ၾကားသိရသမွ်

အောင်လအပြင် De Ridder ကိုပါ တည့်စိန်ခေါ်လိုက်တဲ့ ဘစ်ဒတ်ရှ်.

ဗီတလီ ဘစ်ဒတ်ရှ်ဟာ ‘One championship’ မစ်ဒယ်ဝိတ်တန်း ခါးပတ်ကို ရရှိဖူးသူဖြစ်ပြီး မြန်မာကိုယ်စားပြု အောင်လအန်ဆန်း နဲ့ယှ

ဉ်ပြိုင် ထိုးသတ်ဖူးသူလည်း ဖြစ်ပါတယ်။2017 ခုနှစ် ဇန်နဝါရီလလောက်တုန်းက အောင်လအန်ဆန်းဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံ ဗီတ

လီ ဘစ်ဒတ်ရှ်ကို စိန်ခေါ်သူအဖြစ် ထိုးသတ်ခဲ့တာ ဖြစ်ပြီး အဆိုပါပွဲစဉ်တွင် ဘစ်ဒတ်ရှ်ဟာ ဒိုင်အဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို အနိုင်ရရှိခဲ့တဲ့ ဘစ်ဒတ်ရှ်ဟာ ဒုတိယအကြိမ် ခါးပတ်ကာကွယ်ပွဲကို ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့သော ပွဲစဉ်တွင် အောင်လအန်

ဆန်းနှင့် ပြန်လည်ထိုးသတ်ခွင့် ရခဲ့ပြီး ဒိုင်အဆုံးအဖြတ်ဖြင့် အောင်လကို အရေးနိမ့်ခဲ့ပြီးချန်ပီယံ ခါးပတ်ကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါသည်။

အဲ့ဒီနောက် ဘစ်ဒတ်ရှ်ဟာ ဘရားဇီးသား လီယာဒို အန်တိုင်းဒီစ့်နှင့် ထပ်မံ ထိုးသတ်ခဲ့ပြီး သုံးချီမြောက်တွင် အလဲထိုးခံရပြီး ထပ်မံ ရှုံးနိမ့်ခဲ့တာဖြစ်ပါသည်။ 2018 နှောင်းပိုင်းတွင် ယူကီနှင့် ထိုးသတ်ပြီးနောက် ထူးဆန်းစွာဘဲ ကြိုးဝိုင်းထဲမှ ခေတ္တပျောက်ဆုံးနေတာ ဖြစ်ပါတ

ယ်။ပြီးခဲ့သည့် 2021 ခုနှစ် ဒီဇင်ဘာလ 17 ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ‘One Wonder Worrier 2’ ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ဖန်ဝေါင်းဖြင့် ပြန်လည်ထိုးသတ်ခဲ့ပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပွဲအပြီးတွင် ဘစ်ဒတ်ရှ်က ” ကျွန်တော် နောက်ထပ် စိန်ခေါ်ချင်တာကတော့ ကျွန်တော့်ရဲ့ ပြိုင်ဘက်ဟောင်း အောင်လအန်ဆန်းဘဲ ဖြစ်ပါတယ်။ အောင်လ ငါ့စိန်ခေါ်မှုကို လက်ခံနိုင်မလား ” ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စိန်ခေါ်မှု ပြီးတဲ့နောက် သူ့ရဲ့ Instagram account မှာပါ ‘ အောင်လရေ မင်းအဆင်သင့်ပြင်ထား၊ ငါပြန်လာပြီ။ ကျွန်တော့် လ

က်ရှိနိုင်ပွဲကို ဂုဏ်ပြုသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ‘ ဟု ရေးသားထားခဲ့ပါသည်။အာင်လကို စိန်ခေါ်ပြီး နောက်ရက်မှာဘဲ သူ့ရဲ့

Instagram account မှာ ‘ De Ridder နဲ့ထိုးသတ်ချင်ပါတယ်၊ အခုလို ပွဲစဉ်ကို ပရိသတ်တွေလဲ ကြည့်ချင်ကြမှာပါ ‘ ဟု ထပ်မံရေးသား

ထားပြီး အောင်လနှင့် ဒီရိုက်ဒါတို့ကို စိန်ခေါ်ထားတာ ဖြစ်ပါတယ်ခင်ဗျ