႏွံ အဓိက ထားေကၽြးပါတယ္
အဖ်ားရွိတဲ့ရက္ဆိုရင္ေတာ့ ထမင္းမေကၽြးပါဘူး ၾကက္ေပါင္းရည္ ဆန္ျပဳတ္ေလာက္ပဲ တိုက္ပါတယ္ ဆီးခ်ိဳသမားမ်ား ျဖစ္တာေၾကာင့္ ကၽြဲေကာသီး/ေရွာက္ပန္းသီး၊ စပ်စ္သီး၊ပန္းသီးနဲ႔ လိေမၼာ္သီးေလာက္ပဲ အဓိက ထားေကၽြးပါတယ္ ဆီးခ်ိဳ မရွိသူမ်ားကေတာ့ ဘာေနေန အကုန္စားပါလို႔ အႀကံေပးခ်င္ပါတယ္
အစားအစာကို ပူပူ ေႏြးေႏြးစားပါ ရႉးရွဲရွဲ ျဖစ္မယ့္ဟာေလးေတြ စားေပးပါ ၾကက္ဥ ျပဳတ္ကို စားရတာ ၿငီးေငြ႕သြားရင္ ၾကက္သြန္ အနီ အျဖဴတို႔နဲ႔ သုတ္ၿပီးစားပါ အနံ့ ပဲေပ်ာက္ေပ်ာက္ အရသာပဲ ေပ်ာက္ေပ်ာက္ အာဟာရရွိတာမွန္သမၽွ စားသာစားပါ
ေဆးေတြကိုေတာ့
1. Vitacee civit 500mgအား တေန႔ တစ္လုံး တစ္ကဒ္ကို ၂၅၀၀ က်ပ္(တေန႔ ႏွစ္လုံးထိ ေသာက္လို႔ရပါတယ္ vitamin C အရမ္းမ်ားရင္လဲ ေက်ာက္ကပ္ထိတယ္ဆိုလို႔ တစ္ေထာင္ထက္ေတာ့ ပို မေသာက္သင့္ဘူးလို႔ တခ်ိဳ႕က အႀကံျပဳပါတယ္)
2.အားေဆး ၁ လုံး (ဂ်င္စင္းမပါရ) က်မကေတာ့ ဆရာဝန္တစ္ေယာက္ညႊန္ၾကားလို႔ အင္မ်ဴေနာ ဆိုတဲ့ အားေဆး တစ္လုံးကို ၆၇၀ ေပးရပါတယ္ တေန႔ တစ္လုံးတိုက္ပါတယ္
3. Brand ငွက္သိုက္ မနက္တစ္ဘူး ညတစ္ဘူး တိုက္ပါတယ္ သူကေတာ့ ဘူးေသးတစ္ကဒ္ ေျခာက္လုံးပါတာ ႏွစ္ေသာင္းေက်ာ္ေလာက္ရွိပါတယ္ (ဆီးခ်ိဳသမားမ်ားျဖစ္တာေၾကာင့္ sugar free ကိုသာတိုက္ပါတယ္)
4. အဖ်ားရွိရင္ေတာ့ Para dank 500 အား တစ္လုံးထည့္တိုက္ပါတယ္ (အကယ္၍ ေခၽြး အရမ္းထြက္လို႔ အရမ္း weak ျဖစ္တဲ့သူေတြ အဖ်ား ၁၀၂ ေလာက္အထိ ျဖစ္သြားရင္ေတာ့ ပါရာစီတေမာ ေဆးေတာင့္Fast 500 ေဆးရည္ကို စအိုထဲ ထည့္ရပါတယ္ ေဆးကို ေရခဲေသတၱာ ထဲတြင္ထားရန္)
5.အရမ္းေခၽြးထြက္မ်ားရင္ ဓာတ္ဆားရည္ ေသာက္လို႔ရပါတယ္ (တေန႔ တစ္ထုပ္ေလာက္ပဲတိုက္ပါတယ္ ေန႔တိုင္းေတာ့မတိုက္ပါဘူး လိုအပ္မွ တိုက္ပါတယ္ ဆီးခ်ိဳ သမားမ်ားျဖစ္တာေၾကာင့္ အလြန္အကၽြံေသာက္လ်င္ ေက်ာက္ကပ္ထိပါတယ္)
6. ေခ်ာင္းဆိုးလာၿပီဆိုရင္ေတာ့ somulx (ရိုးရိုး ) တိုက္ပါတယ္ ျမန္မာ့နည္းျမန္မာ့ဟန္ကိုလဲ ဒီေနရာမွာ ခ်န္ထားလို႔မရပါဘူး ထက္လင္းရင္လူးေဆးလိမ္းၿပီးေတာ့ ရဲယို ရြက္ကို မီးေလးအုံၿပီး ရင္ ဘက္မွာ ကပ္ေပးပါတယ္
7.ဂ်င္းျပဳတ္ရည္
သူလဲအေတာ္စြမ္းပါတယ္ တေန႔ တစ္ခြက္ေလာက္ေတာ့ေသာက္ပါ
8.ဆားရည္ အိပ္ရာဝင္ အိပ္ရာထတိုင္း လုပ္က်င္းေပးပါ
9.oxygen တိုင္းတဲ့စက္ေလးဝယ္ထားၿပီး ခနခနတိုင္းၾကည့္ပါ (အလင္း ေရာင္ထဲ မွာ တိုင္းရင္ မမွန္တက္ပါဘူး နံပါတ္ၿငိမ္ၿပီးစကၠန္႔၂၀ အထိ ေစာင့္ေပးၿပီးမွ အေျဖကို အတည္ယူပါ ၉၄အထိ ေကာင္းပါတယ္)
10.အိပ္ေရးဝဝ အိပ္ပါ ပင္ပင္ပန္းပန္း မလုပ္ပါနဲ႔ အဝတ္ေလၽွာ္တာေတာင္မလုပ္ပါနဲ႔
ဘယ္လိုကာကြယ္မလဲ?
