#AKonThiNews
Crd…
Unicode
မနှစ်က ဒီလိုနေ့ မနက် ၄နာရီ ကျွန်တော်တစ်နှစ်နီးပါး ဆင်းရဲဒုက္ခခံစားခဲ့ရပါတယ် ဒါပေမယ့်…….seemore
လက်ခံထားတဲ့တက်စရာရှိတဲ့ပွဲတွေကို တရားဝင်ဖျက်သိမ်းလိုက်တဲ့ ပိုင်တံခွန်
ပြီးခဲ့တဲ့ မတ်လက ပုဒ်မ ၅၀၅ ကနေ လွတ်မြောက်လာပြီး အပြင်ရောက်လာခဲ့တဲ့ ပိုင်တံခွန်ကတော့ သူကိုယ်တိုင်လက်ခံထားတဲ့ တက်စရာရှိတဲ့ပွဲတွေ အားလုံးကို တရားဝင် ဖျက်သိမ်းလိုက်ပြီလို့ ဧပြီလ ၈ ရက်နေ့ ဒီကနေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နာကနေ ရေးသားအသိပေးလာပါတယ်။
“မနှစ်က ဒီလိုနေ့ မနက် ၄ နာရီ ကျွန်တော် တစ်နှစ်နီးပါး ဆင်းရဲဒုက္ခခံစားခဲ့ရပါတယ်
ဒါပေမယ့် ကျနော့်ထက် အခုချိန်မှာ ပိုခက်ခဲကြပ်တည်းနေတဲ့ သူတွေရှိတာ ကျနော် နားလည်ပါတယ်
ဒါကြောင့် ဒီအတောအတွင်း လက်ခံထားတဲ့ ပွဲတက် တွေ အားလုံး ကျနော့်ဘက်က တရားဝင် ဖျက်သိမ်းလိုက်ပါပြီ။”လို့ ပိုင်တံခွန်က ဆိုပါတယ်။
ပိုင်တံခွန်ဟာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံရပြီး အင်းစိန်ထောင် တရားရုံးကနေ ထောင်ဒဏ် ၃ နှစ်ကျခံထားရာကနေ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က စစ်ကောင်စီက ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။
#AKonThiNews