ၾကားသိရသမွ်

ဒ.လန်လို့ စွပ်စွဲခံနေရုံတင်မဟုတ်ဘဲ ဆိုင်ကိုပါ မီးရှို့ခံရမယ်လို့ ခြိမ်းခြောက်စာတွေ ပို့ခံနေရတဲ့ လမင်းကဗျာ

ပရိသတ်ကြီးရေ နွေဦးတောလှန်ရေးတွင် ပါဝင်ကြတဲ့ အနုပညာရှင်များရှိသကဲ့သို့ ဟန်ဆောင်ဆန္ဒပြခဲ့ပြီး အခုချိန်တွင် မသိသလို နေကြသူတွေ များနေပါပြီနော်။ သူတို့တွေဟာ အခုဆိုရင် ပေါ်ပေါ်ထင်ထင် ပြန်လည်လှုပ်ရှားနေကြပါပြီနော်။

တစ်ချို့အနုပညာရှင်များကိုလည်း ဒလန်လို့ စွပ်စွဲခံနေကြရပါတယ်နော်။ အခုမှာလည်း ဇာတ်ပို့သရုပ်ဆောင်လမင်းကဗျာ ခြိမ်းခြေက်စာတွေ ပို့ခံနေရပါတယ်နော်။ သူမပိုင်တဲ့ bar & bbq ဆိုင်လေးကို မီးရှို့ပစ်မယ်လို့ကြိမ်းဝါးနေတဲ့စာတွေ အဆက်မပြတ်ရောက်ရှိနေပါတယ်နော်။

“ထမင်းဝအောင်စားထား လွတ်အောင်ပြေး မင်းအလှည့်လာတော့မယ် သေမယ့်အချိန်စောင့်နေ မင်းဘာလုပ်လဲမင်းဘယ်သွားလဲဆိုတာ ငါတို့မျက်ခြေမပြတ်စောင့်ကြည့်နေတယ် မင်းဘယ်လိုနေလဲဆိုတာ ငါတို့သိတယ် မင်းဆိုင်ဘာဆိုင်လဲဆိုတာ။

မင်းကဒလန်ဆိုတာသိထားတယ် သေဖို့ပြင်ထားပေတော့ မသေချင်ရင် ဖုန်းပြန်ခေါ်ပါ မခေါ်ဘူးဆိုရင် မင်းလဲသတ်မယ် ဆိုင်ကိုလည်း မီးရှို့မယ် မင်းဆိုင်ကို ဗုံးနဲ့ပစ်မယ် ဒီလိုမဖြစ်ချင်ရင် ဖုန်းခေါ်ပါလို့ ” ခြိမ်းခြောက်ခံနေရပါတယ်နော်။