က်မတို႔အိမ္မွာ က်မ ညီမရယ္ က်မရယ္ ၄၅ရက္မျပည့္ေသးတဲ့ ကေလးရယ္ မကူးပါဘူးက်မကေတာ့ ေရေတြကိုင္တာ မ်ားလို႔လား ေတာ့ မသိ တစ္ရက္က တစ္ညလုံး ႏွာေခ်ပါတယ္ အဲ့ဒါနဲ႔ ခ်က္ခ်င္းပဲ ဂ်င္းျပဳတ္ရည္ ထက်ိဳၿပီး ေသာက္ေလာက္ပါတယ္ ႏွာေခ်တာက လြဲၿပီး ဘာမွ မျဖစ္ေတာ့ပါဘူး
က်မတို႔ ဘာမွ မျဖစ္ေပမယ့္ အိမ္မွာ စျဖစ္ကတည္းက vitacee 500 D3, K2 တို႔ကို တေန႔တစ္လုံးပုံမွန္ေသာက္ပါတယ္
1. အိမ္မွာ ကိုဗစ္ positive လူနာရွိကတည္းက. အိမ္ထဲက အိမ္ျပင္လုံးဝမထြက္ေတာ့ပါ ဒီေန႔ဆို ၁၄ရက္ျပည့္ပါၿပီ(သူမ်ားကို မကူးဖို႔က အဓိကပါ)
2.ပစၥည္း တစ္ခုခုကိုင္ၿပီးတိုင္း လက္ေဆးပါ
3 .mask နဲ႔ face shield တပ္ပါ
4.vitamin C ေလာက္ေတာ့ ႀကိဳေသာက္ထားလို႔ရပါတယ္ (အလြန္အကၽြံ မေသာက္ရန္)
5.ဆားရည္ေန႔တိုင္းလုပ္က်င္းပါ
6.ဂ်င္းျပဳတ္ရည္ေသာက္ပါ(ထန္းလ်က္မပါလဲ ရပါတယ္)
7.ေရေႏြး ၾကမ္း ေသာက္ပါ
8.ပိုးသတ္ေဆး တေန႔ ႏွစ္ႀကိမ္ျဖန္းပါတယ္ (detol ေဆးရည္ ရယ္ ေရရယ္ ဆပ္ျပာရည္ အနည္းငယ္ ေရာထည့္ၿပီးျဖန္းပါတယ္ ေဆးျဖန္းတဲ့ ဘူးလြတ္အေသးေလးေတြဝယ္လို႔ရပါတယ္ အပင္ေဆးျဖန္းဘူးပုံစံပါ တစ္ဘူး ေလးေထာင္ေက်ာ္ေလာက္ပဲ က်ပါတယ္) အိပ္ရာ အိမ္သာပါမက်န္ျဖန္းပါတယ္
9.ပန္းကန္ဇြန္း ေသာက္ေရဗူးမ်ားသပ္သပ္ထားရန႔္
10. မိမိ၏ အဝတ္အစားမ်ားကို သပ္သပ္ ႂကြပ္ႂကြပ္အိတ္နဲ႔ ခြဲထားပါေလၽွာ္တဲ့အခါမွာလဲ ေရေႏြးနဲ႔ ဆပ္ျပာမႈန္နဲ႔ နာရီဝက္ေလာက္စိမ္ထားၿပီးမွ ေလၽွာ္ပါတယ္
အထူးဂ႐ုစိုက္ရန္
Oxygen ၉၄ ေအာက္က်ေနလ်င္အဖ်ားအရမ္းႀကီးေနလ်င္ေဆး႐ုံတြင္ ေဆးကုသမႈ ခံယူပါ(အကယ္၍ oxygen က်ေနလို႔ ခ်က္ခ်င္းေဆး႐ုံ သြားလို႔အဆင္မေျပေသးဘူးဆိုလ်င္ ပက္လက္မအိပ္ပါနဲ႔ ေက်ာ္မွီေလးနဲ႔ မတ္မတ္အေနထားပုံစံနဲ႔ အိပ္ပါ)မ်က္လုံးႏွစ္လုံးပြင့္တာနဲ႔ စားဖို႔ပဲ အဓိကထားပါ
