ၾကားသိရသမွ်

ကိုစိုးဝင်နိုင် (ခ) ခေါခေါ နှင့် မနော်ဖူးတို့ ပုံတွေ စကစ ထုတ်ပြန်









PDF တပ်ဖွဲ့ဝင် ကိုစိုးဝင်းနိုင် ခ ခေါခေါ နှင့် မဖူးပွင့်ဖြူ ခ နော်ဖူး အပါအဝင် ၉ ဦးကို စစ်တပ်က ဖမ်းဆီး စစ်ကြောနေ

ဧပြီ ၈ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုစိုးဝင်းနိုင် ခ ခေါခေါ နှင့် မဖူးပွင့်ဖြူ ခ နော်ဖူး အပါအဝင် ၉ ဦးကို စကစစစ်တပ်က ဖမ်းဆီး စစ်ကြောနေကြောင်း မြဝတီမြို့နယ် ရဲသတင်း ရပ်ကွက်ထံမှ သိရှိရသည်

ဧပြီလ ၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် စကစစစ်တပ်မှ ဗိုလ်ကြီး ဖုန်းနိုင်ကျော် ၊ ဗိုလ်ကြီး အောင်ဖြိုးသူတို့ ဦးစီးသောအဖွဲ့၊ မြဝတီမြို့နယ်မှူး ရဲမှူး မျိုးမင်းဇော်

နယ်ထိန်းအရာရှိ ရဲအုပ် ဝင်းညွန့်အောင်တို့ ဦးစီးအဖွဲ့သောအဖွဲ့၊ BGF ၁၀၁၇ ဗိုလ်မှူး စောဒီးဒီး ဦးစီးအဖွဲ့တို့အဖွဲ့က မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ အာရှလမ်းလမ်းနှင့်

အောင်မြေ ရွှေဘုံလမ်းထောင့် ရှိ နေအိမ်ကို ဝင်စီးခဲ့ပြီး ကိုစောဝင်းနိုင် ခ ခေါခေါ၊ မဖူးပွင့်ဖြူ ခ နော်ဖူးတို့ အပါအဝင် ၉ ဦးကို ဖမ်းဆီးရမိကြောင်း ရဲကြေးနန်းက ဖော်ပြသည်

အကြမ်းဖက်စစ်တပ်က ကိုစိုးဝင်းနိုင် ခ ခေါခေါ ၊ မဖူးပွင့်ဖြူ ခ နော်ဖူး တို့ကို သင်္ကန်းညီနောင်တွင် ဖမ်း ဆီး ထိန်းသိမ်းထားပြီး စစ်တပ်မှ ဗိုလ်ကြီး ဖုန်းနိုင်ကျော်က စစ်ကြောနေကြောင်း

ကို ခိုင်ဇော်လင်း ၊ ကိုရဲဇော်ထွန်း ခ ဝတုတ် ၊ ကိုစောချမ်းမြေ့အောင်၊ ကိုပြည်သိမ်းထွဋ် ၊ကိုအာကာမင်း ၊ကိုရဲလင်းဦး ခ သားကြီး၊ ကိုနေလင်းထွန်း ခ ဝတုတ် တို့ကို မြဝတီတွင် စစ်တပ်က ဖမ်းဆီး စစ်ကြောလျက်ရှိကြောင်း ရဲ သတင်းရပ်ကွက်ထံမှ သိရှိရသည်

ကိုစိုးဝင်းနိုင် ခ ခေါခေါတို့နှင့်အတူ ဆေးကုသရာတွင် အသုံးပြုသည့် ဆေးဝါးများ၊ ခွဲစိတ်ခန်းသုံးပစ္စည်းများကို ဖမ်းဆီးရမိသည်ဟု ရဲကြေးနန်းတွင် ဖော်ပြထားချက်အရ သိရှိရသည်