Airconပန္ကာေလ လုံးဝလုံးဝမခံပါနဲ႔ (လုံးဝအေရးႀကီးပါသည္)ေလဝင္ေလထြက္ေကာင္းေသာေနရာမွာေနပါ မနက္ ေနေရာင္ျခည္ မိနစ္ ၂၀ေလာက္ ေနေရာင္ခံပါေဆးမ်ားအလြန္အကၽြံ မေသာက္ပါႏွင့္ (စျဖစ္တဲ့ က်မဦးေလးက ဆီးခ်ိဳေရာဂါ လုံးဝမရွိပါဘူး
ဒါေပမယ့္ အစားမစားခ်င္ဘူးဆိုတိုင္း ensureေဖ်ာ္ရည္ ေတြ အရမ္းေသာက္တာေၾကာင့္လားေတာ့မသိ ေဆး႐ုံေရာက္ေတာ့ ဆီးခ်ိဳ ၃၀၀ အထိေရာက္သြားပါတယ္ ကိုဗစ္ျဖစ္ေနတုန္းဆီးခ်ိဳဝင္တက္တယ္လို႔လဲ ဆိုက်ပါတယ္ သိုေသာ္လဲ အစားမစားနိုင္သူမ်ားအဖို႔ ensureက အေကာင္းဆုံးပါ အရမ္းအလြန္အကၽြံေတာ့ မေသာက္သုံးသင့္ဘူးေပါ့)
ဆီခ်ိဳသမားမ်ား ဆီးခ်ိဳေလးလဲ ပုံမွန္တိုင္းေပးဖို႔လိုပါတယ္ တခါတေလ ဆီခ်ိဳဆိုတိုင္း တက္တာမဟုတ္ပဲ အခ်ိဳဓာတ္လိုတာလဲ ျဖစ္တက္ပါတယ္ (ဟိုက္ပါရတယ္လို႔ ေျပာပါတယ္ ဆီးခ်ိဳတက္တာထက္ က်တာက ပိုဆိုးပါတယ္သၾကားရည္ သို႔မဟုတ္ အခ်ိဳရည္ အနည္းငယ္ ေသာက္ေပးရပါတယ္)ေရကို ဂ႐ုတစိုက္ေသာက္ေပးရန္
လက္ေဆးရန္ maskတပ္ရန္
ဖ်ားၿပီဆိုတာနဲ႔ ဘယ္သူနဲ႔မွ မထိစက္ရန္ အျပင္လုံးဝမထြက္ပါနဲ႔ေနာ္
မိမိကိုယ္ကိုယ္သံသယ လုံးဝမဝင္က်သူမ်ားအထူးဂ႐ုစိုက္က်ပါ ဒီရာသီမွာ တုပ္ေကြးဆိုတာမရွိသေလာက္ပါေနာ္ ႏွာေခ် ေခ်ာင္းဆိုး လည္ပင္းယားတာနဲ႔ မိမိကိုယ္မိမိ ေရာဂါပိုးစဝင္ေနၿပီလို႔သာ သတ္မွတ္ၿပီးေတာ့ အစစအရာအရာ အထူးဂ႐ုစိုက္ဆင္ျခင္ၾကပါ
လုံးဝ ဂ႐ုမစိုက္ရန္
ဒီေရာဂါျဖစ္လို႔ ရပ္ကြက္နာပါတယ္ လို႔ ေျပာသူမ်ား ေဆး႐ုံကို အတင္းပို႔ခ်င္ေနသူမ်ား ေရတစ္ဘူး ၾကက္ဥတစ္လုံးေတာင္ မေပးဘဲ စဆရက လုပ္ေနသူမ်ားကို လုံးဝလုံးဝ south ဂ႐ုမစိုက္ရန္
ေရွာင္ရန္
ဆီေၾကာ္မ်ား မစားရန္ Aircon ပန္ကာေလ မခံရန္ အစာမစားဘဲ မေနရန္ ေဆးအလြန္အကၽြံ မေသာက္ရန္ အနံ့ မရဘူးဆိုၿပီး ႏွာေခါင္းထဲေဆးရည္မ်ားထည့္ျခင္းမျပဳလုပ္ရန္ သူ႔အလိုလို ျပန္ရပါလိမ့္မည္
ေရေႏြးေငြ႕မ်ား အလြန္အကၽြံမရႉရန္(က်မအေဖျဖစ္သူက ေရေႏြးေငြ႕ ရႉရမယ္ဆိုလို႔ မတရားရႉပစ္လိုက္တာ ေနာက္ေန႔oxygenပါပိုက်သြားတယ္ ပုံမွန္အသက္ရႉ႐ုံေလာက္ေလးပဲရႉပါ)
ေက်းဇူးတင္လႊာအသက္ ၆၀ေက်ာ္ ဆီးခ်ိဳသမား ငါးေယာက္နဲ႔ အသက္၅၀ ေက်ာ္တစ္ေယာက္ ျပန္လည္က်န္းမာလာေအာင္ က်မတို႔ လူငယ္မ်ား မကူးစက္ေအာင္ ဝိုင္ဝန္း အႀကံေပးခဲ့က်ေသာ ဆရာဝန္ အစ္ကို အစ္မမ်ား ေရကအစ ၾကက္ဥအစ ၾကက္ေပါင္းရည္အဆုံး အိမ္ေရွ႕အေရာက္ လာေရာက္ပို႔ေပးက်ေသာ ေန႔တိုင္းဆိုသလို ေစ်းဝယ္ေပးက်သူမ်ား ေန႔တိုင္းဖုန္းဆက္ၿပီး အားေပးစကားေျပာေပးက်တဲ့ ဆရာဆရာမ သူငယ္ခ်င္းမိတ္ေဆြမ်ား
တၿမိဳ႕ထဲ မေနတာေတာင္ စားစရာမ်ားပို႔ေပးက်သူမ်ား ပို႔ေပးမယ္လို႔ ဖုန္းဆက္လွမ္းေျပာက်သူမ်ားတၿမိဳ႕ထဲေနေပမယ့္လဲ အေရွ႕နဲ႔အေနာက္ ေတာင္နဲ႔ေျမာက္ ေနတာေတာင္ ၾကက္ ေပါင္းရည္ ပို႔ေပးခ်င္က်သူမ်ား ပို႔ေပးက်သူမ်ားလူကိုယ္တိုင္မဟုတ္ေပမယ္လဲ deliveryနဲ႔ စားစရာနဲ႔ေဆးေတြ ပို႔ေပးက်သူမ်ား
အားလုံးကို ဦးခိုက္ၿပီး ေက်းဇူးတင္ပါရေစ
မွတ္ခ်က္ ။ oxygen အရမ္းက်ၿပီး အဖ်ားအရမ္းႀကီးပါက ေဆး႐ုံသြားရန္
ဒီေရာဂါသည္ စိတ္နဲ႔ အစားအစာက ၈၀ရာခိုင္ႏႈန္းေလာက္ အဓိက က်ပါတယ္ ဂ႐ုတစိုက္ေနထိုင္ပါက အသက္မေသနိုင္ေသာ ေရာဂါျဖစ္သည္ ေရာဂါကူးမွာကို အရမ္းမေၾကာက္ပါနဲ႔ မကူးစက္ေအာင္ ဘယ္လိုေနထိုင္မလဲ ကူးစက္လာရင္လဲ ငါ ဘယ္လို အနိုင္တိုက္မလဲ ဆိုတာကို အဓိက ထားၿပီးေတြးပါ
မိမိပတ္ဝန္းက်င္မွာ ကိုဗစ္ လူနာမ်ားရွိလို႔ရွိရင္လဲ ဘာလိုအပ္လဲ ေမးမေနပါနဲ႔ ေရသန္႔ တစ္ဘူး ပို႔ေပးလဲ သူတို႔အတြက္အသုံးဝင္ပါတယ္ ၾကက္ဥတစ္လုံးကလဲ အားျဖစ္ေစပါတယ္
သိခ်င္တာမ်ားရွိလို႔ရွင္ရင္လဲ က်မကို အခ်ိန္မေရြး ေမးလို႔ရပါတယ္ရွင့္
က်မ ဆရာဝန္တစ္ေယာက္ေတာ့မဟုတ္ပါ အေကာင္းဆုံးအႀကံေတာ့ ေပးနိုင္မယ္လို႔ ေမၽွာ္လင့္ပါတယ္